Browse

ဆင်လိုက်ရာ ၀ါကြီးဝါငယ်မရွေးသာ

ရဟန်းများသည် အပေါင်းအစုနှင့်ကြွချီသောအခါ ၀ါကြီးသောရဟန်းက ရှေ့မှ ကြွ၍ ၀ါငယ်သောရဟန်းများက နောက်မှလိုက်ပါလာကြမြဲဖြစ်သော်လည်း ဆင်လိုက်၍ ပြေးကြရသောအခါတွင်ကား ဆင်၏အန္တရာယ်မှ လွတ်ရေးက အရေးကြီးသဖြင့် ၀ါကြီး ၀ါငယ် အစဉ်ကို မငဲ့သာဘဲ ပြေးကြရသည်ဟုဆိုလိုသည်။ စည်းကမ်း၊ တစ်စုံတစ်ရာ၊ သတ်မှတ်ချက် ရှိစေကာမူအရေးအခင်းအခြေအနေ အလျောက် သက်သာလွယ် ကူခရီးပေါက်ရောက်မှုကို ရှေးရှု၍ သင့်လျော်အောင် ကျင့်သုံးရသည့် ခြွှင်းချက်ရှိပုံကို တင်စားသုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

ဆင်သေကို ဆိတ်ရေနှင့်ဖုံး၍မလုံနိုင်

ကြီးမားသော ဆင်သေကောင်ကြီးကို ဆိတ်ငယ်၏သားရေနှင့်ဖုံး၍ မလုံနိုင်ဟု ဆိုလိုသည်။ အကြောင်းပြချက်၊ ချေပချက်၊ ဖုံးအုပ်ထိန်ချန်ချက်များသည် မူလအ အကြောင်းအရာကို မငုံမိ၊ မဖုံးမိဘဲ၊ မလုံမလောက်ဖြစ်နေရသည့်အခါတွင် သုံးနှုန်း သည်။ ဖုံးကွယ်၍မရအောင် ထင်လင်းမြင်သာသည်ကို ဖုံးကွယ်ခြင်းမပြုရန် သတိပေး သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

ဆင်ဖြူတော်မှီ၍ ကြံစုပ်သည်

ဆင်ဖြူတော်ကို ကြည့်ရှုလာသူများက ကြံများကျွေးသဖြင့် ကြံများစုပြုံပေါများ လျက်ရှိရာ ဆင်ကိုအမှီပြု၍ အမှုထမ်းရသူတို့က ဆင်၏အစွမ်းဖြင့်ရသော ကြံများကို ယူ၍စုပ်ကြသည်ဟု ဆိုလိုသည်။ သူတစ်ပါး၏ ဘုန်း၊ ဂုဏ်၊ အရှိန်အ၀ါကိုမှီ၍ အပင် ပန်းအကြောင့်ကြမခံဘဲ အသက်မွေးခြင်း သူတစ်ပါး၏အစွမ်းဖြင့်ရသော လာဘ်လာဘ ကို ကိုယ်တိုင်အားမထုတ်ဘဲ မှီတွယ်စားသုံးနေခြင်းစသည်တို့ကို  ရှုတ်ချ၍သုံးသည်။... (ဆက်ဖတ်ရန်)

ဆင့်ပါးစပ် နှမ်းပက်သည်

ကြီးမားလှသောဆင်ကြီး၏ ပါးစပ်ထဲသို့ သေးငယ်သောနှမ်းစေ့ကလေးကို ပက်သွင်း သည်ဟုဆိုလိုသည်။ မလုံမလောက် မစေ့မငှအတိုင်းအဆခြင်းကွာခြား သည့်အခါတွင် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

ဆန်ခိုးမမိ ဖွဲခိုးမိ

သူတစ်ပါးက ဆန်ခိုးသည်ကို မြင်သဖြင့် ရလိုရငြားနှင့် နောက်မှဝင်ခိုးသူသည် ဆန်မတွေ့တော့၍ ဖွဲကိုခိုးရလေရာ ဆန်ခိုးသွားသူကို ပိုင်ရှင်မမိပဲ ဖွဲခိုးသူမှာသာ အမိ ခံရသည်ဟုဆိုလိုသည်။ အကြီးအကျယ်ပြစ်မှုကျူးလွန်သူမှာ လည်ပတ်သဖြင့် အပြစ် မသင့်ပဲ အနည်းငယ် အပြစ်ပြုမိသူမှာ အလည်မ၀ယ်နှင့် အပြစ်ဒဏ်သင့်ရောက်ရသည့် အခါမျိုးတွင်လည်းကောင်း၊ သူတစ်ပါးနှင့်အတူ ပြုမူရာတွင် သူတစ်ပါးမှာအပြစ်လွတ်၍ တစ်ဦးတစ်ယောက်မှာသာ အပြစ်သင့်သည့်အခါမျိုးတွင်လည်းကောင်း သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

