ကျီးနှင့်ခင်ပုတ် (ဘုတ်) ငှက်သည် အချင်းချင်းရန်ငြိုးပြုခဲ့ကြရာ နှစ်ဦးစလုံး ရန်စွယ် ပွား၍ တစ်ဦးကိုတစ်ဦး လေးစားကြည်ညိုစိတ်ကင်းမဲ့ပါက ရန်မီးမငြိမ်းဘဲ ကျန်တစ်ဦးကလည်း တုံ့ပြန်၍ လေးစားကြည်ညိုမည်မဟုတ်ဟု ဆိုလိုသည်။ ကျီးသည် နေ့ငှက်ဖြစ်၍ ညငှက်ဖြစ်သော ခင်ပုတ်ကို လိုက်လံရှာဖွေထိုးဆိတ် သည်။ ခင်ပုတ်သည်ညဥ့်ငှက်ဖြစ်၍ ညအခါကျီးသိုက်ကို ထိုးဆိတ်ဖျက်ဆီးရန်ပြုသည်။ ထိုရန်စသည် အပြန်အလှန်ဖြစ်၍ရန်မီးမငြိမ်းချေ။ ထိုနည်းတူလူနှစ်ဦး ဆက်ဆံရာတွင် တစ်ဦးက ကျန်တစ်ဦး ကို လေးစားရိုသေမှသာ ကျန်တစ်ဦးကလည်း အပြန် အလှန် လေးစားရိုသေမည်ဟု ဆိုသည်။ ... (ဆက်ဖတ်ရန်)
ကျုပင်ကို ဖယ်ရှင်းခုတ်ထွင်သည်ဆိုလျှင် ကျူအငုတ်တစ်ခုတစ်လေမှ မကျန်စေ ရအောင် ခုတ်ထွင်ရှင်းလင်းရမည်ဟု ဆိုလိုသည်။ ကျူပင်သည် အငုတ်မှ အညှောင့်သစ်၊ အစို့သစ်များပေါက်ကာ ပြန်၍ ဝေစည် ကြီးပွား တတ်သော အပင်မျိုးဖြစ်သဖြင့် ကျူပင်ကို အလိုမရှိလျှင် အငုတ်ပါမကျန် ရှင်းခုတ်ပစ်မှ ကျူမျိုးပြုတ်နိုင်သည့်အတိုင်း အလိုလား၍ ဖျက်ဆီးရှင်းလင်းသောအရာတို့တွင် တဖန်ပြန်၍ အစထွက်သော အန္တရာယ်ကို ဖြစ်စေမည့်အရေးကို ကြိုတင်တားဆီးသောအားဖြင့် ပြီးပြီး ပြတ်ပြတ် အစမကျန်အောင် ရှင်းလင်းပြီးပြတ်စေရမည်ဟု သတိ ပေးခိုင်းနှိုင်းသည်။ ... (ဆက်ဖတ်ရန်)
အကွဲ လက်လေးသစ်ခန့်ရှိသော ပိုက်ကွန်ကျယ်နှင့် ငါးကြင်းပေါက်များကို အုပ်ဖမ်း သည်ရှိသော ငါးကြင်းက တိုးထွက်လွတ်မြောက်သွားနိုင်သဖြင့် အချည်းအနှီး ဖြစ်မည်ဟု ဆိုလိုသည်။ တစ်စုံတစ်ခု ပြုလုပ်ရာ၌ လုံလောက်သော ပစ္စည်းကိရိယာအင်အား လိုအပ် သည်။ မလုံလောက် ချို့တဲ့သော အင်အားပစ္စည်းဖြင့် ထိုအင်အားထက်လွန်သော လုပ်ငန်းကို ပြုလုပ်ခြင်းငှာ မတတ်စကောင်းပေ။ ထို့ကြောင့် အလုပ်ပမာဏနှင့် စိုက်ထုတ်ရမည့်အင်အား ညီမျှမှသာ စွမ်းဆောင်နိုင်မည်ကို ရည်ညွှန်းသောအားဖြင့် ငါးကြင်းကို ဖမ်းလိုက ငါးကြင်းမလွတ်ထွက်နိုင်သော ပိုက်မျိုးကိုသာ သုံးရမည်။ မဖမ်းမိ မအုပ်မိနိုင်သော ပိုက်မျိုးဖြင့် ဖမ်းပါက ငါးကြင်းကို မရနိုင်ဟု... (ဆက်ဖတ်ရန်)
