အိုးတော်လုပ် ဖုတ်ရင်းကမကျက်

ခ၀ါသည်ကို ပျက်စီးစေလို၍ ဆင်ကို ပေါင်းတင်ဖွပ်ရန် လျှောက်တင်မိသော အိုးထိန်းသည်သည် ဆင်ဝင်ရန်အိုးကိုလုပ်ရာ ဆင်နင်း၍ ကွဲလေလျှင် ခ၀ါသည်က အိုးတော်လုပ်ရာ၌ မိးဖုတ်ရင်းကပင်လျှင် မကျက်၍ကွဲရပါသည်ဟုဆိုသည်ကို ဖော်ပြသည်။ ပင်ကို မူလက အခြေခံမကောင်း၍ ပျက်ယွင်းရခြင်းသဘော မူမမှန်သည့် သဘောကို တင်ပြရာ၌ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အူမတောင့်မှ သီလစောင့်နိုင်မည်

အစာအိမ်အူမ တောင့်တင်းပြည့်ဝအောင် စားသောက်နေထိုင်နိုင်ပါမှ ကိုယ်ကျင့် တရားလည်း စိတ်အေးသက်သာ ထားရှိထိန်းသိမ်းနိုင်မည်ဟုဆိုလိုသည်။ တရားအား ထုတ်ခြင်းသည်လည်းကောင်း၊ ကိုယ်ကျင့်တရားကောင်းမွန်၍ ဒုစရိုက်နှင့်ကင်းဝေးခြင်း သည်လည်းကောင်း ၀မ်းရေးပြည့်စုံမှသာ ဖြစ်နိုင်သည်ကို ရည်ရွယ်၍ဆိုလိုသည်။... (ဆက်ဖတ်ရန်)

အချောပြင်ခေါပျဉ်ဖြစ်သည်

ကောက်ညှင်းပေါင်းကို ပို၍နူးညံ့အိစက် ချောမွေ့အောင် အဆင့်ဆင့် ပြုပြင် ထုထောင်းသဖြင့် ကောက်ညှင်းပေါင်းအဖြစ် မနေတော့ဘဲ ခေါပျဉ်ဖြစ်သွားရသည်ဟု ဆိုလိုသည်။ ပြုပြင်သည်ထက် ပိုလွန်ပြုပြင်လွန်းသဖြင့် အကျိုးပိုမလာဘဲ ပျက်၍သွားရ သည့်အခါတွင် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အတောင့်မကြီး အသီးမမာ

ဂုံညင်း၊ ရွေးပဲစသော အတောင့်နှင့်သီးတတ်သော အသီးမျိုးသည် အတောင့်ကြီး ရင့်မှလည်း အတွင်းက အသီးအဆန်သာ မာတင်းပြည့်ထွားခြင်းရှိသည်။ အတောင့်မကြီး ရင့်ပါက အသီးလည်း မရင့်မာနိုင်ဟုဆိုလိုသည်။ အခြေခံအရွယ်ကာလ ဉာဏ်ပညာ အရည်အချင်းသည် ကြီးမားခိုင်ခံ့မှ လုပ်ကိုင်ဆောင်ရွက်မှုသည်လည်း ဉာဏ်ပညာ အလျောက် ကြီးမားပြည့်မြောက်နိုင်သည်ဟုဆိုရာ၌ သုံးနှုန်းသည်။ အရည်အသွေးရှိမှ စိတ်ဓာတ်အဆင့်အတန်း မြင့်မားသည်ဟုလည်း ဆိုလိုရာရောက်သည်။... (ဆက်ဖတ်ရန်)

