ဒုစရိုက်မကောင်းမှု ပြုကျင့်သဖြင့် ငရဲသို့လားရမည့် အကုသိုလ်ကို ကောင်းမှု များစွာ ပြုလုပ်သော ကောင်းမှုအကျိုးကုသိုလ်က ကြီးမားသဖြင့် ငရဲသို့မကျအောင် ဖုံးကွယ်ချေဖျက်နိုင်စွမ်းသော်လည်း မကောင်းမှု၏ အကျိုးဆက်ကြောင့် နောင်ဘ၀များ ၌ အလားတူ အတုံ့အပြန် ခံရမှုမျိုးကိုမူကား ရှောင်ဖယ်၍မလွတ်ဘဲ ခံရမြဲဖြစ်သည်ဟု ဆိုလိုသည်။ (မြတ်စွာဘုရား၏ ၀ိပါတ်တော် ၁၂ ခန်းကို ညွှန်းသည်။) မကောင်းမှု၏ အကျိုးသည် တစ်နည်းမဟုတ်တစ်နည်း ထင်ကျန်မြဲဖြစ်သည်ဟု ဆိုလိုသည်။ ... (ဆက်ဖတ်ရန်)
ဝှေ့ချင်သောနွားသည် ဝှေ့ရမည့်နွားအဖော်အဖက်ကို ရှာ၍ ဝှေ့တတ်သည်ဟုဆို လိုသည်။ မကောင်းမှုကိုပြုလိုသူသည် မကောင်းမှုပြုလုပ်မည့်သူကိုသာ အမြဲရှာဖွေနေ တတ်ကြောင်းကို ထင်ရှားစေရန် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
တောဝက်ကို ဖမ်းရန်အတွက် လိုက်ပါသွားသောသူသည် အိမ်တွင်နေခဲ့သူနှင့် မတူဘဲ တောဝက်၏ပက်ကော်တိုက်ခိုက်ခြင်းကို ခံရမည်သာဖြစ်သည်ဟု ဆိုလိုသည်။ တစ်စုံတစ်ရာကို ပြုလုပ်ရာတွင် ထိုပြုလုပ်ခြင်းအတွက် သက်ရောက်မည့်အကျိုးအဆိုး အကောင်းကို ရှောင်ကွင်း၍မရနိုင်ကြောင်း သတိပေးသည့်အနေဖြင့် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
ဝက်သည် လူ့မစင်ကို အစာအဟာရအဖြစ် စားသောက် အသက်မွေးရသည်ဖြစ် ရာ ၀က်ဖြစ်ပါလျက် မစင်ကိုရွံရှာ၍ မစားဘဲရှောင်နေခြင်းဖြင့် အစာငတ်ရမည်သာဖြစ်၍ မစင်ကိုမကြောက်နှင့်ဟုဆိုလိုသည်။ မလွှဲမရှောင်သာဘဲ ရောက်ရှိနေရသော အခြေ အနေတွင် ထိုအခြေအနေအရ ပြုလုပ်ရင်ဆိုင်ရမည့် အခက်အခဲကို ကြောက်ရွံ့မနေရန် အားတင်းပေးသောသဘောနှင့် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
သစ်သားပန်းလှီး ဖောက်ထွင်းထုသောလုပ်ငန်းကို လုပ်ကိုင်သူသည် အပေါက် ငယ်များကို ဖောက်ထွင်းရာ၌ စူးတန်နှင့်တန်ရာစူး၊ လွန်နှင့်ဦးစွာ လွန်သင့်ရာ၌ လွန်စ သည့်ဖြင့် အဆင့်ဆင့်ပြုလုပ်ဆောင်ရွက်ခြင်းမရှိဘဲ အစကတည်းက ဆောက်နှင့်ထွင်း သည်ဟုဆိုလိုသည်။ တဖြည်းဖြည်း တစစတိုးတက်လုပ်ရမည့်လုပ်ငန်းကို တစ်ဟုန် တည်း စတင်ခြင်း၊ စလျှင်စချင်း၊ ချို့ယွင်းမှု အပြစ်အနာများကို ဦးစွာပြုလုပ်မိခြင်း၊ အစဦးသိမ်မွေ့ရမည့်နေရာ၌ ကြမ်းတမ်းစွာ ဆက်ဆံခြင်းစသည်တို့တွင် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
