Browse

အရေးကြီးတော့ သွေးနီးရာ

သာမန်အချိန်တွင် ခင်မင်မှုအတိမ်အနက် မပေါ်လွင်မသိသာသော်ငြားလည်း အရေးကိစ္စ တစ်စုံတစ်ရာ ကြုံကြိုက်သောအခါများတွင် သွေးသားနီးစပ်ရင်းနှီးသူကိုသာ ပို၍အရေးထား တာဝန်ယူတတ်ကြသည်ဟုဆိုလိုသည်။ နီးစပ်သူအပေါ်၌ သံယောဇဉ် အားပို၍ကြီးသော လူ့သဘာဝကို ဖော်ပြရာ၍ သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)

အပြောမတက် ဆဲသလို၊ အထိုင်မတတ်ဖြဲသလို

အပြောအဆိုမတတ်သဖြင့် ပြောသင့် မသင့်၊ သူတစ်ပါး ထိခိုက်မထိခိုက် မဆင်ခြင်ဘဲ ပြောဆိုမိသည့်အခါ ကြမ်းတမ်းစွာဆဲရေးသည်နှင့် မခြား တစ်ဖက်သားအား နာကြည်းစေ နိုင်၍ ဣနြေ္ဒရစွာ သိုသိပ်သပ်ရပ်အောင် အနေအထိုင်မတတ်သဖြင့် ထိုင်ချင်သလိုဒူး ထောင် ပေါင်ကားထိုင်သောအခါ အရှက်မဲ့ ကိုယ်အင်္ဂါကို မစောင့်စည်း မသိုသိပ်ရာသို့ ရောက်သည်ဟု ဆိုလိုသည်။ နည်းလမ်းလိုက်နာဖွယ်ကို သတိမထားသောကြောင့်  မကောင်းသော စေတနာဖြင့် မကြံစည် မရည်ရွယ်ဘဲနှင့် အလွဲလွဲအမှားမှား ပြုမှုသိတတ် ပုံကို တင်စား၍ သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)

အေးစေလိုလို့ တရားနာ ပူဇာစအကျိုး

ရင်ထဲ၌ ပရိဒေ၀မီးတောက်လောင်၍ အေးချမ်းလိုသောကြောင့် တရားနာသော အခါတွင် တရားဟောပုဂ္ဂိုလ်က ပါဠိဂါထာဖြင့် “ပူဇာစ ပူဇနေယျာနံ´´စသည် ရွတ်ဆို ဟောပြလေရာ အပူကြောက်သည်၊ ပူဇာစတရားကို ရင်ဆိုင်ရပြန်သည်ဟုဆိုလိုသည်။ မိမိလိုလားရာမရောက်ဘဲ ဆန့်ကျင်ဘက်ပို၍သာ အခြေအနေဆိုးရွားရသည့်အခါတွင် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)

မြွေမသေ တုတ်မကျိုး

မြွေတစ်ကောင်၏ အန္တရာယ်ကို ဖယ်ရှားရာ၌ မြွေကိုရိုက်သတ်ခြင်းဖြင့် မြွေလည်းသေ၊ ရိုက်သည့်တုတ်လည်းကျိုးနိုင်သည်ဖြစ်ရာ မြွေကိုအဝေးသို့ထွက်ပြေး အောင် ခြိမ်းခြောက်မောင်းနှင်ခြင်းဖြင့် အန္တရာယ်လည်းကင်း၊ မြွေလည်းမသေ၊ တုတ်လည်းမကျိုး၊ အကျိုးရှိစေနိုင်သည်ဟု ဆိုလိုသည်။ နှစ်ဖက်အကျိုးမယုတ်ဘဲ ပြီး ပြတ်စေသော ဖြေရှင်းနည်းကို ရည်ညွှန်း၍ သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)

