ကုသိုလ်လို၍ ပြုလုပ်သော်လည်း အကုသိုလ်သာ အဆပေါင်းများစွာ ပို၍ ရရှိနိုင်ကြသည်ဟု ဆိုလိုသည်။ ကုသိုလ်လို၍ ဆွမ်းကျွေးရာ၌ ကြက်၊ ၀က်တို့ကို သတ်ဖြတ်ပေးရန် ကြိုတင်မှာ ကြားခြင်း၊ မလောက်ငှမည်ကိုစိုး၍ ပိတ်ပင် ၀န်တိုခြင်း၊ ကုန်ကျစရိတ်အတွက် သမ္မာအာဇီဝ မဖြစ်သောနည်းဖြင့် စီးပွားရှာခြင်း စသည်အားဖြင့် မကောင်းမှုများကို အဆများစွာ ပိုမို ကျူးလွန်မိတတ်သဖြင့် ကုသိုလ်နည်း၍ ငရဲက အဆများသည်ကို ပုံခိုင်း၍ ဆိုသည်။ တစ်ပိဿာလျှင် ကျပ်တစ်ရာရှိသဖြင့် ဆယ်လီမူးနှင့် ပဲနှစ်ထောင်၊ ကျပ်သုံးပဲနှင့် တစ်ထောင့်ခြောက်ရာ၊ တစ်ဆနှင့် အဆတစ်ထောင့်ခြောက်ရာမှ နှစ်ထောင်အထိ အချိုးအဆ... (ဆက်ဖတ်ရန်)
မိမိဂုဏ်ပုဒ်ကို ထုတ်ဖော်ဝင့်ကြွားသူသည် မသူတော်များသာ ဖြစ်သည်ဟု ဆိုလိုသည်။ ကိုယ့်အမည်ကို ကိုယ်ဖော်ထုတ် မြည်တွန်တတ်သော တိရစ္ဆာန် သတ္တ၀ါများကား ခုနစ်ပါးရှိသည်။ ထိုခုနစ်ပါးမှာ … ၁။ တောက်တဲ့။ ၂။ ဇီးကွက်။ ၃။ ရွှေပြည်စိုး။ ၄။ ယောက်ဖခွေးခေါ်ငှက်။ ၅။ တစ်တီတူး (တီတီတွတ်)။ ၆။ ဥသြငှက်။ ၇။ ဘုတ်ငှက်။ စသည်တို့ဖြစ်သည်။ တိရစ္ဆာန် သတ္တ၀ါမှတစ်ပါး လူတို့သည် မိမိတို့၏ အမည်ဂုဏ်ပုဒ် ကို ကိုယ်တိုင်ထုတ်ဖော်ကြွားဝင့်ခြင်း၊ ကိုယ့်ဂုဏ်ကို ကိုယ်ဖော်ခြင်းတို့သည် လူတို့၏ကျင့်ဝတ် တွင် အကျုံးမ၀င်၊ လူကောင်းတို့ အပြုအမှုမဟုတ်။ တိရစ္ဆာန်တို့၏အလုပ်၊ တိရစ္ဆာန်တို့၏ အမူ အကျင့်သာ ဖြစ်သည် စသည်ဖြင့်... (ဆက်ဖတ်ရန်)
အခကြေးငွေမရ၊ မိမိကုန်ကျစရိတ်နှင့် မိမိထမင်းကို စားပြီး ကြီးတော်နွားကို စေတနာ့ ၀န်ထမ်း ကျောင်းပေးသည်ဟု ဆိုလိုသည်။ အလုပ်လုပ်သူသည် မိမိအလုပ်အားနှင့်ညီမျှသော လုပ်အားတန်ဖိုးကို အဖိုးအခကြေး ငွေဖြင့်ဖြစ်စေ၊ လက်ဆောင်ပစ္စည်းဖြင့် ဖြစ်စေ၊ အလားအလာအခွင့်အရေးဖြင့် ဖြစ်စေ၊ ပေးချေ သည်ကို ခံယူကြရစမြဲ ဖြစ်လေသည်။ တစ်ခါတစ်ရံတွင် ထိုသို့အတုံ့အလှယ် အကျိုးကျေးဇူး၊ လုပ်အားတန်ဖိုးမရရှိဘဲ စေတနာ့ဝန်ထမ်းသက်သက် ဆောင်ရွက်ပေးရသောအခါတွင် ကျေးဇူး တင်ဖော်မှ မရသောကြောင့် ကိုယ့်ထမင်းကိုယ်စား၍ ကြီးတော်နွားကျောင်းပေးသည်ဟု ခိုင်းနှိုင်းဆိုကြသည်။ ကြီးတော်ဖြစ်သူသည် မိမိတူဖြစ်သောကြောင့် သူတစ်စိမ်းက ကူညီ ကျေးဇူးပြုသည်ကဲ့သို့ သိသိသာသာ အမှတ်မပြုဘဲ... (ဆက်ဖတ်ရန်)
ကိုယ့်ဝမ်းပျော့တတ်သော ကိုယ်ခန္ဓာသဘာဝကို မထိန်းသိမ်းနိုင်ဘဲနှင့် ၀မ်းပျော့ စေနိုင် သော ပဲကြီးဟင်းကို စားသောက်ချင်သည်ဟု ဆိုသည်။ ပဲကြီးဟင်းသည် ၀မ်းသက်သာစေနိုင်ခြင်း မရှိစေကာမူ ၀မ်းလွယ်စေ၊ ပျော့တတ် စေသော သဘောရှိပေသည်။ ၀မ်းလွယ်တတ်သောသူများသည် သစ်သီးမှည့်၊ ဖျော်ရည် စသော ၀မ်းနူးလွယ်သည့် အစားအစာများကို စားသောက်သောအခါ ၀မ်းဖော ဖောသက်လေ့ ရှိသည်။ ထို့ကြောင့် ၀မ်းကိုထိန်းနိုင်သော ချုပ်တည်းမှုမှာလည်း ကိုယ်ခန္ဓာကြွက်သားများ အလိုက် စွမ်းဆောင်မှုလိုပေသည်။ ၀မ်းကို ထိန်းသိမ်းစွမ်း နည်းပါးသူများသည် ပဲကြီးဟင်း ကဲ့သို့ ၀မ်းနူးစာများကို ရှောင်ရမည်ဖြစ်ပါလျက် ကိုယ်လည်းမစွမ်းဘဲ မိမိလိုက်စားမှုမျိုးကို... (ဆက်ဖတ်ရန်)
ကိုယ့်ပယောဂကြောင့်ပင်လျှင် ကိုယ့်အပေါ်၌ အပြစ်ကျ၍ ရောက်ရသည်ဆိုလို သည်။ ကလေးသူငယ်များသည် မြွေကြီး၊ လင်းမြွေကစားနည်းကို ကစားသောအခါ ရှေ့ဆုံးမှ ခေါင်သူကြီးသည် မြွေ၏ဦးခေါင်းပမာပြု၍ ကြီးစဉ်ငယ်လိုက် ခါးကို တစ်ဆင့်စီ ဆက်တွဲထား သော ငယ်သားအတန်းကြီးသည် မြွေ၏ကိုယ်နှင့်အမြီးပမာ လှုပ်ရှားကြလေသည်။ ခေါင်သူကြီး သည် မြွေတွန်သံကဲ့သို့ ရှူးဟု အော်ဟစ်လျက် ၀ဲဘက်မှဖြစ်စေ၊ ယာဘက်မှဖြစ်စေ လူတန်း နောက်ဆုံးလူကို မိမိအမြီးဖျားကို ပေါက်ဟန်ဖြင့် လက်အုပ်နှင့် ထိတို့ရလေသည်။ နောက်တန်း လူများသည် မြွေဦးခေါင်းလှည့်သည် ဘက်နှင့် လွတ်အောင်ရှောင်၍ ဘေးသို့ ဖယ်ရမ်းကြ လေသည်။... (ဆက်ဖတ်ရန်)
