မြန်မာစကားပုံကို အင်္ဂလိပ်လို တိုက်ရိုက် ဘာသာပြန်လို့မရပေမဲ့ သဘောချင်းတူညီဆီလျော်တဲ့ အင်္ဂလိပ်စကားပုံတွေ ရှိတတ်ပါတယ်။ ဥပမာ – လသာတုန်းဗိုင်းငင်၊ မိုးရွာတုန်းရေခံ ဆိုတာတွေနဲ့ တူညီတဲ့ Make Hay While The Sun Shine ဆိုတာမျိုး (တိုင်းရင်းသားစကားပုံတခုမှာ ပိုပြီး နီးစပ်တဲ့ “နေပူတုန်းစပါးလှန်း” ဆိုတာရှိပါတယ်)၊ လူမိုက်နှင့်ငွေ အတူမနေ ဆိုတာနဲ့ တူတဲ့ A fool and his money are soon parted ဆိုတာမျိုးတွေ ရှိပါတယ်။ နည်းတော့ နည်းပါတယ်။ အချိန်နှင့်ဒီရေသည် လူကိုမစောင့် ဆိုတာကတော Time and Tide Wait For No Man ကိုပဲ တိုက်ရိုက်ဘာသာပြန်ပြီး သုံးနေကြသလား မသိပါဘူး။
ဖြစ်နိုင်သမျှ ကြိုးစားပြီး ရှာပေးဖို့ အကြံပြုပါတယ်။ ပိုပြီး ပြည့်စုံတာပေါ့။
“ပျော်ရာမှာမနေရ ၊ တော်ရာမှာနေရ”
{အခြေနေ၊အချိန်အခါအရ ကိုယ်ပျော်တဲ့နေရာ(အမိမြန်မာပြည်)မှာမနေရဘူး ၊ အလုပ်အကိုင်ရှိတဲ့နေရာမှာ လိုက်နေရတာပေါ့}
မှတ်ချက်။ ။ဆီလျော်အောင်တော့ကိုယ့်ဘာသာ ပြန်စီကြတော့ဗျာ …
ဟုတ်ကဲ့ ကျွန်တော်စာစီပြီး ထည့်လိုက်ပါမယ်။ ကျေးဇူး ။
စကားပုံလေးတွေက စုံသလောက်ပါပဲ။လိုနေတာတစ်ခုက အင်္ဂလိပ်လိုလေးပါ တွဲထည့်ပေးထားရင် အချိုရှာသကာတွေ့. ၊ရေငတ်တုန်းရေတွင်းထဲကျ ဆိုသလို သိပ်ကောင်းမှာပဲ။လိုချင်တဲ့အချိန် အလွယ်ရှာလို့ရတာပေါ့။ ဖြစ်နိုင်ရင်ကူညီပေးကြပါ။
အကိုရေ .. မြန်မာစကားပုံတွေနဲ့ ကိုက်ညီတဲ့ English စကားပုံတွေမရှိသလောက်ပါပဲ။ ပြီးတော့ စကားပုံဆိုတာ Dictionary လိုမျိုးမဟုတ်တဲ့အတွက် ဘာသာပြန်ဖို့လွယ်လိမ့်မှမဟုတ်ပါဘူး။
မြန်မာစကားပုံကို အင်္ဂလိပ်လို တိုက်ရိုက် ဘာသာပြန်လို့မရပေမဲ့ သဘောချင်းတူညီဆီလျော်တဲ့ အင်္ဂလိပ်စကားပုံတွေ ရှိတတ်ပါတယ်။ ဥပမာ – လသာတုန်းဗိုင်းငင်၊ မိုးရွာတုန်းရေခံ ဆိုတာတွေနဲ့ တူညီတဲ့ Make Hay While The Sun Shine ဆိုတာမျိုး (တိုင်းရင်းသားစကားပုံတခုမှာ ပိုပြီး နီးစပ်တဲ့ “နေပူတုန်းစပါးလှန်း” ဆိုတာရှိပါတယ်)၊ လူမိုက်နှင့်ငွေ အတူမနေ ဆိုတာနဲ့ တူတဲ့ A fool and his money are soon parted ဆိုတာမျိုးတွေ ရှိပါတယ်။ နည်းတော့ နည်းပါတယ်။ အချိန်နှင့်ဒီရေသည် လူကိုမစောင့် ဆိုတာကတော Time and Tide Wait For No Man ကိုပဲ တိုက်ရိုက်ဘာသာပြန်ပြီး သုံးနေကြသလား မသိပါဘူး။
ဖြစ်နိုင်သမျှ ကြိုးစားပြီး ရှာပေးဖို့ အကြံပြုပါတယ်။ ပိုပြီး ပြည့်စုံတာပေါ့။
“မိုးကြိုးပစ် ထန်းလက်နဲ့ကာ”
ဆီလျော်အောင်တော့ ကျွန်တော်လဲ မပြန်တတ်ဘူး . . .
