မိမိကိုယ်တိုင်နှစ်သက်ပါက ထန်းပလပ်ငယ်မျှဖြစ်သော်လည်း နတ်ရုပ်တမျှကဲ့သို့ မှတ်ထင်လေးမြတ်နိုင်စွမ်းရှိသည်ဟု ဆိုလိုသည်။ လူတို့သည် စိတ်ကထင်မှတ်ရာကို အမှန်တကယ် ထင်မှတ်တတ်၏။ စိတ်လိုရာကို လိုက်၍ တွေးတောကောက်ယူတတ်၏။ စိတ်ကျေနပ်မှုရှိလျှင် မြတ်နိုးနှစ်သက်တတ်၏။ အရုပ် ဆိုးသောအရာကို လှသည်ဟုထင်လျှင် လှနိုင်၏။ အသုံးမကျသောအရာကို အဖိုးတန်သည်ဟု မှတ်ယူက အဖိုးတန်ပစ္စည်းပင် ဖြစ်ရ၏။ ကောင်းသည်၊ ဆိုးသည်၊ သာယာသည်၊ ငြီးငွေ့သည် စသည်တို့မှာ စိတ်ဆန္ဒ၏ အဆုံးအဖြတ်အတိုင်းပင် ဖြစ်၏။ ထို့ကြောင့် မိမိနှစ်သက်ခြင်း ဖြစ်နေပါမူ ထန်းပလပ်သည်ပင် နတ်ရုပ်အဖြစ် အမှတ်စွဲထင်နိုင်၏။ မိမိနှစ်သက်သောအရာသည် မိမိချွတ်ယွင်းချက်ပင် ရှိသည်ဖြစ်စေ... (ဆက်ဖတ်ရန်)
ဖြစ်လာမည့် အကျိုးအပြစ်ကို ရှောင်လွှဲ၍မရ။ အကြောင်းပြုသလို အကျိုးဖြစ်ပေါ်ရမည်။ အကြောင်းကြောင့်ဖြစ်သော အပြစ်ကို မည်သည့်နည်းနှင့်မျှ ရှောင်လွှဲ၍ မရဟူ၍ ဆိုလိုသည်။ မိမိကိုယ်အား ကံအလွန်ကောင်းလှသည်ဟု ယုံကြည်ရင်း ရှိစေကာမူ ဆူးပုံကိုနည်း လျှင် စူးမည်သာ ဖြစ်သည်။ ကံကောင်း၍ ဆူးကိုနင်းသော်လည်း မစူးဟူ၍မရှိ၊ ဆူးမည်သည် မှာ မိမိလောက်မာကျော သိပ်သည်းမှုမရှိသောအရာကို ဖိနှိပ်သောအားနှင့် အချိုးအစားညီမျှစွာ စူးဝင်ထိုးဖောက်မည်မှာ နိယာမတရားသာလျှင် ဖြစ်သည်။ ထို့ကြောင့် အကြောင်းနှင့်အကျိုး၊ အပြုနှင့်အဖြစ် ဆက်သွယ်သော ဟေတုပစ္စည်း၊ ကြောင်းကျိုးဆက်စပ်မှု နိယာမတရားကို မည်သည့်နည်းနှင့်မျှ ရှောင်လွှဲ၍မရ။... (ဆက်ဖတ်ရန်)
လူတစ်ယောက် ကျားကိုက်၍ သေဆုံးကြောင်းကို ရှင်းပြပြီးဖြစ်ပါလျက် နားထောင်သူ က သေဆုံးသူမှာ နာတာရှည်ရောဂါခံစားသွားသလားဟု မေးစရာမလိုသည့် မေးခွန်းကို မေးနေသေးသည်ဟု ဆိုလိုသည်။ အနာရောဂါတစ်ခုခုနှင့် သေသည်ဟုဆိုလျှင် နာတာရှည်လားဟု မေးနိုင်သေး၍ ကျား ကိုက်၍ လတ်တလော သေသည်ဆိုပါလျက် ထိုမေးခွန်းကို မေးသည်မှာ မလိုသော မေးခွန်းကို မေးခြင်းပင်ဖြစ်သည်။ ထိုနည်းတူ သေချာစွာ ဖော်ပြပြီး စောဒက၀င်စရာ မလိုသော ကိစ္စကို ထပ်ဆင့်၍ မေးနေသောအခါ မေးစရာမလိုတော့ဟု ဆိုသည့် သဘောဖြင့် ထိုစကားပုံကို သုံးသည်။ အချို့က ကျားကိုက်ပါတယ်ဆို... (ဆက်ဖတ်ရန်)