သယ်ယူမည့်ဝန်သည် သယ်ယူနိုင်မည့်အင်အားနှင့် မျှတခြင်းရှိရမည်။ ပစ်မည့် မြားသည် ပစ်သည့်လေးနှင့် အင်အားချင့်ချိန်မှု မျှတရမည်ဟု ဆိုလိုသည်။ အတိုင်း အဆပမာဏချင်း လိုက်ဖက်ညီမှ ပြေပြစ်ချောမောမည်ဖြစ်ကြောင်းကို သတိပေးသည့် အနေဖြင့် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
ဝိဟူသော စာလုံးကို ရေးလိုသောအခါ မူလအက္ခရာအတွက် ၀တစ်လုံးလုံးကြီး တင်အတွက် ၀တစ်လုံးစသည်ဖြင့် ၀လုံးလိုအပ်သည်ဖြစ်ရာ ၀မရှိဘဲနှင့် ထဆင်ထူးကို ထောင်၍ ၀ိအဖြစ်ကြံဖန်ပြုလုပ်သည်ဟု ဆိုလိုသည်။ နဂိုမူလက အရည်အချင်း၊ အစု အဆောင်းကိုယ်ပိုင်မရှိဘဲ သူတစ်ပါး၏ပစ္စည်းငှားဖြင့်ဖြစ်စေ၊ ၀င့်ကြွားသော အဆောင် အယောင်ဖြင့်ဖြစ်စေ ရှိသည်ထက်ပို၍ ဟန်ဆောင်ခြင်းကို ရှုတ်ချသောအားဖြင့် သုံးနှုန်း သည်။ ... (ဆက်ဖတ်ရန်)
ဝမ်းဆွဲလက်သည်မကျွမ်းကျင်သဖြင့် သားဖွားခက်ခဲလျက် ရှိသောအခါတွင် ၀မ်းဆွဲက မိမိမကျွမ်းကျင်မှုကို အပြစ်မတင်ဘဲ ဓမ္မတာအတိုင်း သားဖွားမှု ခက်ခဲသည် ကိုသာ အပြစ်တင်၍ ပြောသည်ဟုဆိုလိုသည်။ မိမိချို့ယွင်းချက်ကို အပြစ်မမြင်ဘဲ အခြားအကြောင်းပြစရာကို အပြစ်လွှဲချတတ်ခြင်းကို ရှုတ်ချသည့်အနေဖြင့် သုံးနှုန်း သည်။ ... (ဆက်ဖတ်ရန်)
အစာအိမ်က အစာကောင်းစွာ ချေချက်နိုင်ခြင်းမရှိခဲ့သော် ရောဂါဘယ အမျိုးမျိုး အထွေထွေ ဖြစ်ပွားတတ်ပေရာ အစာအိမ် ၀မ်းတစ်ခုက ကောင်းမွန်နေခဲ့လျှင် အခြား ရောဂါများကို မဆိုထားဘိ၊ ခေါင်းပင်လျှင် မကိုက်ခဲနိုင်ဟုဆိုလိုသည်။ အချက်အခြာ နေရာက ကောင်းမွန်လျှင် အခြားဆက်စပ်ရာ အစွယ်အပွားများပါ ကောင်းမွန်သည်ဟု ဖော်ပြရာ၌ သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
မိမိဝမ်းနှင့်လွယ်၍ မွေးရခြင်းမရှိသော မွေးစားသမီးတို့သည် မိမိတို့၏ သားသမီး ရင်းများနှင့် ထပ်တူထပ်မျှ သားသမီးဟုမည်တွင်ရလောက်အောင် ကျေးဇူးသိ၊ ခင်တွယ် တတ်ခြင်းမရှိဟုဆိုလိုသည်။ မွေးစားသားသမီးတို့အား အစစ်အမှန်အားမကိုးရကြောင်း ကိုသုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)