ကရဏိယနှင့်ဆွမ်းစား အံသွား ဗထက်ချိုက်လိုက်ပြီ

“လက်ရှိအတိုင်းနေလာသည်မှာကြာပြီ၊ အထူးအထွေအားထုတ်ဖွယ်ရာမရှိ”ဟု ဆိုလို သည်။ “မိမိနည်းနှင့်မိမိအောင်မြင်မှုအတွေ့ အကြုံများလှပြီ။ အခြားနည်း ရှာကြံလက်ခံဖွယ် မရှိ” ဟူ၍လည်း ဆိုလိုရာရောက်သည်။ ဤစကားမှာ ဆင့်ကဲတိုးတက်မှုကို မရှာလိုဘဲ လက်ရှိ နည်းမှတစ်ပါး အခြားနည်းကို ရှာကြံလိုသူများသာ သုံးစွဲသော စကားမျိုးဖြစ်သည်။ မိမိ လုပ်နည်းလုပ်ဟန်အရ အထိုက်အတန်အောင်မြင်မှုနှင့်ပင် အတွေ့အကြုံရှိလှပြီဟုအထင် ရောက်တတ် သူများ သုံးစွဲတတ်ကြသည်။ ဤစကားပုံ ဖြစ်ပေါ်လာပုံမှာ ဤသို့တည်း။ တစ်ခါသော် ရဟန်းကြီးတစ်ပါးကို ဒါယကာတစ်ဦးက “ဦးပဉ္ဇင်းကြီး စာပေပိဋကတ် ဆက်လက်သင်ကြားဖို့ ကောင်းတယ်။ ဒါမှ ကြည်ညိုကိုးကွယ် သူပေါပြီး ဆွမ်းမရှား ကွမ်းမရှား... (ဆက်ဖတ်ရန်)

ကိုယ့်အကြောင်း ခေါင်းအုံးမှသိ

မိမိမည်မျှ ပူဆွေးလွမ်းဆွတ်သော သောကဖြင့် ပူပန်ငိုကြွေးမျက်ရည်ကျခဲ့ရသည်ကို အခြားသူများ မမြင်လှာ၊ မသိလှာ၊ မိမိအခန်းတွင်း အိပ်ရာမှ မျက်ရည်ခံယူရာ ခေါင်းအုံးသည် သာလျှင် အသိဆုံးဖြစ်သည်ဟု ဆိုလိုသည်။ လူသည် မိမိကိုယ်အကြောင်းကို အခြားသူအကြောင်းထက် ပို၍ သိနိုင်ပေ သည်။ အခြားသူသည် မိမိအကြောင်း၊ မိမိအတွင်းသဘော၊ မိမိကွယ်ရာ အဖြစ်အပျက် တို့ကို အလုံးစုံမသိနိုင်။ မိမိအကြောင်းကို အခြားသူနှင့်စာသော် မိမိအိပ်စက်သည့် ခေါင်းအုံးက သာလျှင် သိနိုင်ခွင့်ရှိပေသေးသည်။ ကွယ်ရာ၌ဖြစ်သော အကြောင်းကိစ္စကို အပြင်လူ သက်သေပြနိုင်ဖွယ်ရာကား မရှိ။ သို့စေကာမူ အသက်မဲ့သော ခေါင်းအုံးသည်... (ဆက်ဖတ်ရန်)

ကိုယ့်ပေါင် ကိုယ်လှန်ထောင်းသလို

မိမိပေါင်ကိုလူရှေ့တွင်လှန်၍ မိမိဖာသာနာကျင်အောင်မိမိတံတောင်ဖြင့် ထောင်းကြိတ် ပြသသကဲ့သို့ဖြစ်နေသည်ကို ဆိုလိုသည်။ ပေါင်ဟူသော ကိုယ်ခန္ဓာအစိတ်အပိုင်းမှာ မဖွင့်မပြအပ်သော အရှက်သိမ်းဆည်းရာ အစိတ်အပိုင်းပင်ဖြစ်သည်။ လူရှေ့တွင် ပေါင်ကိုလှန်ပြခြင်းသည် ကိုယ့်အရှက်ကိုယ် ခွဲသည် နှင့်တူသည်။ လှန်ရုံမျှမက မိမိတံတောင်ဖြင့် ထောင်းပြန်သော် မိမိပယောဂဖြင့် မိမိသာ နာကျင်ရပေမည်။ ထို့ကြောင့် ရှက်လည်းရှက်ရ၊ နာလည်းနာရအောင် မိမိအပြုအမူဖြင့် မိမိ ပြုလုပ်ခြင်းကို ပမာပြု၍ မိမိပယောဂအဖြစ် မိမိအရှက်ကို ကွဲစေ၍ မိမိ နစ်နာအောင် ပြုမိသောအခါမျိုးတွင်သုံးနှုန်းသည်။ မိမိသားသမီး၏ ဆိုးယုတ်မှုအကြောင်းကို ဖွင့်ဖော်ပြော ဆိုရန်ရှိသောအခါ မလွှဲသာ၍ ပြောရစေကာမူ မိမိအတွက်... (ဆက်ဖတ်ရန်)