ဖတ်လိုက်ရင်တော့ အဓိပါယ်ကို သိနေတယ်နော် . . .
ဒီစကားပုံလေးလိုနေလို့ ဖြည့်လိုက်တာပါ
ကျေးဇူး ကိုရဲသီဟထွန်းရေ .. ကျွန်တော်ထည့်လိုက်ပါမယ်။
နှမ်းတစ်စေ့နှင့် ဆီမဖြစ်
… စကားပုံလေးကိုဖြည့်စွက်ပေးပါ
ကျေးဇူး ကိုသံလွင်အောင်။ ကျွန်တော်ထည့်ပေးပါ့မယ်။
တိုင်းရင်းသားစကားပုံ တွေကိုလဲ ထင်ဟပ်ဖေါ်ပြမှသာ ပြီးပြည့်စုံမှုရှိမယ်လို့  ထင်ပါတယ်၊
ကိုသံလွင်အောင်ဆီမှာ .. တိုင်းရင်းသားစကားပုံတွေရှိရင် .. လာရောက်ပြီးဒီမှာ share လုပ်နိုင်ပါတယ်။ ကျွန်တော်တို့ရရချင်း တင်ပေးပါ့မယ်ခင်ဗျာ။
အသေ၀နာစ ဗာလာနံ
သူတော်ချင်းချင်း သတင်းလွေ လွေ ပေါင်းဖက်မွေ့လျှော်ကြလေသည် ။
မှားနေရင်ခွင့်လွှတ်နော် ရှိပြီးသားဆိုလည်း ခွင့်လွှတ်ပါ….
ကျွန်တော့်မှာစကားပုံပေါင်းများစွာရှိပါတယ်။
ဘယ်လိုတင်ပေးရမလဲဆိုတာ မသိတဲ့အတွက် ကူညီပေးပါ။
နဲနဲတော့ရေးပေးလိုက်ပါ့မယ်။
က,ချင်လျှက် လက်ကျိုး။
ခရမ်းသီးပိန် ဓါးတုံး။
ယာလည်းညက်စေ၊ ကြက်လည်းပန်းစေ
ကြက်လည်းမောစေ၊ ယာလည်း ညက်စေ
(က အောက်မှာဖြစ်စေ၊ ယ အောက်မှာ ဖြစ်စေ တခုကို ပင်မအနေနဲ့ထည့်သွင်းပေးပြီး တခုကို refer ပြန်လုပ်ပေးသင့်ပါတယ်)
ဒီစကားပုံရဲ့ ဗျုပ္ပတ် (အကြောင်းရင်း) ကတော့ ….
မြန်မာသက္ကရာဇ် ၇၃၂-ခုနှစ်တွင် ကလေးနှင့် မိုးညှင်း စစ်ဖြစ်ကြရာ ကလေးစား သိုချည်ဘွားက အင်းဝဘုရင် မင်းကြီးစွာစော်ကဲ ထံ ‘ကျွန်ုပ်ကို ကူညီပါ၊ အောင်မြင်လျှင် မိုးညှင်းကို ဆက်ပါမည်’ ဟု လျှောက်လာသည်။ မိုးညှင်းစား စောခုံမှိုင်းကလည်း ‘ကျွန်ုပ်ကိုကူညီပါ။ ကလေးကို ဆက်ပါမည်’ ဟု လျှောက်လာသည်။
ထိုကိစ္စကို မင်းကြီးစွာက ပညာရှိအမတ်ကြီး စည်းတပြစ်ကို တိုင်ပင်ရာ အမတ်ကြီးက ‘ကိစ္စတစ်ခုတွင် အမြန်ပြုရသောကိစ္စ၊ အနှေးပြုရသောကိစ္စ ဟူ၍ နှစ်မျိုးရှိပါသည်။ ဤကိစ္စကို ကြည့်သောအခါ သူတို့နှစ်ဘက် အားအင်မတူကြလျှင် အမြန်ပြုရပါမည်။ ယခုတွင် သူတို့သည် အားချင်းတူနေကြပါသည်။ ထို့ကြောင့် နှေးနှေးပင် ပြုတော်မူပါ။ စကားအားဖြင့် ဥပမာပုံတစ်ခုကိုလျှောက်ပါမည်။
