မွန်မြတ်သော အမြုတေတို့သည် ကောင်းမြတ်သော အမြုတေတို့နှင့်သာ ပေါင်းစု ထားတတ်မြဲဖြစ်သည်ဟု ဆိုလိုသည်။ သဘာဝအရည်အသွေးတူသော အရာတို့သည် သာ စုပေါင်းတည်မြဲ သဘာဝကို ဖော်ညွှန်း၍ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
အချစ်မေတ္တာဟူသည်မှာ ကြင်နာမှုဖြင့် ပေါင်းစပ်မှ ခိုင်မြဲမှန်ကန်မှုရှိသဖြင့် ကြင်နာ မှုရှိမှ အချစ်ဟူ၍ ခေါ်ဆိုနိုင်သည်ဟုဆိုလိုသည်။... (ဆက်ဖတ်ရန်)
အကြံအစည်ရည်မှန်းချက်ခြင်း တူညီနေသောအခါ အချင်းချင်းတုပြိုင်၍ တစ်ယောက်ကိုတစ်ယောက် အသားယူရန် ၀န်တိုရန်ပြုလာတတ်သဖြင့် ရန်သူဖြစ် ရသည်ဟု ဆိုလိုသည်။ အကြံအစည်တူညီသူချင်းကို စိတ်ချ ယုံကြည်နိုင်စရာနည်းပါး ကြောင်းကို ပေးသည့်အနေဖြင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
မူလအရင်းခံဖြစ်သော အရိုးအစဉ်ကို အရွက်နှင့်တူသော နောက်မှပေါ်ထွက် သည့် ဆန်ပြားပြုပြင်မှုတို့က ဖုံးကွယ်ဖျောက်ဖျက်ခြင်း မပြုစေသင့်ဟု ဆိုလိုသည်။ ရှေးရိုး ရာအစဉ်အလာကို ထိန်းသိမ်းသင့်ကြောင်း တင်ပြရာ၌ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
အရူးဖြစ်ပါသည်ဟူ၍ သူတစ်ပါး၏ ခွင့်လွှတ်ချက်ကို အခွင့်ကောင်းယူကာ သူတစ် ပါးကို စော်ကား၍ အိမ်ဦးတွင် ချေးယိုသည်ဟုဆိုလိုသည်။ ခွင့်လွှတ်မှုကို အခွင့်ကောင်း ယူလွန်းခြင်း မပြုရန်သတိပေးသည့်အနေနှင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
အရူးကို မီးဝိုင်းနေသည့်အခါ အရူးမှာ နဂိုအတိုင်းစိတ်မနှံ့သဖြင့် မပြေးလွှားတတ် ဖြစ်နေရာ ပို၍ပင် မကြံမဖန်တတ်ဘဲ ဒုက္ခရောက်ရသည်ဟုဆိုလိုသည်။ ဒုက္ခရောက်ရ သည်ဟုဆိုလိုသည်။ ဒုက္ခပေါင်းများစွာ လွတ်ရာမရ စုအုံဆိုက်ရောက်ရသော အခြေ အနေကို ပေါ်လွင်စေရန် တင်စားသုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
နှစ်ယောက်သတ်ပုတ်ရာ၌ တစ်ယောက်သောသူသည် ရှုံးနိမ့်၍ အောက်ဘက်၌ ဖိသတ်ခြင်းခံနေရသော်လည်း နှုတ်မှမူ အလျော့မပေးဘဲ ကြိမ်းမောင်းဆဲဆို၍ နေသေး သည်ဟုဆိုလိုသည်။ မိမိမစွမ်းနိုင်သည့်တိုင်အောင် နှုတ်မလျော့သူကို ရှုတ်ချသောအား ဖြင့်သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)