ကျားကောင်ကို တွေ့မှသာ အန္တရာယ်ကြောက်ရသည်မဟုတ်။ ကျားချေးကို တွေ့သော် ကျားနှင့်နီးကပ်နေပြီဟု သိရှိရသဖြင့် ကျားချေးကိုပါ ကြောက်ရသည်ဟု ဆိုလိုသည်။ ဖိစီးနှိပ်စက်တတ်သော အင်အားအရှိန်အ၀ါရှိသူကိုသာ ကြောက်ရသည်မဟုတ်။ ထိုသူ ၏အရှိန်အ၀ါဖြင့် ၀င့်ထည်နေသောတပည့်တပန်း အဆွယ်အပွားကိုပါကြောက် ရသည့်အခါ မျိုးတွင် အားလုံးကို ကြောက်ရသည်ဟူသောသဘောဖြင့်သုံးသည်။ အင်အားစုနှစ်ဖက်ကြား တွင် နှစ်ဖက်လုံး ကြောက်ရသည်ကိုလည်း ရည်ရွယ်၍ သုံးနှုန်း သေးသည်။... (ဆက်ဖတ်ရန်)
လူနာမှာ ယောက်ျားဖြစ်ချင် ဖြစ်ပေစေ မီးယပ်နာမှ မီးယပ်နာ၊ တခြားရောဂါဟု ပြောပြစရာမရှိဟု ဆိုလိုသည်။ သမားတစ်ယောက်သည် စောင်ခြုံထားသော လူနာကို သွေးစမ်းပြီးနောက် မီးယပ်နာဟု အမည်တပ်လေသည်။ လူနာရှင်က လူနာမှာ ယောက်ျားဖြစ်ကြောင်း ထောက်ပြသော်လည်း ဆရာက မိမိအမှားကို မပြင်ဘဲ ဇွတ်တိုး၍ ကျားချင်ကျား၊ မီးယပ်မှ မီးယပ်ဟူ၍ ပြောလေသည်။ အမှားကို အခြားသူက သတိပေး၍ သိရသော် လည်း မပြုပြင်၊ အမှားကို ဇွတ်လိုက်သူများ၊ ရှေ့နောက် မညီသော်လည်း အလျှော့ မပေး၊ ယုတ္တိရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ... (ဆက်ဖတ်ရန်)
ကျားလက်တွင်းသို့ရောက်သော နွားသည် ကျား၏ကိုက်သတ်ခြင်းကို မလွဲမသွေ ခံရတော့မည်ဖြစ်ရာ ကျားက သနား၍ လွှတ်ပါမှသာ နွားအဖို့ ချမ်းသာစရာလမ်းရှိတော့ သည်ဟု ဆိုလိုသည်။ ကျားဟူသည်မှာ နွားအပေါ်၌ သနားသည်ဟူ၍ မရှိလေရာ ချမ်းသာရဖို့လမ်းမှာ မျှော်လင့်ချက်ရှိမည်လိုနှင့် ဝေးလှသည်ဟု ဆိုလိုသည်။ လူတစ်ဦး၏ ကံကြမ္မာကို မဖန်တီးနိုင်ဘဲ အခြားသူတစ်ဦးက ချုပ်ကိုင်ချယ်လှယ်၍ ထိုသူ၏ စီမံဖန်တီးချက်အတိုင်း ဖြစ်တည်ရ သည့်အခါ တစ်ဖက်က အင်အားဖြင့် လွှမ်းမိုးချယ်လှယ်ခြင်းကို ခံနေ ရသည့်အခါမျိုးတွင် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