“လူတစ်ယောက်သည် တောစပ်၌ လယ်ထွန်စဉ် တောကြက်နှစ်ကောင်တို့ ခွပ်နေကြသည်ကို မြင်လျှင် အမြန်သွားရောက်၍ ဖမ်းယူပါက ကြက်များ မောပမ်းခြင်း မရှိကြသေးသောကြောင့် လွတ်ထွက်၍ ပြေးသွားနိုင်သည်။ ငါလည်း လယ်ထွန်သည့် အလုပ်ပျက်လိမ့်မည်။ ထို့ကြောင့် ‘ကြက်လည်းမောစေ၊ ယာလည်း ညက်စေ’ လေအောင် နေစေဦးအံ့ဟု ယာကို ထွန်မြဲထွန်နေ၏။ ယာညက်သောအခါမှ မောပမ်းနေကြပြီးဖြစ်သော ကြက်နှစ်ကောင်ကို သွားရောက်၍ ဖမ်းယူလျက် လွယ်ကူစွာ ဖမ်းရလေ၏။”
ဤသို့ပင် ယခုလည်း ကလေးရော မိုးညှင်းပါ တိုက်ကြပါစေဦး၊ နှစ်ဦးလုံး မောပမ်းနွမ်းနယ်လာမှ ချီ၍ သိမ်းယူတော်မူပါလျှင် နှစ်ပြည်လုံးကို အလွယ်နှင့်ပင် ရပါလိမ့်မည်’ ဟု တင်လျှောက်၏။ အမတ်ကြီး အကြံပေးသည့်အတိုင်း သင့်မြတ်လှသည်ဟု မင်းကြီးစွာသည်လည်း မည်သူ့အားမျှ မကူညီဘဲ နောင်မှချီ၍ သိမ်းပိုက်လျှင် ကလေးနှင့် မိုးညှင်းကို ရလေ၏။ ထိုအခါ စည်းတပြစ်အမတ်ကြီးအား ကလေးနှင့် မိုးညှင်းနှစ်ခုလုံးအား စားစေခွင့် ပေးလေ၏။
(ဤရာဇဝင်လာကိုထောက်၍ နှောင်းလူတို့သည် ‘ကြက်လည်းမောစေ၊ ယာလည်းညက်စေ’ ဟူသော စကားပုံကို စံပြု၍ သုံးစွဲလာကြလေသတည်း။)
(မြန်မာ့ဂုဏ်ရည် ရာဇဝင်ဖတ်စာ) မှ -
ဆရာမကြီး ကြည်ဦး ရဲ့ စကားပုံအလင်းပြကျမ်းကို ကိုးကားဖော်ပြပါတယ်။
ကြွက်သေတစ်ခု အရင်းပြု
အနည်းငယ်မျှသော အရင်းအနှိးကိုအမှီပြုလျက် တစတစတိုးပွားလာအောင်ပြုကာ ချမ်းသာကြွယ်ဝခြင်းအဖြစ်သို့ရောက်ရှိလာသော အဖြစ်အပျက်ကို တင်စားပြောဆိုရာတွင် သုံးသည်။
ဤစကားပုံ၏ ဗျုပ္ပတ် (အကြောင်းရင်း)မှာ စူဠသေဋ္ဌိဇာတ်တော်လာ ကောင်းကင်နက္ခတ်ဂြိုဟ်အသွားအလာ၊ အတိတ်၊ နိမိတ်များအားလုံးကို ကြည့်ရှုကောက်ယူနိုင်စွမ်းရှိသော စူဠသေဋ္ဌိသူဌေးကြီး၏ နန်းတော်သို့အခစားဝင်ရန် အလာ နန်းတော်အဝင်လမ်းရှိကြွက်သေတစ်ကောင်ကို မြင်မိ၍ နက္ခတ်နှင့်ယှဉ်ကြည့်ကာ “အင်း ဉာဏ်ပညာနဲ့ပြည့်စုံသူ ဆိုရင် ဒီကြွက်သေကို အရင်းပြုပြီး အလုပ်တစ်ခုလုပ်လိုက်ရင် ဧကန် ကြီးပွားချမ်းသာလိမ့်မယ်” ဟု ထုတ်ပြောလိုက်သည့် စကားကို ကြားမိသော ဉာဏ်ပညာနှင့် ပြည့်စုံသည့် ဆင်းရဲသားတစ်ယောက်က ကြွက်သေကို ယူပြီး ဈေးမှာရောင်း၊ ရသောငွေကို တင်လဲဝယ်၊ ရေထည့်၊ လာသမျှသူများကို တင်လဲကျွေး၊ ရေတိုက်သဖြင့် ပန်းများရ၊ ထိုပန်းများကို ရောင်းသောအခါ ငွေထပ်ရ … အစရှိသဖြင့် ပွားလာရာ နောက်ဆုံးအမြတ်ငွေ အသပြာ နှစ်သိန်းအထိ ရရှိသွားသောအခါ ကျေးဇူးသိတတ်သူဖြစ်၍ သူဌေးကြီးကို ငွေတစ်သိန်း သွားရောက် ကန်တော့၍ အကြောင်းစုံရှင်းပြရာ သူဌေးကြီးက အလွန်သဘောကျပြီး သမီးနှင့် လက်ထပ်ပေးကာ ပစ္စည်းဥစ္စာများပါလွှဲပေးပြီး သူဌေးဘွဲ့ပါ ချီးမြှင့်လိုက်ခြင်းအကြောင်းပင်ဖြစ်သည်။
