လူအများက မိုးရေကိုပင် သောက်သုံးနေနိုင်ကြလျှင် မိမိသည်လည်း အများနည်း တူ မိုးရေကိုပင် သောက်သင့်သည်ဟု ဆိုလိုသည်။ အများနှင့်မဆန့်ကျင်ဘဲ အများနည်း တူလိုက်၍ ရောနှောကျင့်ဆောင်သင့်ကြောင်းကို သတိပေးသည့်အနေဖြင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
သေးငယ်သော အမှိုက်စကလေးကို စွဲလောင်သည့် မီးပင်လျှင် မီးအားကြီး ကူးစက်၍ ပြာသာဒ်ကြီးတစ်ခုလုံး လောင်ကျွမ်းစေနိုင်သည်ဟုဆိုလိုသည်။ ငယ်သော အမှုကလေးသည်ပင် ကြီးသော ပြဿနာကြီးဖြစ်စေနိုင်သဖြင့် အမှုကိစ္စအစွန်းအစကို ငယ်သည်ပမာမထား၊ သတိပေါ့ဆခြင်း မပြုသင့်ကြောင်း တင်ပြသုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
သစ်ပင်ကြီးကို ခုတ်လှဲပြုသည့်အခါ အကိုင်းအခတ် တစ်ခုစီကို ရှေးဦးစွာ မခုတ်ပိုင်းဥေးစေကာမူ အရင်းမှခုတ်လှဲလိုက်သည်တွင် အပင်ကြီးတစ်ခုလုံး လဲမည် ဖြစ်၍ အဖျားပိုင်းများသည် အလိုအလျောက် ထင်းအဖြစ်သို့ ရောက်ရမြဲဖြစ်သည်ဟု ဆိုလိုသည်။ မူလအရင်းခံကို နှိမ်နင်းနိုင်လျှင် အဆွယ်အပွားတို့သည် အလိုအလျောက် ညှိုးကျ ပြိုပျက်ရမြဲသဘောကို ထင်ရှားစေရန် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
ရပ်ရွာတွင် အစုအပေါင်း အသိုက်အ၀န်းနှင့် နေထိုင်သူတို့သည် အရပ်အတွင်းရှိ လူများနှင့် သင့်တင့်ရင်းနှီးခြင်းဖြင့် ကူညီထောက်ပံ့မှုရရှိနိုင်သည့်အလျောက် မရှိဆင်းရဲ သူ သေဆုံးရလျှင်ပင် အရပ်အကူအညီဖြင့် အလောင်းလှအောင် ပြင်ဆင်နိုင်သည်ဟုဆို လိုသည်။ မိမိနေထိုင်ရာရပ်ရွာပတ်ဝန်းကျင်နှင့် သင့်မြတ်အောင် နေထိုင်တတ်ရန် သတိပေးသည့်အနေဖြင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
မြှောက်စားမည့်သူ အားပေးမြှောက်စား၍ အသုံးချသောအခါ တုံးနေသောဓားကဲ့ သို့ ဉာဏ်ထက်လာရသည်ဟုဆိုလိုသည်။ အသုံးချခြင်းဖြင့် ထက်မြက်မှုရရှိနိုင်သည်ကို ရည်၍ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
နွားဝယ်သည့်အခါ ကျန်းမာမှု ခွန်အားရှိမရှိ စသည်ကိုသိလို၍ နွား၏သွားကိုဖြဲ ကြည့်လေ့ရှိရာ ငွေကြေးတစ်စုံတစ်ရာမပေးရဘဲ အလကားရသည့်နွားကိုပင် ကောင်း မကောင်း သွားဖြဲကြည့်သည်ဟု ဆိုလိုသည်။ အလကားရသည့်အရာကိုပင် အလွယ် အသင့်လက်မခံဘဲ အကဲကိုင်လွန်းသည့် အပြုအမူကို ကဲ့ရဲ့သည့်အနေဖြင့် သုံးနှုန်း သည်။... (ဆက်ဖတ်ရန်)
ရောက်လာခြင်းမှာ ကောင်းသော်ငြားလည်း အချိန်က နောက်ကျလွန်း၍ အခွင့် အရေးရနိုင်စရာ အကြောင်းမရှိတော့ဘဲ လာဘ်လာဘဆုံးရှုံးရသည်ဟု ဆိုလိုသည်။ ဆုံးရှုံးရလောက်အောင် အခါနှောင်းခြင်း၊ရက်လွန်ခြင်း၊ နောက်ကျခြင်းတို့အတွက် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
ခေါင်းလောင်းကြီးသည် ကြီးမားအချိန်စီး၍ တန်ဖိုးကြီးသလောက် ခလောက်မှာ ခေါင်းလောင်းနှင့်စာသော် သေးငယ်အချိန်ပေါ့၍ တန်ဖိုးနည်းသော်လည်း ခြားနားသော တန်ဖိုးကာမိအောင် တန်ဖိုးအလိုက် ထပ်ဆောင်း၍ ပေးပါလျှင် ခေါင်းလောင်းနှင့် ခလောက်ကိုပင် လဲနိုင်သည်ဟုဆိုလိုသည်။ မညီမျှသောတန်ဖိုးကို အကဲတင်၍ လျော့ပါး သည်ကို တစ်ဖက်မှ သာလွန်ခြင်းဖြင့် ဖြည့်စွမ်းထေညှိနိုင်ကြောင်းကိုလည်းကောင်း ဖော်ပြရာတွင် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
ခရီးလမ်းတွင် အလျင်လိုသောအခါ လမ်းသစ်ကိုရှာ၍ လိုက်ပါက လမ်းထွင်၊ ရှာရသည်နှင့် ပို၍ဖင့်နှေး ကြန့်ကြာတတ်သဖြင့်ထွင်ပြီး လမ်းဟောင်းလမ်းရိုးကိုသာ စိတ်ချလက်ချ လိုက်တတ်သည်ဟုဆိုလိုသည်။ နည်းစနစ်လမ်းဟောင်းတို့သည် ခိုင်လုံကောင်းမွန်စိတ်ချရအောင် စမ်းသပ်ပြီး ဖြစ်တတ်ပုံကို ထင်ရှားစေလိုရာ၌ သုံးသည်။... (ဆက်ဖတ်ရန်)
အလှူရှင်၏ ပရိသတ်ကျွေးရန် ငါးကြော်အိုးအနီးတွင် သူစိမ်းများဝင်နိုင်၊ ချဉ်းနိုင် ခွင့်မရဘဲ အလှူရှင်၏ ဆွေမျိုးသားချင်းတို့ကသာ ခွစီးစုအုံသိမ်းရုံး၍ စားသောက်နေကြ သည်ဟု ဆိုလိုသည်။ အခွင့်အရေးကို လူအများမျှတစွာ ခံယူနိုင်ခွင့်မရဘဲ နီးစပ်သော လူတစ်စုကိုသာကွတ်၍ ရယူခွင့်ပြုခြင်းမျိုးကို ရှုတ်ချသည့်အနေဖြင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)