မိမိကိုယ်တိုင်ကလွဲလျှင် အခြားသူကို မပြောထားဘိ၊ မိမိ၏ ဒူးကိုသော်မျှပင်လျှင် ယုံကြည်စိတ်ချ၍ မရနိုင်ဟု ဆိုလိုသည်။ သူတစ်ပါးကို ယုံကြည်စိတ်ချမိမှား၍ နစ်နာဆုံးရှူံးမှုများ ဖြစ်လေ့ဖြစ်ထ ရှိပေ သည်။ ထို့ကြောင့် လောက၌ စိတ်သီးခြား၊ ကိုယ်သီးခြားရှိနေသော အခြားသူများကို ယုံကြည် စိတ်ချဖို့ရန်မှာ များစွာခဲယဉ်းလှသည်ဟု ပညာရှိတို့က သတိပေးလေသည်။ လောက၌ ယုံကြည်စိတ်ချရမည့်တစ်ပါးသူမရှိကြောင်းကိုမဟောသဓဇာတ်တော်၌လည်း လျှို့ဝှက်ချက်ကို မည်သူ့အားမျှ မပြောကြားသင့်ကြောင်းအဆို အရေးသာပုံကို ၀တ္တုသက်သေဖြင့် တင်ပြထား သည်။ ထို့ကြောင့် အခြားသူတစ်ပါးကို မဆိုထားနှင့်၊ မိမိကိုယ်အင်္ဂါ အစိတ်အပိုင်းဖြစ်သော ဒူးကိုမျှပင် စိတ်ချယုံကြည်နိုင်ဖွယ်မရှိဟု ဆိုသည်။ လူသည်... (ဆက်ဖတ်ရန်)
မိမိကိုယ်တိုင်က မလှပသည်ကိုမူ သတိမထားမိတတ်ဘဲ သူတစ်ပါး အရုပ်ဆိုး အကျည်းတန်သည်ကိုမူ လောင်ပြောင်ရယ်မောချင်သည့်သဘောကို ဆိုလိုသည်။ လူသည် မိမိကိုယ်ကို အထင်ကြီးသူဖြစ်သည်။ ထိုစိတ် ရှေ့ဆောင်နေသောအခါ မိမိကိုယ်၌ဖြစ်သော ချို့ယွင်းချက်ကို မမြင်တတ်ချေ။ မိမိကိုယ်ကို တကယ်ပင်အရုပ်ဆိုး စေကာမူ အရုပ်ဆိုးသည်ဟု မထင်မှတ်တတ်ချေ။ သို့ရာတွင် သူတစ်ပါးအရုပ်ဆိုးသည် ကိုမူ မြင်လွယ်သည်။ မိမိကိုယ်ပေါ်တွင် သက်ညှာလျှော့ပေါ့စဉ်းစားသလောက် သူတစ်ပါးအပြစ်ကို မညှာမတာ ခွင့်မလွှတ်တမ်း မြင်တတ်သည့်အတိုင်း သူတစ်ပါး မလှသည်ကို မြင်ရသောအခါ တွင်ကား လှောင်ပြောင်ရယ်မောချင်တတ်သည်။ ထိုသို့ မလိုလားအပ်သည့် လူ့စရိုက် ပေါ်လွင်အောင် ပြောဆိုသောအခါတွင်... (ဆက်ဖတ်ရန်)
မိမိကိုယ်တိုင် ကျွေးမွေးပြုစုလာခဲ့သော မျောက်က ကျွေးမွေးထားသူ ကျေးဇူးရှင်ကိုပင် ပြန်၍ ခြောက်လှန့်ပြနေသည်ဟု ဆိုလိုသည်။ သူတစ်ပါးကျေးဇူးကို သိတတ်ခြင်းသည် သူတော်ကောင်းတို့ အလေ့အကျင့် ဖြစ်သည်။ သို့ရာတွင် ယုတ်မာသောသူတို့သည် မိမိအပေါ်၌ ကျွေးမွေးပြုစုသော ကျေးဇူးရှင်ကိုပင် မခြွင်းချန်ဘဲ ပြန်၍စော်ကားကျေးဇူးကန်းတတ်လေသည်။ ထိုသူများသည် အသိအလိမ္မာနည်း သော တိရစ္ဆာန်မျောက်ကဲ့သို့ ကျေးဇူးပြုထားသူကိုပင်ပြန်၍ ခြောက်လှန့်တတ်သူများ ဖြစ်သည်ဟု ပုံခိုင်း၍ဆိုသည်။ မိမိပယောဂဖြင့် မိမိကျေးဇူးမဲ့ ဖြစ်ရတတ်သောအခါမျိုးတွင် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