ဆင်းရဲသားသည် ထိုနေ့မှစ၍ စူဠသေဋ္ဌိ သူဌေးကြီးကို အမှီပြုကာ ကြီးပွားလာရသူဖြစ်သဖြင့် စူဠန္တေဝါသိကသူဌေးဟု အမည်တွင်လာ၏။
ဆရာမကြီး ကြည်ဦး ရဲ့ စကားပုံအလင်းပြကျမ်း ကို ကိုးကားဖော်ပြပါတယ်။
ကျားသေကို အသက်မသွင်းရ
အန္တရာယ်ပေးနိုင်သည့် သူယုတ်မာများကို သွားရောက်ကယ်တင်သောအခါ ထို သူယုတ်မာများကပင် ကျေးဇူးကန်းလျှက် မိမိအားပြန်လည်ရန်ပြုခြင်းကြောင့် ပျက်စီးဆုံးရှုံးတတ်ကြောင်း၊ ထို့ပြင် သွယ်ဝိုက်သော အခြားဆင့်ပွားအဓိပ္ပာယ်အားဖြင့် ပညာမပြည့်စုံဘဲ အစွမ်းမပြသင့်ကြောင်း ကို ဆုံးမသြဝါဒပေးသည့် စကားပုံဖြစ်သည်။
ဤစကားပုံ၏ ဗျုပ္ပတ် (အကြောင်းရင်း) မှာ -
ဧကနိပါတ်၊ သိဉ္ဇီဝ ဇာတ်တော်လာ တက္ကသိုလ်ပြည် ဒိသာပါမောက္ခဆရာကြီးထံ လာရောက်ပညာသင်ယူကြသော ကျောင်းသားများအနက်မှ သိဉ္ဇီဝ အမည်ရှိကျောင်းသားအကြောင်းဖြစ်လေသည်။ ထိုကျောင်းသားသည် သေပြီးသူကို အသက်ပြန်ရှင်စေသည့် အသက်သွင်းမန္တန်ကို သင်ယူတတ်မြောက်လေသည်။
တစ်နေ့တွင် ကျောင်းသားများတောထဲသို့ ထင်းရှာထွက်ကြရာ ကျားသေတစ်ကောင်ကို တွေ့လျှင် အသက်သွင်းမန္တန်ကို စမ်းသပ်လိုကြောင်း အဖော်များကို ပြောရာ အဖော်များက ကျားအသက်ဝင်လာလျှင် အန္တရာယ်တွေ့မည်စိုး၍ သစ်ပင်မြင့်များပေါ် တက်ကာနေကြ၏။
သိဉ္ဇီဝသည် အန္တရာယ်ကို မတွေးဘဲ မန္တန်စွမ်းပြလိုသော ဇောဖြင့် ကျောက်ခဲတစ်လုံးကို ကောက်ယူကာ မန္တန်ရွတ်ပြီး ကျားသေအနားသို့ကပ်ကာ ထိမိအောင် ပေါက်လိုက်လျှင် ထိုကျားသေသည် အသက်ပြန်ဝင်လာကာ အနီးရှိ သိဉ္ဇီဝအား ကိုက်ချီ၍ တောနက်ထဲဝင်သွားလေတော့သည်။
ဤအကြောင်း ဆရာကြီးသိလျှင် ‘တပည့်တို့၊ သိဉ္ဇီဝဟာ သေသူကို ရှင်စေတဲ့မန္တန်ကိုသာ သင်ရသေးသူဖြစ်သည်။ အသက်ဝင်လာသူကို အသက်ပြန်နှုတ်တဲ့ မန္တန် သူ မသင်ရသေး။ ဒါကြောင့် ကျားကိုက်သတ်တာကို ခံရခြင်းဖြစ်တယ်၊ အန္တရာယ်ပေးတတ်တဲ့ မသူတော်ကိုမှ သွားရောက် ကယ်တင်ခြင်းသည် ထိုမသူတော်ကြောင့်ပင် ပျက်စီးဆုံးရှုံးတတ်ခြင်းကို ရစေတာပဲ’ ဟု ဆုံးမစကားပြောကြားလိုက်လေသည်။
ဆရာမကြီး ကြည်ဦး ရဲ့ စကားပုံအလင်းပြကျမ်းကို ကိုးကား ဖော်ပြပါတယ်
ကိုဟယ်ရီကြီး ..
