Browse

အညှိရှိယင်အုံသည်

ယင်သည် အညှီကို နှစ်သက်တတ်သည်ဖြစ်ရာ အညှီရှိသော နေရာတွင် ယင်းများအုံလေ့ ရှိသည်ဟု ဆိုလိုသည်။ အညှီရှိ၍သာ ယင်အုံခြင်းဖြစ်သည်ဟု ဆိုလိုသည်။ လူတို့က ရစ် ၀ဲစုအုံတတ်ခြင်းသည် လူတို့တပ်မက်နှစ်သက်သောအရာ တစ်စုံတစ်ရာရှိနေခြင်းကြောင့် ပင်ဖြစ်ကြောင်း တင်စားသုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အတတ်ကျူး၍ ဘီလူးဖြစ်သည်

တွေ့မြင်ရာကို သင်ကြား၍ အသစ်နည်းနာမှန်သမျှ စမ်းသပ်ကာ သူတစ်ပါးထက် ထူးကဲလျှင် ပြီးတမ်းသဘောဖြင့် သူတစ်ပါးထက်ပို၍ လူသားစား၍ ဆေးထိုးရသော မှော် အတတ်ကို သင်ယူရာသူတစ်ပါး ထက်ပို၍ သားစားဘီးလူးအဖြစ်မျိုးသို့ ရောက်ရှိရသည် ဟု ဆိုလိုသည်။ ပိုလွန်ခြင်းဖြင့် အကောင်းမမြင်ဘဲ အဆိုးဖြစ်သည်လည်းရှိကြောင်း တင်ပြရာ၌ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အတိုင်းထက်အလွန် တံခွန်နှင့်ဘုရား

မူလသတ်မှတ်သည့်အတိုင်းအတာ ယှဉ်ဖက်ထက် ပို၍ကောင်းမွန်တိုးတက်သည် ဖြစ်၍ အလွန်တင့်တယ် လျောက်ပတ်သည်။ တံခွန်သည် ဘုရားနှင့် လိုက်လျော်သပ္ပာယ်၊ ကြည့်ညိုဖွယ်တင့်တယ်သည့် ဘုရား၏ သပ္ပာယ်မှုကို ဖြည့်ဆောင်သည်ဟု ဆိုလိုသည်။ ယှဉ်ဖက်ပြုရာတွင် တစ်ခုနှင့်တစ်ခု လိုက်လျော၍ တစ်ခု၏အတင့်အတယ်ကို တစ်ခုက ဖြည့်စွမ်းထောက်ပင့်လျက် တည်ပုံကို တင်စား၍ဆိုသည်။... (ဆက်ဖတ်ရန်)

အတွင်းထရံ အပြင်ကာ

အတွင်း၌သာ ကာရံရမည့် ထရံအချောစားကို နေရာဌာနမဟုတ်သည့် ပြင်ပတွင် အလွဲကာရံထားသည်ဟု ဆိုလိုသည်။ အတွင်း၌ အချင်းချင်းသာလျှင် သိစေအပ်သည့် စကားကို အပြင်သူစိမ်းအားလုံးယုံကြည် ကြားသိတိုင်ပင်ခြင်း စသည်ဖြင့် အတွင်းကိစ္စ အပြင်ကိစ္စစည်းတားမခြားတတ်ခြင်းကို ရှုတ်ချသည့်အနေဖြင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အထက်လွန်ကျစ် အောက်ခွေးစား

မုဆိုးသည် သားရေလွန်ကြိုးကို ကျစ်လျက်ရှိရာ ခုံအောက်တွင် ၀မ်နေသောခွေး သည် အထက်က ကျစ်ပြီးလျှင် ကျသမျှ သားရေလွန်ကြိုးစကို ကိုက်ဝါးစားပစ်သဖြင့် ကျစ်လေသမျှ ကြိုးသည် အဖတ်မတင်ဖြစ်ရသည်ဟု ဆိုလိုသည်။ တစ်ဖက်က ဖြစ် မြောက်ပွားစီးအောင် အားထုတ်သလောက် ကျန်တစ်ဖက်တွင် ပျက်ယွင်းလေလွင့်သည် ကို သတိမထားမိဘဲနေခြင်းကို အပြစ်တင်သောအားဖြင့်သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အထီးလေ အမနောက် (အသီးကြွေ အပင်အောက်)