ကျားလည်း ကျားနေရာ၊ မောင်ပိုလည်း မောင်ပိုနေမြဲနေရာ အသီးသီး မူလအတိုင်းပင် ရှိသည်ဟု ဆိုလိုသည်။ ကျားကို လှောင်အိမ်မှ ဖွင့်ပေးသော မောင်ပိုကို ကျားက စားသင့်သည်ဟုဆိုရာ၌ ယုန်က ဖြန်ဖြေရာတွင် မူလအတိုင်း ပြန်၍ နေပြရန် ပြောကြားပြီး ကျားကို မူလလှောင်အိမ်၌ ပိတ်ထားခဲ့၍ မောင်ပိုလည်း လယ်ထွန်မြဲ ထွန်နေစေဟု ဆုံးဖြတ်ပေးသည့်ပုံပြင်မှ စကားဖြစ်သည်။ မူလရင်းစား အခြေအနေမှ မတိုးမလျှော့ ရှိနေသည့်အခါတွင် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
ကျားကိုကြောက်သဖြင့် တောစောင့်နတ်အရှင်ကြီးကို အားကိုးပူဇော်ပါမှ တောစောင့် နတ်က ဖမ်းစားသဖြင့် ကျားထက်ပင် ပို၍ဆိုးနေသည်ဟု ဆိုလိုသည်။ သက်သာရာရအောင် ပြုလုပ်သော အလုပ်မှာ မသက်သာဘဲ ပို၍ဆိုးဝါးတတ် သောအခါ သုံးနှုန်းသည်။ သက်သာအောင် ကယ်ဆယ်မည်၊ ကူညီမည်ဆိုသူမှာ ပို၍ပင် ဒုက္ခပေးတတ်သေးသည်ကို သတိပေးသည့်အနေနှင့်လည်း သုံးသည်။... (ဆက်ဖတ်ရန်)
ကျားအကောင်ကြီးလျှင် ကျားအရွယ်နှင့်လိုက်အောင် ခြေရာကလည်း ကြီးသည် ဟု ဆိုလိုသည်။ အရာအထူး၊ အခြေအနေ၊ ၀င်ငွေ စသည် တိုးတက်လာသောအခါ သက်သာ ချောင်ချိမည်ဟု ထင်မှတ်ရစေကာမူ တာဝန်၊ အကြပ်အတည်း၊ အသုံးစရိတ် စသည်တို့ မှာလည်း အချိုးကျ တိုးတက်လာသည်သာဖြစ်၍ အခွင့်အလမ်းနှင့် တာဝန်သည်လည်း ကောင်း၊ အရနှင့်အသုံးသည်လည်းကောင်း လိုက်ဖက်စွာ တိုးတက်လာတတ်သည့် သဘာဝကို ဖော်ပြသည်။... (ဆက်ဖတ်ရန်)
ကျီးသတ္တ၀ါကို ငှက်တို့ အသင်းအပင်းတွင် အကြီးအကဲအဖြစ် မြှောက်စား ထားသော်လည်း ကျီးတို့၏ သဘာဝအတိုင်း ချေးခြောက်ကိုတွေ့သောအခါ မချုပ်တည်းနိုင်ဘဲ ကောက်စားသည်ဟု ဆိုလိုသည်။ သတ္တ၀ါတို့သည် မိမိပင်ကိုယ်ဗီဇကို ဖျောက်နိုင်ခဲသည်။ အခြေအနေ ဂုဏ်ဒြပ် ကြီးမြင့်အောင် မြှောက်စားခြင်းခံရစေကာမူ ပင်ကိုယ်ချို့တဲ့သော စရိုက်အလေ့အလာ တို့သည် ပေါ်မြဲပေါ်နေတတ်သေးသည်။ ထို့ကြောင့် မြင့်မားသည့် အခြေအနေနှင့် မလျော်သော အပြုအမူကို ပုံခိုင်းဆိုသည်။ ချီးမြှင့်မြှောက်စားပါက မူလက အထင်ကြီး သကဲ့သို့ မဟုတ်ဘဲ ညံ့ဖျင်းသည့်အခါတွင်လည်း သုံးနှုန်းသည်။ ကြီးကဲ့သို့သော ဗီဇညံ့ သည့်သူမျိုးကို မမြှောက်စားထိုက်။... (ဆက်ဖတ်ရန်)