ဘယ်ကနေ ဘယ်လိုသိပြီး ရောက်လာ။ ကျေးဇူးဗျာ။ ကိုဟယ်ရီကြီးဆီက စကားပုံတွေ အများကြီးတောင်းရမယ်။ ဟုတ်တယ် … အခုလောလောဆယ် တော်တော်များများမှာ Typo တွေများနေတယ်။ ကျွန်တော်ပြန်လိုက်ပြင်ရဦးမယ်။ အမြန်လုပ်ထားတာမို့ ။ နီးစပ်သော စကားပုံတွေကလည်း ထည့်နေတုန်းရှိသေးတယ်။ တစ်ရက် နှစ်ရက်တော့ပြီးမှာပါ။ ကျေးဇူးပဲ ကိုဟယ်ရီရေ .. နောက်အွန်လိုင်းတွေ့ရင် သေချာပြောတာပေါ့။ ကျေးဇူးပြုပြီးလဲ ဒီထဲမှာမရှိသေးတဲ့ စကားပုံတွေ ဒီမှာ လာထားသွားပါဦး။
ဒီလိုကနေ ဒီလိုရောက်လာတာပါပဲ …
တချို့ဟာတွေက ဆိုရိုးတွေဖြစ်နေတယ်ထင်တယ်။ နောက်မှ အသေးစိတ်ပြန်ကြည့်ပေးပါ့မယ်။ မြန်မာစာအဖွဲ့ကထုတ်တဲ့ မြန်မာဆိုရိုးစကားထဲမှာ ကြည့်လိုက်ရင်လဲ ရပါတယ်။ ဆိုရိုးနဲ့ စကားပုံ ကတော့ မတူဘူးပေါ့။
ဆိုလိုရင်းကို အနှိုင်းခံတရပ်နဲ့ ပုံခိုင်းပြောဆိုရင် စကားပုံ …
ပုံခိုင်းမှုမပါရင်ဖြစ်စေ၊ ပုံခိုင်းမှုသက်သက်မကဘဲ ဆိုလိုရင်းကိုပါ ဖော်ပြထားလျှင်ဖြစ်စေ ဆိုရိုး … လို့ ခွဲခြားထားပါတယ်။
စာအုပ်က ဆိုက်အတော်ကြီးတယ်။ ဒေါင်းလုပ်လင့်ခ် ရှာပေးထားမယ်
thanks ကိုဟယ်ရီ ၊ ကျတော်တို့က အဲလိုကွဲတာတောင် မသိသေးတဲ့သူတွေဗျ
လင့်ခ်လေးကို public ရှယ်လေးလုပ်ပါဗျာ… ဒေါင်းရတာပေါ့
ကျွန်တော့်ဆီမှာ မြန်မာစာအဖွဲ့က ထုတ်တဲ့ မြန်မာစကားပုံ စာအုပ်ရှိပါတယ်။ ကိုဟယ်ရီ ပြောသလိုပဲ စကားပုံနဲ့ ဆိုရိုးစကားက ကွဲပြားပါတယ်။ နောက်ကြုံတဲ့အခါ ကျရင် ဒီဆိုက်ဒ်မှာ မရှိသေးတာတွေကို မျှဝေပေးပါမယ်။ အခုလောလောဆယ်တော့ မအားသေးလို့ပါ။
အိုကေဗျာ .. ကိုဟယ်ရီ .. အကို့ကို ကျွန်တော် အကောင့်ဖွင့်ပေးထားမယ်။ အကိုအားရင် ဝင်ထည့်ပေးပေါ့။ လိုအပ်တာရှိရင်လည်း ပြင်ပေးပါ။ ကျွန်တော့်နောက်မှ အီးမေလ်းပို့လိုက်မယ်။
ရ၀မ်တိုင်းရင်းသားစကားပုံ တစ်ခုရှိပါတယ်၊ ရန်သူကပေးဆက်လာသော လက်ဆောင်သည် ကြောက်ဖို့ကောင်း၏ တဲ့..
တိုင်းရင်းသားစကားပုံ ကဏ္ဍအလိုက်ဖေါ်ပြသည့်အခါ ထည့်သွင်းပေးပါဗျာ။
ကျွန်တော် Link တစ်ခု ပေးချင်တယ်၊ http://gosiansang.multiply.com/journal/item/459 ကို ၀င်ကြည့်ပေးပါလား၊ အချိန်ရရင်ပေါ့ဗျာ၊
Myanmar proverb လေးတွေ ရေးပြထားတာရှိတယ်၊
ဟုတ်ကဲ့ ကိုသံလွင်အောင်ရေ .. ကျွန်တော်ကြည့်ပြီးသွားပါပြီ။ လိုအပ်နေတဲ့ စကားပုံလေးတွေ အဲဒီအထဲကယူပြီး ဖြည့်လိုက်ပါ့မယ်။ ကျေးဇူးပါခင်ဗျာ။
Myanmar_Sayings.pdf မြန်မာ ဆိုရိုးစကားများ PDF
http://ifile.it/xdpeyq7
Myanmar_Sayings_dump.txt မြန်မာ ဆိုရိုးစကားများ (Dump as Zawgyi Text)
http://ifile.it/26sqghv
Copied from http://www.soemin.net/2009/06/pdf-text-file-dump.html by မာ့ခ်