ကိုယ်မချိ အမိသော်လည်း သားတော်ခဲ

ကိုယ်တိုင် မရှုမကယ်နိုင်အောင် ဒုက္ခဝေဒနာရောက်နေသော မိခင်သည် ချစ်လွန်း လှသည်ဆိုသော မိမိရင်သွေး သားသမီးများကိုပင်လျှင် အကြောင့်ကြမရှာ မကယ်ယူနိုင်ဘဲ သားသမီးဟူ၍ အမှတ်မပြုနိုင်တော့လောက်အောင် လျစ်လျူပြု၍ မိမိ သက်သာမှုကိုသာ ၀ကွပ်၍ ရှာစမြဲဖြစ်သည်ဟု ဆိုလိုသည်။ မိခင်သည် ရင်မှဖြစ်သော သားသမီးတို့ကို ချစ်ခင်မြဲဖြစ်သည်။ သားသမီးတို့ အတွက် အဆင်းရဲခံ၊ အပင်ပန်းခံ၍ ပြုစုလုပ်ကျွေးသည်။ သို့ရာတွင် ကြီးကျယ်လှသော ဒုက္ခအပေါင်းကို ခံစားလာရသောအခါ သားသမီးအရေးထက် မိမိကိုယ်ရေးကိုသာ ရှေးရှုတတ်သော သဘောရှိ သည်။ အကျဉ်းအကြပ်အခါမျိုးတွင် မိမိကိုယ်ထက် ချစ်သောသူသည် မရှိဟူသောအချက်ကို ပေါ်လွင်စေရန်... (ဆက်ဖတ်ရန်)

ကုန်ရှုံးတစ်ခေါက်၊ လင်ကုန်ရှုံး တစ်သက်လုံးမှောက်၊ ဆရာရှုံးလျှင် တစ်သံသရာလုံးမှောက်သည်

ကုန်သွယ်သူသည် ကုန်စည်အမျိုးအစားနှင့် ပေါက်ဈေးအတွက် အချက်မှားလျှင် ဖြစ်စေ၊ အခြေအနေအရ စရိတ်ပိုမို ကုန်ကျခြင်း၊ ဈေးကျခြင်း၊ ကုန်စည်ပျက်စီးခြင်း စသည် တို့ကြောင့်ဖြစ်စေ အရှုံးပေါ်လျှင် တစ်ခေါက်အတွက်သာ ရှုံးပေမည်။ နောက် တစ်ခေါက်တွင် မြတ်ကောင်း မြတ်နိုင်စရာရှိသည်။ အိမ်ထောင်ပြုရာတွင် ကောင်းမွန်စွာ အသက်မွေးဝမ်းကျောင်းပြု၍ လုပ်ကိုင် ကျွေး မွေးသော အိမ်ရှင်လင်ယောက်ျားမျိုးကို မရဘဲ အလုပ်အကိုင် မလုပ်ချင် ပျင်းရိညံ့ဖျင်းရုံသာ မက မကောင်းမှုများဖြင့် သုံးဖြုန်းကာ နှိပ်စက်ရိုက်နှက်တတ်သော လင်ဆိုးနှင့်ကြုံရမည် ဆိုလျှင်မူကား တစ်သက်တာလုံးအတွက်မှောက်မှားခြင်းဖြစ်၍ ပြုပြင်ရန် ခက်ခဲစေတော့သည်။ ထိုမှတစ်ပါး တရားစစ်တရားမှန်ကို ညွှန်ပြနိုင်မည်... (ဆက်ဖတ်ရန်)

ကုလားသိုက် ကျားဝင်ကိုက်

ကုလားလူမျိုးအစုအဝေးတွင် ကျားဝင်၍ ဆူညံစွာ အောင်ဟစ်ကြသည်ကို ဆိုသည်။ ကုလား လူမျိုးများ စကားပြောသံသည် ဆူညံသည်ဟု မြန်မာများ၏နားတွင် မှတ်ထင်သည်။ နှုတ်အာ သွက်လက်ပေါ့ပါးသော လူမျိုးများဖြစ်၍ အာသံ လျှာလိပ်သံများသောကြောင့် အစုအဝေးလိုက် တစ်ယောက်တစ်ခွန်း ပြောဆိုကြသောအခါ နားမလည်ကြသူများအဖို့ နားငြီးဖွယ် ဖြစ်တတ် သည်။ ထို့ကြောင့် သဘာဝအားဖြင့် သာမန်အခါ၌ပင် ဆူညံသည်ဟု မှတ်ယူလျှင် ကျားဝင်ရောက်ကိုက်ခဲသဖြင့်ကြောက်လန့်တကြားနှင့်အော်ဟစ်ပြောဆိုကြသည့် အခါ ပို၍ဆူညံမည်ဟု တင်စားခိုင်းနှိုင်းဆိုခြင်းဖြစ်သည်။ နားမခံသာဖွယ် ဆူညံခြင်းကို ပုံခိုင်းသည်။ ... (ဆက်ဖတ်ရန်)



Page 2 of 4612345102030...Last »