ဝါဂွမ်းတစ်လှည်းစာ မီးဖုတ်၍တစ်ဆုပ်မရ

လှည်းတစ်စီးတိုက်စာ ၀ါဂွမ်းများသည် ထုထည်အားဖြင့် ကြီးမားများပြားသော် လည်း မီးတိုက်၍ပြာဖြစ်သွားသောအခါ လက်တစ်ဆုပ်စာမျှမရှိဟူ၍ ဆိုလိုသည်။ ပမာဏအားဖြင့် ကြီးမားသည်ဟုထင်ရသော်လည်း အနှစ်သာရအားဖြင့် နည်းပါး ကြောင်းကို ထင်းရှားစေလို၍ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

ဝါးလုံးခေါင်းထဲ လသာသည်

လသည် ကောင်းကင်အာကာယံ၌ ထွန်းလင်းဝင်းပသဖြင့် မြေပြန့်အရိပ်ကင်းရာ ၌ လရောင်သာ၍ လူအများကြည့်ရှုနှစ်သိမ့်ခြင်းဖြစ်ရပေရာ ၀ါးလုံးခေါင်းအတွင်း၌ လသာနေသောအခါတွင်ကား မည်သူမျှလည်း မကြည့်မြင်သာ မည်သို့မျှလည်းအကျိုး မပြုဟုဆိုလိုသည်။ အရာဌာနမဟုတ်သည့်နေရာ၌ ၀င့်ဝါအစွမ်းပြ၍နေခြင်းဖြင့် အကျိုး မရှိပုံကို ပေါ်လွင်စေလို၍ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

ဝါးဆွေးကိုချွန်၍ မထက်

ဆွေးမြည့်နေသောဝါးသည် အသားမွ၍ ကျေပျက်လွယ်သောကြောင့် ထက်မြက် အောင် သွေးချွန်သော်လည်း ထက်နိုင်မည်မဟုတ်ဟုဆိုလိုသည်။ ပင်ကိုအရည်အသွေး ပြည့်တင်းခိုင်မာခြင်းမရှိသူအား ဖြစ်စေလိုသကဲ့သို့ ပြုပြင်သွန်သင်သော်လည်း မရနိုင်၊ မဖြစ်နိုင်ဟုဆိုလိုသည်။... (ဆက်ဖတ်ရန်)



Page 2 of 212