ဒီဆိုဒ်လေးကို အရမ်းကြိုက်ပါတယ်။ မွန်းက စကားပြောရရင် စကားပုံလေးတွေ ညှပ်ညှပ်ပြောရတာ ၀ါသနာပါတဲ့အတွက် ဒီဆိုဒ်လေးက မွန်းအတွက် အရမ်းအသုံးဝင်ပါတယ်။ နောက်ထပ်စကားပုံအသစ်တွေကိုလည်း စောင့်မျှော်နေလျှက်ပါ။ ဒီဆိုဒ်ကို လုပ်ပေးတဲ့သူကိုလည်း ကျေးဇူးအရမ်းတင်ပါတယ်။ အခုမှ (က) ပဲဖတ်ရသေးပါတယ်။ (ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ) ဒီစကားပုံလေးမတွေ့သေးပါဘူး။ ကျေးဇူးကမ္ဘာပါ။
ဟုတ်ကဲ့ မမွန်းရေ .. ကြိုက်တယ်ဆိုတာ ကြားရတဲ့အတွက်ဝမ်းသာပါတယ်။ အမအကြံပေးတဲ့ စကားပုံလေးလဲ ကျွန်တော်ထည့်လိုက်ပါ့မယ်။ နောက်မကြာသေးခင် မြန်မာဆိုရိုးစကားတွေ ထည့်ဖို့အစီအစဉ်လဲရှိပါတယ်။ လာအားပေးလှည့်ပါဦး။ ကျေးဇူး
(အကျည်းတန် မှန်ကြိုက်), (သားအချစ်မြေးအနှစ်), (တပည့်မရှား တစ်ပြားမရှိ ၊ ပီတိကိုစား အားရှိ၏), (ပုလင်းတူဗူးစို့)
reply အတွက်ကျေးဇူးတင်ပါတယ်။ စကားပုံနည်းနည်း share လိုက်တယ်။ အသုံးဝင်မလားတော့မသိဘူး။ မှားတာပါနေရင်လည်း ကိုယ့်ဘာသာ ပြင်လိုက်ပါ ကိုmmproverb ရေ။
(ကြက်တူရွေးကတော်တော် မယ်ဘော်ကကဲကဲ) ဆိုတဲ့ စကားပုံလေးမရှိသေးဘူးထင်ပါတယ်။ မတေ
ွ့လို့ပါ။
ရေကြည်ရာ မြက်နုရာ… ဆိုတဲ့ စကားပုံတခု မတွေ့မိလို့ပါ..
“ငါးခုံးမတစ်ကောင်ကြောင့် တစ်လှေလုံးပုတ်”
ဘုရားဖြစ်မဲ့ အုတ်ခဲ(ဂဲ)ကျိုး
ဘာအဓိပ္ပါယ်မှန်းမသိလို့ရှင်းပြပေးပါလား။
တကယ်ကောင်းတဲ့ ဆိုက်ပါဗျာ ဒါမျိုးရှိသင့်တာကြာပေါ့
ကျွန်တော်ကြိုက်တဲ့ စကားပုံလေးတစ်ခု မပါသေးတာတွေ့လို့
” မရဲသော်လည်း ပြေးခဲစေ”
ဟီး အဓိပ္ပါယ်ကတော့ ဗျာ ကြောက်တော့ကြောက်တယ် ဒါပေမယ့် ပြေးတော့မပြေးဘူး မကြောက်ချင်ယောင်ဆောင်ပြီးနေတယ်ပေါ့ အဲလိုမျိုး ။
ထည့်လိုက်နော်
ကျေးဇူး ကိုမြတ်လျှော ..
ကျွန်တော် အခု စကားပုံတွေအားလုံး အမှားကင်းပြီး ပြည့်စုံသွားတာနဲ့ ကျွန်တော်ဒီမှာ လုပ်ထားတဲ့ Suggested Proverbs တွေအားလုံးထည့်မယ်။
ပိုးဖလံမျိုး မီးပုံတိုး
ဗ
ဗုံလုံတစ်လှည့် ငါးဖျံတစ်လှည့်
ရေစပ်တွင်ရှိသော ဗုံလုံပင်မှ ရေထဲသို့ ဗုံလုံသီးများ ကြွေကျရာ ၎င်းဗုံလုံသီးများကို ငါးများက လိုက်၍ဟပ်လေ့ရှိ၏ ။ ဗုံလုံသီးနှင့် ငါးသည် သူတစ်ပြန် ကိုယ်တစ်ပြန် မြှုပ်ချည် ပေါ်ချည် ဖြစ်နေသည်ကို တွေ့ရ၍ “ဗုံလုံတစ်လှည့် ငါးဖျံတစ်လှည့်” ဟူသော စကားပုံ ဖြစ်ပေါ်လာရသည်။
အစဉ်သဖြင့် အနိမ့်အမြင့် အတက်အကျရှိသော လောကဓံတရားကို ပေါ်လွင်အောင် ဖော်ပြသော စကားပုံဖြစ်သည်။
နီးစပ်သော စကားပုံများ
ရေစီးတစ်ခါ ရေသာတစ်လှည့်
သစ်ငုတ်မြင့်တုံ မြက်မြင့်တုံ
မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်
