သူတစ်ပါးကို အားနာလွန်းသဖြင့် မိမိ၏အင်အား၊ ပစ္စည်းကုန်ခမ်းထိပါးရသည်ဟု ဆိုလိုသည်။ အားနာလွန်ကဲမှုကို သတိဖြင့်ဆင်ခြင်ရန် ညွှန်ပြရာ၌သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
မိမိခွန်အားနှင့်မဆောင်ရွက်နိုင် မစွမ်းဆောင်နိုင်သော အရာ၌ ဆောင်ရွက်လို သော ဆန္ဒမာန် အားထက်သန်မှုကိုလျော့ပါးပစ်ခြင်းဖြင့် သက်သာရာရစေသင့်သည်ဟု ဆိုလိုသည်။ မိမိအင်အားနှင့် မပြိုင်ဆိုင်နိုင်သောအခါ မိမိစိတ်ကို ထိန်းချုပ်ရန် တိုက်တွန်း ရာ၌ သုံးသည်။... (ဆက်ဖတ်ရန်)
ဖားကောက်သူသည် အိတ်အပေါက်နှင့်ဖားကောက်လေရာ ကောက်၍ထည့်လေ သမျှဖားများက အပေါက်မှ လျောကျခုန်ထွက်၍ တစ်ကောင်မျှ မကျန်ဘဲရှိသည်ဟုဆိုလို သည်။ ရသမျှအဖတ်မတင်အောင် ထွက်လမ်းရှိသူကို ရည်၍ မစုဆောင်းမိခြင်းကို အပြစ် ဆိုသုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
အလုပ်အကိုင်အတည်တကျ ကြိုးစားလုပ်ကိုင်ခြင်းမရှိဘဲ နေသော်လည်း အလုပ် အကိုင်မရှိခဲ့သော် အိမ်နီးချင်းမရိုသေမည်စိုး၍ ရုံးအမှုထမ်း အရာရှိဖြစ်နေဟန်ဖြင့် ရုံးတက်ချိန်၊ ဆင်းချိန်မှန်မှန် ရုံးသို့အသွားအပြန် ဟန်ဆောင်နေသည်ဟုဆိုလိုသည်။ တကယ်စိတ်မ၀င်စား၊ အမှန်အကန်အားမထုတ်ဘဲ ဟန်ပြမျှလောက်သာ ပြုလုပ်ခြင်းမျိုး ကို ရှုတ်ချသောအားဖြင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
အိမ်သစ်လွင် ခိုင်ခန့်စဉ်က အဖီအဆွယ်မထုတ်ဘဲ အိမ်အိုမင်းဆွေးမြည့်ပါမှ မီးဖို ဆောင်အသစ်ထုတ်၍ ဆောက်လုပ်သည်ဟုဆိုသည်။ အခါမဟုတ်မှ မလိုအပ်သည်ကို ပြုလုပ်သည့်အခါ ရှုတ်ချသောအားဖြင့်သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
အိမ်သည် ဟောင်းမြင်းယိုင်နဲ့လာလျှင် မပြိုကျအောင် ကျားကန်ပေးရသည့်နည်း တူ မိန်းမတို့အိုမင်းလာလျှင် အလှဆုတ်ယုတ်လာမည်ဖြစ်သဖြင့် ပန်းပန်၍ အလှပြင်ဆင် သည်ဟုဆိုလိုသည်။ ပျက်စီးပျက်ယွင်းသည်ကို ပြုပြင်ရန်လိုကြောင်း တင်ပြသည့်အနေ ဖြင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
ရေအနက်အစောက် ရေရှိနေသော အိုင်မှန်ပါမှသာ ကြာပင်ပေါက်ရောက်နိုင် သည်။ ရေပြင်ဖြစ်ရုံဖြင့် ကြာမပေါက်နိုင်ဟု ဆိုလိုသည်။ လုံလောက်သောအကြောင်း အခြေခံရှိသည့်အခါမှသာ ထိုနှင့်လျော်သော အကျိုးဖြစ်ပေါ်နိုင်သည်ဟု ဆိုလိုရာ၌ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
ကျွဲသည် ရွှံ့ရေအိုင်ကို အလွန်နှစ်သက်၍ ရေအိုင်၍စိမ်လူး၍ ပျော်ပါးတတ်သည့် တိရစ္ဆာန်ဖြစ်ရာ ရေအိုင်ကိုမတွေ့ပါလျက် မလူးဘဲနေသော ကျွဲသည် ကျွဲရူးသာဖြစ်သည် ဟုဆိုလိုသည်။ သာမန်အားဖြင့် ပုထုဇဉ်လူတို့ ပြုလုပ်တတ်သည့်သဘာဝကို ကျော်လွန် ထိန်းချုပ်နိုင်ခြင်းမရှိနိုင်၊ ရှိနိုင်သည်ဟု ယုံကြည်ခြင်းမှာ မှားယွင်းမည်သာဖြစ်သည်ဟူ သော သဘောကိုတင်ပြရာ၌ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
အိုးချင်းအတူထားခဲ့လျှင် အိုးတစ်လုံးနှင့်တစ်လုံး ထိခိုက်မိတတ်၍ ကြိုးခွေချင်း အတူထားသော်လည်း ကြိုးချင်းယှက်ထွေး ငြိရှုပ်တတ်သည်ဟုဆိုလိုသည်။ မိန်းကလေး ယောက်ျားလေး ငယ်ရွယ်သူချင်း နီးစပ်စွာ ထားခဲ့လျှင် မေတ္တာငြိတွယ်တတ်သည်ကို သတိပေးသောအားဖြင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
အိုးကရွဲ့လိန်နေသောအခါ စလောင်းဖုံးတည့်တည့်ကို ဖုံး၍မရ ရွဲ့နေသောအိုးကို လုံအောင် ရွဲ့နေသောစလောင်းနှင့်သာ ဖုံးရမည်ဟုဆိုလိုသည်။ တစ်ဖက်က အရိုးအစဉ် ဖောက်ဖျက်ဆန့်ကျင်နေသူကို နည်းလမ်းရိုးဖြင့် မတွေ့ဆုံဘဲ ထိုနည်းအတိုင်း ဆန့်ကျင် ဖောက်ဖျက်သောနည်းနှင့် ဖြေရှင်းရန်နှင့် အကြောင်းအရာနှင့် အံဝင်ခွင်ကျသောတွေ့ဆုံ နည်းကိုသုံးရန် ညွှန်ပြရာ၌ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)