ကွမ်းသီးကြိုက်တတ်သူကို ကွမ်းသီးထွက်ရန် တောင်ငူမြို့သို့ ပို့လွှတ်သည်ဟု ဆိုလို သည်။ ဖြစ်ပျက်လာမှုသည် မူလဆန္ဒနှင့် ကိုက်ညီနေသည်။ အဆိုးမဖြစ်ဘဲ အကောင်းဖြစ်နေ သည်ဟု ဆိုလိုရာရောက်ည်။ တောင်ငူမြို့နယ်သည် ကွမ်းသီးထွက်ရာဒေသအဖြစ် ထင်ရှားသည်။ “တံတားဦးက ကွမ်းနုဝါ၊ ငမြာကဆေး ကွမ်းသီးတောင်ငူပ၊ စစ်ကိုင်းထုံးဖြူ၊ ပြည်ရှားနှင့် သာဝါးလို့ထွေး” ဟူသော စာချိုးပင်ရှိသည်။ ကွမ်းသီးကြိုက်သူကို တောင်ငူသို့ပို့က မငြိုမငြင် အကြိုက် သင့် ကျေနပ်စွာသွားပေလိမ့်မည်။ တောင်ငူသို့ ပို့ခံရခြင်းသည် ကွမ်းသီး ကြိုက်သူအတွက် မလိုလားသောအရာမဟုတ်ဘဲ အကြိုက်ပင် ဖြစ်ပေလိမ့်မည်။ တစ်ခါတစ်ရံ အခြားသူတစ်ဦး အတွက် အခက်အခဲ မနှစ်သက်ဖွယ်ရာဖြစ်လိမ့်မည်ဟူသော အထင်ဖြင့်... (ဆက်ဖတ်ရန်)
သူတစ်ပါးက ကွာလိုက်ဟုစေ့ဆော်တိုက်တွန်းသဖြင့် လင်နှင့်ကွာပြီးနောက်မှ လွမ်းတ စရာ ရှိသောအခါ မိမိကသာ လွမ်းစေရ၍ တိုက်တွန်းသူများလာ၍ လွမ်းမပေးနိုင်ကြသည်ကို ဆိုလိုသည်။ မိန်းမတစ်ယောက်သည် လင်နှင့်စိတ်အခန့်မသင့်မသောအခါ အိမ်နီးချင်းများက လင်ကိုကွာပစ်လိုက်ရန် တိုက်တွန်းသဖြင့် သွေးပူခိုက်ဖြစ်သောကြောင့် အိမ်နီးချင်းများ စကားကို နားယူကာ စိတ်လိုက်မာန်ပါ ကွာလိုက်လေတော့သည်။ ထို့ကြောင့် သွေး အေးသွားသောအခါတွင် လင်ကို လွမ်းဆွတ်၍ တသသဖြစ်နေတော့သည်။ ထိုအခါမှ မိမိ စိတ်လိုက်မာန်ပါ ကွာရှင်းလိုက်မိသည်မှာ မှားကြောင်းသိလာ၍ ကွာပါဟုအကြံပေး သူများမှာ အခြားသူများဖြစ်သော်လည်း တကယ့်လက်တွေ့ လွမ်းတရသူမှာ အခြားသူ မဟုတ်ဘဲ မိမိ... (ဆက်ဖတ်ရန်)
ကျွန်ကို ယုံကြည်မိသဖြင့် ကျွန်က လှည့်ဖျားခိုးယူသောကြောင့် ဥစ္စာပစ္စည်း အချို့ အ၀က် ကုန်ဆုံးရသဖြင့် မျက်လုံးနှစ်လုံးအနက် တစ်လုံးအမြင်ဖြင့် မြင်ရသလောက်သာ ဥစ္စာ ကျန်တော့သည်ကို တစ်ဖက်ကန်းသည်ဟု ဆိုသည်။ သားသမီးကို အယုံသည်း၍ အလုံးစုံ ယုံမှတ်အပ်နှံထားသောအခါ သားသမီးက မိဘပစ္စည်းဖြစ်၍ ပိုင်ပိုင်နင်းနင်း ထုခွဲ သုံးဖြုန်းလေ သဖြင့် ပစ္စည်းလုံးဝကုန်ဆုံးရသည်တွင် မျက်လုံးစုံ လုံကန်းရဘိသကဲ့သို့ ပစ္စည်းဥစ္စာ လုံးဝမမြင် ကွယ်လေသည်ဖြစ်၍ စုံလုံးကန်းသည်ဟု ဆိုသည်။ ဆိုးဝါးသော သားသမီးသည် သူစိမ်းကျွန်ထက်ပင် မိဘကို ဒုက္ခပေးတတ် သည်ဟု ဆိုလိုသည်။ ... (ဆက်ဖတ်ရန်)
တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အားကိုးမှီတွယ်နေရသည်ဟု ဆိုလိုသည်။ မြစ်ကြောင်း များတွင် သောင်ထွန်း၍ နုံးတင်သဖြင့် ကျွန်းများပေါ်လာတတ်သည်။ ထိုကျွန်းများသည် မြေနုသဖြင့် ရေတိုက်စားသောအခါ အလွယ်နှင့် ရွေ့ပါးသွားတတ်လေသည်။ သို့ရာတွင် ကျွန်းမြေပေါ်တွင် ကိုင်းပင်များပေါက်လာသောအခါ ကိုင်းပင်အမြစ် ကုပ်တွယ်ထားခြင်းကြောင့် တစ်ကြောင်း၊ ကိုင်းပင်များ သေခြောက်ဆွေးမြည့်သဖြင့် မြေစာသစ်တက်လာခြင်းနှင့် ကိုင်းပင်များကြောင့် ဒိုက်များ၊ နုံးများ ပို၍ ငြိတွယ်လွယ်ခြင်း စသည်တို့ကြောင့် တစ်ကြောင်း၊ ကျွန်းမြေများသည် ပို၍ မြင့်မောက် ခိုင်မာကာ မရွေ့မပျောက် နှစ်ကာလကြည်ရှည် တည်တံ့နိုင်လေသည်။ ထိုနည်းဖြင့် ကျွန်းသည် ကိုင်းပင်ကို... (ဆက်ဖတ်ရန်)
အနုပညာအရသာကို မခံစားတတ်သော ကျွဲ၏အပါးတွင် စောင်းကို တီးပြသော် လည်း ကျွဲသည် မည်သို့မျှ အရေးမထား၊ အရသာမခံယူတတ်သည်ဟု ဆိုလိုသည်။ မသိ နားမလည်သူ သို့မဟုတ် မနာခံလိုသူအား စကားကောင်း အကြံကောင်းကို တင်ပြနှီးနှောသော်လည်း ထိုသူသည် အလေးမမူ လက်မခံဘဲ ထိုစကားနှင့်အကြံကို စွန့်ပယ်ပစ်သည့်အခါတွင် သုံးနှုန်းသည်။ ကျွဲပါး စောင်းတီးရာတွင် ကျွဲကမမိုက်၊ စောင်းတီးသူကသာ မိုက်သည်ဟု အပြန် အလှန်အားဖြင့်လည်း အချို့ကောက်ယူကြသည်။ ... (ဆက်ဖတ်ရန်)
ကျွဲနှစ်ကောင် ဝှေ့ခတ်ကြရာတွင် တိုးဝှေ့ဆုတ်ရှောင်ကြခြင်းဖြင့် မြေပေါ်၌ ပေါက် နေသော မြေစာမြက်ပင်များမှာ ကျွဲနှစ်ကောင်နင်းချေခြင်းကို ခံရပြီး ကျွဲနှင့် လည်း ရန်သူမဟုတ်၊ ရန်ဖြစ်ရာ၌လည်း မပါဘဲနှင့် မတ်မတ်မရှင်သန်နိုင်ဘဲ ကျေပျက် ရသည်ဟု ဆိုလိုသည်။ သက်ဆိုင်သူ နှစ်ဦးနှစ်ဖက် အချင်းချင်း တိုက်ခိုက်ရန်ပြုကြရာတွင် ကြားမှ မသက်ဆိုင်သော အပြစ်မဲ့သူများ အနစ်နာခံကြရသည့်အခါတွင် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
ဇာတ်ခုံပေါ်တွင် ကရိုး ကစဉ် နေရာအ၀န်းအ၀ိုင်းအတွင်း ကရ မည်ဖြစ်လျက် ဇာတ်ခုံအစွန်းရောက်အောင် ပြေးလွှားခုန်ပျံကသဖြင့် ဇာတ်ခုံအစွန်ဘက်သို့ တစ်စုံ တစ်ယောက်က နှပ်ညှစ်၍ ပက်ပစ်သည်နှင့် မလွတ်ဘဲ စွန်းပေခံရ သည်ဟု ဆိုလိုသည်။ လုပ်ရိုးလုပ်စဉ်အတိုင်း ပြုလုပ်ခြင်းသည် လမ်းရိုးလမ်းဟောင်းဖြစ်၍ အောင်မြင်ပြီး မြောက်မှုအတွက် သေချာပြီး ဖြစ်သည်။ သို့ရာတွင် ကွန့်ဆန်း၍ တစ်မျိုးတစ်ဖုံ အသစ်ထွင် ပြုလုပ်သောအခါ အတွေ့အကြုံမရှိသေးဘဲ စမ်းသပ်ရသည်ဖြစ်၍ အောင်မြင်မှုအတွက် အသေအချာပဲ ဆုံးရှူံးနစ်နာမှုလည်း ရှိတတ်သည်။ အသစ်တီထွင်မှုတွင် စွန့်စားမှု ရှိမြဲဖြစ် သည်။ ထိုသို့ရှိရာတွင် အဆန်းတီထွင်... (ဆက်ဖတ်ရန်)