ဆင်းရဲတစ်ခါ ချမ်းသာတစ်လှည့် (ဆိုရိုး)
______x______
ဗူးသီးမှ အရီးတော်။
ဗူးထဲကရေပါ။*
ဗူးလေးရာ ဖရုံဆင့်။
ဗူးလုံး နားမထွေး။ *
ဗူးတစ်ရာအပေါက် ပိတ်လို့ရသည်။ လူပါးစပ်တစ်ပေါက် ပိတ်လို့မရ။
ဗူးတောင်းနှစ်လို့ စောင်(ဇောင်)ချမ်းပေါ်။ *
* ကျွန်တော်ကိုယ်တိုင်လဲ အဓိပါယ်မသိပါဘူး။ စာအုပ်ထဲပါလို့ ထည့်ပေးလိုက်တာ။ စာအုပ်ရှိတယ်။ မပါသေးတာတွေ ဖြေးဖြေးချင်း ပြောပြပေးမယ်။
ကိုဟယ်ရီ ပြောသလို စကားပုံနဲ့ ဆိုရိုးကို ခွဲခြားဖော်ပြပေးနိုင်ရင်တော့ ပြည့်စုံသလောက်ပါပဲ။ တိုင်းရင်းသားစကားပုံလေးတွေလဲ လေ့လာချင်ပါတယ်။ title ကို မြန်မာစကားပုံနှင့် ဆိုရိုးများ ဆိုရင်တော့ အားလုံး အကြုံးဝင် သွားနိုင်ပါတယ်။ အခုလို ဝဘ်ဆိုဒ်တစ်ခု ဖြစ်တည်နေခြင်းကိုလည်း များစွား ဂုဏ်ယူပါတယ်။ ဆက်လက် အားပေးပါမယ်။
i am illness.so i am very tired.
စကားကြီး (၁ဝ)ခွန်း ကို ဖေါ်ပြပေးစေချင်ပါတယ်၊ စကားပုံ အဖြစ်အကျုံးမဝင်ပေမဲ့ မြန်မာတိုင်းအတွက် မှတ်သားသင့်တဲ့ ပညာရပ်ဖြစ်လို့ပါ။
သခွတ်ပင်က မီးတကျီကျီ
ကြက်မှာ အရိုး၊ လူမှာအမျိုး
အိမ်အိုတော့ ကျားကန် ၊ လူအိုတော့ ပန်းပန်
အနှစ်မရှိတဲ့တော ကြက်ဆူမင်းမူ
ပတ္တမြားမှန်လျှင် နွံမှာနှစ်သော်လည်း မညစ်
ငါးမရ ရေချိုးပြန်
အပွေးမြင် အပင်သိ ၊ အသွေးမြင် အသွင်သိ
“ကိုယ့်ငါးချဉ် ပိုချဉ်ဓ
စကားပုံ
ကရိုးကမက ဆန်း၍က နှပ်ပစ်ခံရ
ကလိမ်စေ့ ငြမ်းဆင်
ကုသိုလ်ဖန် ဗိမာန်အသင့် ဘုံအသင့်
ကုသိုလ်လဲရ ဝမ်းလဲဝ
ကံကောင်းတဲ့ကျား သွားရင်းသမင်တွေ့
ကံဆိုးမသွားလေရာ မိုးလိုက်လို့ရွာ
ကံမခိုင် သံတိုင်အိမ်ဆောက်သော်လည်း ကံမှောက်လျှင်ကျိုး
ကံမရှိ ဉာဏ်ရှိတိုင်းမွဲ
ကံယုံ၍ ဆူးပုံမနင်းရာ
ကံယုံ မီးပုံမဆင်းရာ
ကောက်ညှင်းက မစေး ဆန်ကြမ်းက စေး
ကောက်တိုင်းရ စလုတ်မဆံ့နိုင်
ခရီးတွင်လို့ ရွာစဉ်မသိ
ခရု ခါးတောင်းကျိုက်ဖမ်း
ခရမ်းသီးပိန် ထားတုံး
ခံဆူးခံချွန် ဆီးဆူးဆီးချွန်
ခိုးတတ်မှ ယိုးတတ်သည်
ခင်ကြီးလက်ရန်းတတ်က ကျပ်ခိုးစင်ပေါ် မောင်ရှင်မတတ်လား
ခေါင်းသွား အမြီးပါ
ငရဲခွေးကို ရဲဆေးတင်ဖို့မလို
ငရဲပန်းကို ရွေပန်းထင်
ငရဲရောက်မှ ကျောင်းဆောက်ချင်
ငရုပ်သီးနှင့်ပေါင်းမှ ကြက်သီန်အထောင်းခံရ
ငရုပ်သီးပိုး အစပ်မကြောက်
ငါးတကာယိုသည့်ချေး ပုစွန်ဆိတ်ခေါင်းမှာစု
ငါးတု ခရုပွက် အိုင်ပျက်
ဈေးဖိုးတစ်ရာ ဝမ်းစားအစိတ်
ဈေးမတတ် ရွာအနှုန်း ဆံထုံးမတတ် ရွာဓလေ့
ဆိုရိုး
ဂငယ်သုံးခု ဥသျှစ်ထု
ဂါထာပေး တေးဖြစ်
ဂုဏဝန္တေ ပဿန္တိဇနာ
I have two books from မြန်မာစာအဖွဲ့ …. . You also can buy its, မြန်မာဆိုရိုးစကား and မြန်မာစကားပုံ …… .