လူနှင့် တိရစ္ဆာန် ပုလ္လိင်တို့သည် လေလွင့်လိုက်စားတတ်သောအခါ ဆန့်ကျင် ဘက်လိင် အမတို့ရှိရာသို့ လိုက်ပါပျော်ပါးတတ်သော သဘောရှိ၍ အသီးကြွေသောအခါ လည်း အသီးပင်၏ အောက်ခြေပတ်ဝန်းကျင်သို့သာ ကျရောက်တတ်သည်ဟုဆိုလို သည်။ ဖြစ်ရိုးဖြစ်စဉ် သေချာသောလမ်းရိုးဟောင်းရှိသည်ကို သတိချပ်ရန် ပုံဆောင်သုံး နှုန်းသည်။... (ဆက်ဖတ်ရန်)

အနာခံမှ အသာစံ

အကျိုးကျေးဇူး စည်းစိမ်ချမ်းသာကို တပင်တပန်း အနစ်နာခံ၍ ကြိုးပမ်းအားထုတ် ယူမှသာ ရနိုင်သည်။ အလွယ်သင့် သက်သက်သာသာနှင့် မရနိုင်ဟု ဆိုလိုသည်။ ပင်ပန်း အားထုတ်မှု လုံ့လဖြင့် မရင်းနှီးဘဲ အကျိုးမမြတ် မပေါ်ထွက်နိုင်ကြောင်း ပြဆိုရာ၌ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အနာမသိ ဆေးမရှိ၊ အနာသိက ဆေးရှိရမည်

မည်သည့်အနာရောဂါဟူ၍ မသိသောအခါ ကုသရန် ဆေးဝါးကိုလည်း ကြံဆဖော် စပ်ရန် ခက်ခဲ၍ အနာရောဂါကို အမျိုးအမည်ခွဲခြား၍ သိသောအခါ ကုသရန်ဆေးဝါး အလွယ်တကူ ရွေးစစ်နိုင်သည်ဟု ဆိုလိုသည်။ အကြောင်းရင်းကိုမသိက ပြုပြင်ဖန်တီး ရန်နည်းလမ်းကို မသိနိုင်ဘဲ အကြောင်းရင်းသိမှ ပြုပြင်နိုင်သော နည်းလမ်းဖော်ထုတ်နိုင် သည်ဟု တင်စား၍ ဆိုသည်။... (ဆက်ဖတ်ရန်)

အနာပေါ်တုတ်ကျသည်

အသားအရေကောင်းပေါ်တွင် တုတ်ဖိကျမိသောအခါ အနည်းအတန်သာ နာ သော်လည်း ပင်ကိုအနာရှိရာ နေရာပေါ်တွင်ဖိကျမိသောအခါ အသည်းအသန် နာကျင် ခြင်းဖြစ်ရသည်ဟု ဆိုလိုသည်။ ပင်ကို အပြစ်အနာ ကင်းသောအခါတွင် စွပ်စွဲပုတ်ခတ် စောင်းမြောင်းမှုအတွက် ထိခိုက်နာကြည်းခြင်း မဖြစ်သော်လည်း ပင်ကိုက အပြစ်မလုံ သောအခါ တုန်လှုပ်နာကြည်းရသည်ကို တင်စား၍ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အနီးမွှေးမှ အဝေးကြိုင်သည်

ပင်ကိုကမွှေး၍ အနီးပတ်ဝန်းကျင်၌ အမွှေးနံ့ထုံပါမှ အဝေးသို့လည်း အမွှေးနံ့ပျံ့ လွင့်ကာ ကြိုင်လှိုင်နိုင်မည်ဟုဆိုလိုသည်။ အနီးပတ်ဝန်းကျင်တင် ကောင်းသတင်းဂုဏ်နံ့ ပျံ့လှိုင်နေပါမှ အရပ်ဝေးတွင်လည်း ကောင်းသတင်း ပျံ့လွင့်နိုင်သည်ဟု တင်စား၍ဆို သည်။... (ဆက်ဖတ်ရန်)



Page 30 of 46« First...1020282930313240...Last »