ဆွေတမျှ ခင်မင်ရင်းနှီးသောသူသည် ဆွေမျိုးပင် မတော်သော်လည်း ဆွေမျိုး ဖြစ်နှင့် အသိအမှတ်ပြုဖွယ်ရာ ကောင်းသည်။ အမြိန်အမြတ် စားသောက်ဖွယ်ရာ ဟင်းလျာမဟုတ် သော်ငြားလည်း ခံတွင်းနှုတ်မြိန်ခဲ့လျှင် ဟင်းကောင်းဟူ၍ ယူဆနိုင်သည်ဟု ဆိုလိုသည်။ အကျိုးတရားသည် အကြောင်းတရားကို အထောက်အပံ့ပြုသည်။ ဆွေမျိုးတိုင်းသည် ခင်မင်တတ်သည်မဟုတ်၊ ဟင်းတိုင်းလည်းနှုတ်မမြိန်၊ ဆွေ မျိုးဟူသည် နှုတ်မြိန်မှုဖြင့်သာ အကဲဖြတ်အပ်သည်ဟုဆိုသည်။ အကျိုးအားဖြင့် အခန့် သင့်သောအရာသည် အကောင်းဟု မှတ်ယူနိုင်ကြောင်း တင်စားဆိုသည်။... (ဆက်ဖတ်ရန်)
ဘုန်းကြီးကပင်လျှင် ၀ိနည်းသိက္ခာနှင့်မညီဘဲ လက်ရမ်းအမြင့်ပေါ်သို့ တက်ရောက်က ငယ်ရွယ်သော သာမဏေသည် ကြပ်ခိုးစင်ပေါ်တက်သည်ကို အပြစ်မဆိုသာဟု ဆိုလိုသည်။ စည်းကမ်းဥပဒေကို ကြီးသူက လိုက်နာရိုသေမှသာ ငယ်သားကလည်း နည်းယူလိုက်နာမည်။ ရှေ့ဆောင်ပုဂ္ဂိုလ်က အကျင့်ပျက်က ငယ်သားများ အကျင့်ပျက်သည်ကို အပြစ်ဆိုသာမည် မဟုတ်ဟု ဆိုလိုသည်။... (ဆက်ဖတ်ရန်)
သမ္ဗာန်ခတ်ရာတွင် ခတ်တက်နှင့် ချည်တုပ်ထားသော ကြိုးကွင်းကို အသင့်ပြု ကွပ်မထားသဖြင့် သမ္ဗန်ရေဆန်ခတ်သွားစဉ်တွင် ခတ်ကွင်းပြတ်သောအခါမှ အသစ် ပြင်၍ ပြုလုပ်နေသောအခါ သမ္ဗန်သည် ဧရာဝတီမြစ် စစ်ကိုင်းဆိပ်မှ ရေစီးရာမျောပါ၍ အောက်ဘက် ရွာသစ်ကြီးသို့ ရောက်ရသည်ဟု ဆိုလိုသည်။ ပြင်ဆင်မှုကို လိုသည်ထက်ပို၍ချဲ့ထွင် နှောင့်နှေးစွာ ပြုလုပ်နေခြင်းအားဖြင့် တကယ်ဆောင်ရွက်လုပ်ကိုင် ရမည့်အချိန်တွင် ဖင့်နှေး နောက်ကျ၍ နေတတ်သည်ဟုဆိုလိုသည်။... (ဆက်ဖတ်ရန်)
ခရီးသွားသူသည် ခရီးတစ်လျှောက် စိုက်လိုက်မတ်တတ် လျှောက်၍သာသွား သဖြင့် ခရီးကားတွင်သည်။ သို့ရာတွင် လမ်းခရီးတစ်လျှောက်၌ရှိသော ရွာစဉ်ကို အမှတ်အသား မထားသဖြင့် မသိမမှတ်ဘဲ ရှိသည်ဟုဆိုသည်။ လုံ့လ၀ီရိယစိုက်ထုတ်သော်လည်း ဉာဏ်မရှင် သောအခါ ရသင့်သောအကျိုးကျေးဇူးကို မရရှိတတ်သည်ကို ခိုင်းနှိုင်းသုံးသည်။ အကျိုးရှိသော် လည်း ရှိသင့်သလောက်မရှိဟု ဆိုလိုသည်။... (ဆက်ဖတ်ရန်)
ခရီးသွားသောအခါ ခရီးရောက်စေရန် ခြေက လှုပ်ရှားရသည်ဖြစ်သော်လည်း ခြေလှမ်း ရာတွင် လက်ကပါ အလိုက်သင့်ဟန်လွှဲလျက်ပါသဖြင့် ခရီးသွားခြင်းဖြင့် အလိုအလျာက် ဟန်လွှဲခြင်းပါ တစ်ပါးတည်း ပြီးစီးစေသည်ဟု ဆိုလိုသည်။ တစ်စုံ တစ်ရာပြုလုပ်ရာတွင် အခြားအလုပ်ပါ အကျုံးဝင်ပြီးစီးသည့်အခါမျိုးတွင် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