ကာလဝိဘတ် နောက်ပိုးတက်
ပြောရင်တော့ ဘာကိုပြောမှန်းသိတယ်… ဒါပေမဲ့မရှင်းပြတတ်ဖူးဗျ
အခုလိုအသိပညာရအောင်လူပ်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။
ရှိလားမရှိလားတော့မသိဘူး….သိတဲ့ဟာလေးတွေထည့်ပေးထားပါတယ်။
ခလုတ်ထိမှ အမိတ
ကုသိုလ်တပဲ ငရဲတစ်ပိသာ
လှေလှော်ရင်း တက်ကျိုး
ဆွမ်းခံရင်း ငှက်သင့်
ဘုန်းကြီးရှုးနှင့် လှေလူး
နောက်ထပ်သိတဲ့ဟာလေးတွေထပ်ထည့်ပေးမယ်နော်….ကျေးဇူးတင်လျက်…
Ko Thant Sin ပြောတဲ့ဟာကိုပြောရရင်…..နောက်ဘ၀ထိမကူးဘဲ အခုဘ၀မှာဖြစ်တယ်ဆိုတာပါ
ပိုးသာကုန် မောင်ပုံစောင်းမတက် …
“စိန်နားကပ်ရောင်ကြောင့် ပါးပြောင်” မပါသေးဘူးနော်။
“စိန်ကဲ၊ မြကဲထက် လူကဲခတ်ရ ခက်သည်”၊ လဲမတွေ့သေးဘူး၊ ဆိုရိုးလား စကားပုံလားတော့ မသိဘူး၊ ဆေးရိုးသည် ဖြစ်သွားရင် Sorry ပါ။
မြန်မာစကားပုံဘာသာပြန်တွေကို မေလ်းကနေရမယ်ဆိုရင်လိုချင်ပါတယ် မေလ်းကနေပေးပို့ပေးလို့ရရင်ပေးပို့ပေးပါနော် ကျေးဇူးတင်နေမှာပါ မြန်မာလူမျိုးများပီပီမြန်မာစကားပုံတွေကိုသိသင့်ပါတယ် ခုလိုဆိုဒ်မျိုးလေးရှိတဲ့အတွက်လဲဝမ်းသာပါတယ် အများကြီးတိုးတက်ပါစေ ၀ိုင်းဝန်းကူညီလို့ရရင်ကူညီချင်ပါတယ် ကျွန်တော်ဆီမှာလည်းစုစောင်းထားတဲ့ စကားပုံအကျဉ်းချုပ်တွေများစွာရှိပါတယ် ဒီဆိုဒ်လေးမှာတင်ခွင့်ရမယ်ဆိုရင် ကျွန်တော်ဆီကိုဆက်သွယ်နိုင်ပါတယ် မေးလ်ကနေလဲပေးပို့ပေးမယ်လို့မျှော်လင့်ပါတယ်နော်
ကျွန်တော့်ဆီဆက်သွယ်ချင်ပါက shine.mr108@gmail.com ကိုဆက်သွယ်လိုက်လို့ရပါတယ်နော် ကျေးဇူးတင်ပါတယ်ဗျာ မေးလ်လဲပေးပို့ပေးပါနော်
ဒီဆိုဒ်အတွက်လဲကူညီချင်ပါတယ် ကူညီခွင့်ရမယ်ဆိုရင်ပေါ့နော်
ကောက်ရိုးပုံရှင်က အိပ်ခံမယ် မအိပ်ခံမယ်မသိဘူး ခြေရင်းခေါင်းရင်း ရွေးနေသေးတယ်။
မုန့်ဆီကြော်ကဘယ်နေမှန်းမသိဘူး ပါးသက်နာနဲ့ တည့်ပါ့မလားလုပ်နေသေးတယ်။
မရှိခိုးနိုး
“သူရွာမပြောင်း သူကောင်းမဖြစ်” and “သေချင်တဲ့ကျား တောပြောင်း”.
They are really opposite proverbs.
ကြက်တူရွေးကတော်တော် မယ်တော်ကကဲကဲ ဆိုတဲ့ စကားပုံကို တင်ပေးနိုင်မလားမသိဘူး
နေရိပ်အလာ နေပူကစောင့်
ရှဥ့်လဲလျှောက်သာ ပျားလဲစွဲသာ