ဆန်ရင်း နာနာဖွတ်သည်

ဆန်ပြာသောအခါ ဆန်ကွဲအမှုန်တို့သည် စကောအဖျား၌စု၍ ဆန်သားဆန် ကောင်းများမှာ စကောလက်ရင်း၌ စုပုံသည်ဖြစ်ရာ အလုံးသန်သော လက်ရင်းဆန် စေ့များကို နာအောင်ဖွတ်ပေးမှ ဖြူစင်သော ဆန်ကောင်းရမည်ဖြစ်၍ ဆန်ဖျား၊ ဆန်ကွဲ တို့ကို နာအောင်ဖွတ်သော် အမှုန့်ကျေသာ ဖြစ်လာနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ထို့ ကြောင့် ဆန်ကောင်းရလိုလျှင် ဆန်ရင်းကိုဖိ၍ ကျပ်ကျပ်တင်းတင်း ကွပ်အုပ်ဆုံးမလျှင် ဆွေကောင်း မျိုးချွန်ပေါ်ထွက်လာနိုင်၍ ကြီးသူတို့အုပ်ထိန်းမှုတာဝန်လည်း ကျေပွန်မည် ဖြစ်ပြီး သွေးဝေးသူတို့ကို မကွပ်ညှပ်ပိုင်၍ အလွတ်အသာ ကြည့်နေရန်သာရှိသည်ဟု ဆိုလိုသည်။... (ဆက်ဖတ်ရန်)

ဆန်ပေးမှ ဆေးရသည်

ဆန်နှင့်ဆေးကို လဲလှယ်၍ယူရာတွင် ဆေးကို အခမဲ့ရသည်မဟုတ် ဆန်ပေး၍ သာ ဆေးကိုရခြင်းဖြစ်သည်။ ကျေးဇူးတင်စရာ ငဲ့ကွက်စရာအကြောင်းမရှိဟုဆိုလို သည်။ အခမဲ့အလကားရသည်မဟုတ်ပဲ ထိုက်တန်သောကျေးဇူးပြုမှုအလျောက် အတုံ့ အပြန် ဖြစ်ပေါ်သော အကျိုးပေးမှုကို ပေါ်လွင်စေရန်သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

ဆပ်ပြာကောင်း၍ ခေါင်းပေါင်းဖြူသည်

ခေါင်းပေါင်းကို လျှော်ဖွတ်သဖြင့် ကောင်းစွာဖြူဖွေးရခြင်းမှာ လျှော်ဖွတ်သူ၏ လုံ့လအစွမ်းကြောင့်မဟုတ်ဘဲ ဆပ်ပြာက အမျိုးအစားကောင်းသဖြင့် ချေးချွတ်ကွာစေ သောကြောင့်ဖြစ်သည်ဟုဆိုလိုသည်။ အကျိုး၏ ပမာဏအကြောင်းကို မှန်မှန်ကန်ကန် ရှုမြင်တတ်စေရန်လည်းကောင်း၊ အကြောင်းရင်းအမှန်ကို ထွင်းဖောက်မြင်နိုင်ရန်လည်း ကောင်း၊ ဖြစ်ပျက်မှုတို့၏ အကြောင်းရင်းခံကို ကွဲပြားခြားနားစွာ ညွှန်ထောက်နိုင်စေရန် လည်းကောင်း ပမာဏတင်၍ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

ဆရာများ သားသေ

သားငယ် မကျန်းမာသဖြင့် မိဘက ဆရာသမားများကို ပင့်ခေါ်ကုသလေရာ တစ်ဦးက တစ်နည်းကောင်း လက်တည့်စမ်း၍ ညွှန်ပြကြသဖြင့် ဟိုနည်းကောင်းနိုး၊ သည်နည်းကောင်းနိုးနှင့်ကုလေရာ နည်းပေါင်းစုံ၍ နောက်ဆုံးသားသေရသည်ဟု ဆိုလို သည်။ နည်းစနစ်တစ်ခုခုကို ဇောတ်ချ၍ လိုက်နာခြင်းမရှိဘဲ အမျိုးမျိုးစမ်းသပ်နေခြင်း ဖြင့် အကျိုးမထင် ပျက်စီးဖွယ်ရာသာ ဖြစ်ကြောင်းကို ရည်ညွှန်း၍ဆိုသည်။... (ဆက်ဖတ်ရန်)

ဆရာမပြ ငါးပိဖုတ်မှနည်းမကျ

အလွန်လွယ်ကူသည်ဟု ထင်ရသည့် ငါးပိဖုတ်ခြင်းကိုပင် သွန်သင်ပြသသူမရှိက ကောင်းမွန်နည်းကျစွာ မလုပ်တတ်ဟု ဆိုလိုသည်။ သွန်သင်နည်းပြခြင်းကို စနစ်တကျ ခံယူအပ်ကြောင်းကို ထောက်ခံသုံးနှုန်းသည်။... (ဆက်ဖတ်ရန်)



Page 10 of 46« First...89101112203040...Last »