မိမိတယုတယမွေးမြူလာခဲ့သည့်ကြက်ကို မိမိပင် အလှကြည့်ရှုကျေနပ်နေခြင်း မရှိဘဲ ရိုက်သတ်စား၍ ဖျောက်ဖျက်ပစ်လိုက်သည်ဟုဆိုလိုသည်။ မိမိလုံ့လဖြင့် ကြီးပွားစည်ပင်အောင် အားပေးထူထောင် မြှင့်တင်လာခဲ့သူတစ်ဦး အား မိမိပယောဂဖြင့်ပင်လျှင် လျော့ကျပျက်စီးးအောင် ပြုလုပ်သည့်အခါမျိုးတွင် သုံးနှုန်းသည်။ မိမိမွေးမြူလာသည့်ကြက်ကို အလှကြည့်၍ ကျေနပ်ရန်သာရှိပါလျက် မိမိ တပင်တပန်း ကြိုးပမ်းချက်ကို မိမိပင်အရာမထင်အောင် ဖျက်ဆီးပစ်ဘိသကဲ့သို့ ထိုကြက်ကို အစတုန်း၊ ရိုက်သတ်စားခြင်းမျိုးကို အချည်းအနှီးဖြစ်စေသည်။ မိမိကျေးဇူးကို မိမိပြန်ဖျက်ခြင်း၊ မိမိကောင်းကျိုးးကို မိမိဆိုးပြစ်နှင့် ပြန်၍ ထေခြင်း စသည်ကဲ့သို့ မှတ်ယူကြသည်။ ထိုသို့သော အပြုအမူမျိုးကိုမိုက်မဲသူတို့သာလျှင် မိမိကြိုးပမ်းမှုကို ပြန်၍ ဖျက်သည်ဟူသော အယူအဆဖြင့်... (ဆက်ဖတ်ရန်)
သူတစ်ပါး၏အလိုဆန္ဒကို သိလိုမှု ကိုယ့်အလိုဆန္ဒဖြင့် နှိုင်းစာဆင်ခြင်ခြင်းပြုအပ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် မဆိုးဝါး၊ မမှားယွင်းနိုင်သော နည်းဖြစ်သည်ဟု ဆိုလိုသည်။ မိမိကိုယ်တိုင်မနှစ်သက်သော အနိဌာရုံကို သူတစ်ပါးနှစ်သက်မည်မဟုတ်။ မိမိလိုလား တပ်မက်သော ဣဋ္ဌာာရုံကို သူတစ်ပါးလည်း တပ်မက်နှစ်သက်မည် စသည်ဖြင့် သူတစ်ပါး ထားရှိမည့် စိတ်အလိုဆန္ဒကို ကိုယ်ချင်းစာနာစိတ်ဖြင့် နှိုင်းယှဉ်တွေးဆ သဘောထားခြင်း သည် မှန်ကန်သည်ဟု ဆိုလိုသည်။ မိမိကိုယ်တိုင် မနှစ်သက်၊ မခံချိသောအရာကို သူတစ်ပါး အား ခံယူစေခြင်းမပြုသင့်။ သူတစ်ပါးသည်လည်း မိမိကဲ့သို့ပင် ခံစားသိမှတ်တတ်သူဖြစ်သည် ဟု အစဉ်နှလုံးသွင်းရန် ရည်ညွှန်း၍သုံးသည်။ သို့ရာတွင် တစ်ဦးအဖို့ အကောင်းသည်... (ဆက်ဖတ်ရန်)