ဘေးအန္တရာယ် မရှိသေးစဉ်အခါက မိဘကျေးဇူးကို သတိမရဘဲ ဘေးဒုက္ခတစ်စုံ တစ်ခု ကြုံတွေ့သောအခါတွင်မှ `အမယ်လေး အဖလေး´စသည်ဖြင့် မိဘကို အားကို ရာအဖြစ် တမ်းတမြည်တမ်းတတ်ကြသည်ဟု ဆိုလိုသည်။ ကြိုတင်သတိမူ ဆင်ခြင်ခြင်းမရှိဘဲ ဖြစ်လာသောအခါတွင်မှ နောင်တရခြင်း၊ ပူပန်ခြင်းဖြစ်ရတတ်ပုံကို ရှုတ်ချ၍ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
အမူးသမားအဖို့ ချဉ်လိုချဉ်စေ၊ တူးလိုတူးစေ နှစ်သက်ခုံမင်တတ်၍ မူးဖို့သာ လိုရင်းဖြစ်သည်ဟုဆိုလိုသည်။ မိမိနှစ်သက်လာလျှင် မည်သည့်ချို့ယွင်းချက်ကိုမဆို လျစ်လျှူရှုခွင့်လွှတ်တတ် သော သဘောကို ဖော်ပြသုံးနှုန်းသည်။ မိမိရည်ရွယ်ချက်ကို အဘယ်နည်းနှင့်ဖြစ်စေ မစဉ်းစား မဝေဖန်ဘဲ မျက်စိစုံမှိတ်ပြုမူတတ်ခြင်းကိုလည်း ရှုတ်ချ၍ဆိုသည်။... (ဆက်ဖတ်ရန်)
ခက်ခဲခြင်းမရှိ၊ ရန်မူခြင်းမရှိ၊ စွန့်စားရန်မလိုသော ခရုကိုအပန်းတကြီး ခါးတောင်း ကျိုက်၍ ဖမ်းနေခြင်းမျိုးကိုဆိုလိုသည်။ အရာအခွင့်အားလျော်စွာ တန်သင့်ရာ အားထုတ် ရသည်ဖြစ်လျက် လိုသည်ထက်ပို၍ ခွန်အားစိုက်ထုတ် ကြောင့်ကြခံခြင်းမျိုးကို ရှုတ်ချသောအားဖြင့် တင်စားပြောဆိုသည်။... (ဆက်ဖတ်ရန်)
အစွမ်းအာနိသင် ထက်မြတ်သောဂါထာကို နေရာဌာနအားလျော်စွာ စည်းစနစ်တကျ ရွတ်ဆိုရန် ပေးခြင်းမဟုတ်ဘဲ လူအားလုံးကို ဖြန့်ပေးခြင်းဖြင့် စနစ်တကျမသုံးတတ်သူ များက သီဆိုရွတ်ဖတ်ချင်သလို ရွတ်ဖတ်ခြင်းဖြင့် ဂါထာက တေးသီချင်းဖြစ်၍ သွားရ သည်ဟုဆိုလိုသည်။ နေရာဌာနအားလျော်စွာ တန်ဖိုးထား၍ အသုံးချရန်ညွှန်ပြသတိ ပေးခြင်းဖြစ်သည်။ မည်သည့်အရာကိုမဆို အရာဌာနအလျောက် သင့်ရာချိန်ဆသုံးစွဲ မှလည်း အဖိုးထိုက်တန်နိုင်သည်ဟုဆိုလိုသည်။... (ဆက်ဖတ်ရန်)
သင်္ကန်းဝတ် သံဃာများထဲတွင် အသက်ပြည့်စ၊ အရပ်အမောင်းနိမ့်ပျပ်သဖြင့် ရှင်သဏေဖြစ်မည်ဟု ထင်ရစေကာမူ သာမဏေနှင့် ပဉ္ဖင်းခွဲခြားသောအခါတွင် အမျိုး အမည် (အမယ်)အဆင့်အားဖြင့် ပဉ္ဖင်းအရေအတွက်တွင် ပါဝင်သည်ဟုဆိုလိုသည်။ အမြင်အားဖြင့် နိမ့်ငယ်သော်လည်း အရည်အချင်းအားဖြင့် အထင်သေးနိုင်ဖွယ်ရာမရှိ အမြင်ဖြင့် ဆုံးဖြတ်၍မရ အမြင်သေးနုတ်သော်လည်း အရည်အချင်းရှိနိုင်သည်ဟု တင်စားဆိုသည်။... (ဆက်ဖတ်ရန်)