အပွေးမြင် အပင်သိ အသွေးမြင် အသွင်သိ

အပွေးအခေါက်ကို မြင်ရုံမျှနှင့် မည်သည့်သစ်ပင်ဖြစ်သည်ကို သိနိုင်သကဲ့သို့ အပေါ်ယံ အရည်အသွေးကို ကြည့်ရုံနှင့် အသွင်သဏ္ဍာန်အလေ့စရိုက်ကို ထိုးထွင်းသိနိုင်သည်ဟု ဆိုလိုသည်။ အပေါ်ယံအကဲရိပ်ဖြင့် အနှစ်သာရ အတွင်းသဘောအလေ့စရိုက်ကို ချင့်ချိန် သိစွမ်းနိုင်ကြောင်း တင်ပြရာ၌ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အပေါ်ယံ ရွှေမှုန်ကြဲ အထဲနွားချေးခံ

ယွန်းထည်များတွင် အပေါ်ယံက ရွှေမင်ဖြင့် ရေးခြယ်ထား၍ ရွှေရောင်တ၀င်းဝင်းနှင့် လှပ တင့်တယ်သော်လည်း အတွင်းသားရိုး၌ နွားချေးဖြင့် လိမ်းကျံထားသည်ဟု ဆိုလိုသည်။ အပြင်ပန်အားဖြင့် ပြရုပ်ကောင်းစေကာမူ အတွင်းသဘော၌ စဉ်းလဲကောက်ကျစ် ညစ်နွမ်းပုံကို တင်စား၍ ဖွဲ့နွဲ့သည်။... (ဆက်ဖတ်ရန်)

အမေးကျွဲကျောင်း အဖြေဘုရားလောင်း

မေးလိုရာမေးရသည်မှာ ကျွဲကျောင်းသားအဖို့ပင် အလွယ်အသင့်ဖြစ်နိုင်သော် လည်း ထိုအမေးကို ပြည့်စုံအောင် ဖြေကြားရန်ပညာဉာဏ်ရှိသော ဘုရားလောင်းမှပင် ဖြေကြားနိုင်မည်ဟု ဆိုလိုသည်။ အမေးလွယ်သလောက် အဖြေခက်ခဲတတ်ပုံကို တင်စား၍ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အလောင်းမှန် ရထားဆိုက်သည်

ဘုရားအလောင်းအလျာတို့အား တန်ဖိုးအလျောက် ဖုဿရထားဆိုက်၍ အထွတ် အမြတ်သို့ရောက်ရသော ဇနကဇာတ်ကို ထောက်၍အလောင်းအလျာမှန်က ရထားဆိုက် သည်ဟုဆိုလိုသည်။ (အသုဘအလောင်းရှိရာ အလောင်းတင်ရထားဆိုက်သည်ဟု အချို့ယူဆနေကြသည်။) ထိုက်လျော်သောသူသည် မိမိအရည်အချင်းအားလျော်စွာ ထိုက်လျော်သော အခွင့်အလမ်းရရှိနိုင်ကြောင်း ဖော်ပြသုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အကြောင်းတော်လျှင် တော်ပေါ်ခရီးသည်

ရေသည် တော်ပေါ်အမြင့်မှ အောက်သို့ ရေစီးဆင်းမြဲသာဖြစ်သော်လည်း လူတို့၏ စီမံပြုလုပ်တတ်မှု အကြောင်းခံရှိလျှင် တောင်အောက်မှ ရေသည်ပင် တောင်ပေါ်သို့ ပြန်၍ တက်အောင်ပြုလုပ်နိုင်သည်ဟုဆိုလိုသည်။ မဖြစ်နိုင်ဟု ထင်ရသောအရာမှာ ဖြစ်နိုင်လောက်သော အကြောင်းဆုံစည်းမှုရှိလျှင် ဖြစ်လာနိုင်သည်ဟုဆိုလိုသည့်အခါ တွင်သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အခြွေသန်မှ အရံပေါ်သည်

မိမိက ဖဲ့ခြွေပေးကမ်း မစတတ်မှ ၀ိုင်းရံစောင့်ရှောက်မည့်သူ ပေါ်ပေါက်နိုင်သည် ဟုဆိုလိုသည်။ စေးနဲခြင်းမပြုဘဲ သူတစ်ပါး အကူအညီရအောင် ဖြန့်ဝေပေးကမ်းတတ် ရန်နှိုးဆော်သည့်အနေဖြင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)



Page 8 of 9« First...56789