အလျင်လို လမ်းအိုလိုက်

ခရီးလမ်းတွင် အလျင်လိုသောအခါ လမ်းသစ်ကိုရှာ၍ လိုက်ပါက လမ်းထွင်၊ ရှာရသည်နှင့် ပို၍ဖင့်နှေး ကြန့်ကြာတတ်သဖြင့်ထွင်ပြီး လမ်းဟောင်းလမ်းရိုးကိုသာ စိတ်ချလက်ချ လိုက်တတ်သည်ဟုဆိုလိုသည်။ နည်းစနစ်လမ်းဟောင်းတို့သည် ခိုင်လုံကောင်းမွန်စိတ်ချရအောင် စမ်းသပ်ပြီး ဖြစ်တတ်ပုံကို ထင်ရှားစေလိုရာ၌ သုံးသည်။... (ဆက်ဖတ်ရန်)

အလှူရှင် ငါးကြော်အိုး၊ ဆွေမျိုးချည်းပဲ

အလှူရှင်၏ ပရိသတ်ကျွေးရန် ငါးကြော်အိုးအနီးတွင် သူစိမ်းများဝင်နိုင်၊ ချဉ်းနိုင် ခွင့်မရဘဲ အလှူရှင်၏ ဆွေမျိုးသားချင်းတို့ကသာ ခွစီးစုအုံသိမ်းရုံး၍ စားသောက်နေကြ သည်ဟု ဆိုလိုသည်။ အခွင့်အရေးကို လူအများမျှတစွာ ခံယူနိုင်ခွင့်မရဘဲ နီးစပ်သော လူတစ်စုကိုသာကွတ်၍ ရယူခွင့်ပြုခြင်းမျိုးကို ရှုတ်ချသည့်အနေဖြင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အလှူရှင်မှန်းသိအောင် မဏ္ဍာပ်တိုင်တက်ပြသည်

အလှူပွဲတွင် အလှူရှင်သည် မိမိအား အလှူရှင်ဖြစ်ကြောင်း ကွဲကွဲပြားပြား သိမြင်နိုင်အောင် မဏ္ဍာပ်တိုင်ကို ပြုပြင်စရာရှိဟန်နှင့် ကိုယ်တိုင်တက်၍ အလှူရှင် ကိုယ်ရောင်ပြနေသည်ဟုဆိုလိုသည်။ မိမိ၏စွမ်းဆောင်မှု၊ ကြိုးပမ်းမှု၊ ပိုင်ဆိုင်မှုတို့ အတွက် ၀င့်ကြွားတတ်လွန်းသောသူကို ကဲ့ရဲ့သည့်အနေဖြင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အသက်တစ်ရာ မနေရ၊ အမှုတစ်ရာတွေ့ရသည်

လူတို့သည် သက်တမ်းအရ အများအားဖြင့် နှစ်ပေါင်း(၁၀၀)မနေရသော်ငြား လည်း လူတစ်သက်တမ်းအတွင်း ပြဿနာ၊ အခက်အခဲ၊ အမှုအပေါက်များမှာ၊ အမျိုး ပေါင်း (၁၀၀)မကအောင် တွေ့ဆိုင်ရတတ်သည်ဟု ဆိုလိုသည်။ လူ့လောက၏ ရှုတ်ထွေးပွေလီမှုကို သရုပ်ဖော်သောအားဖြင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အသားထဲကလောက်ထွက်သည်

ငါးပိစသော၊ ပုတ်ဆွေးသည့်အသားများတွင် ယင်များမှီတွယ်ခိုအောင်း၍ ဥဥ သဖြင့် ထိုဥမှပေါက်သော လောက်ကောင်များသည် အခြားကရောက်လာသည် မဟုတ်ဘဲ အသားထဲကပင် ဖောက်ထွက်လာသည်ဟုဆိုလိုသည်။ ဖျက်ဆီးမည့် အဖျက် အဆီး အနှောက်အယှက်သည် ပြင်ပမှမလာဘဲ အချင်းချင်းအပေါင်းအဖော်ထဲမှ ဖောက်ပြန်၍ ပေါ်ထွက်လာသည့်အခါတွင် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အသားလို၍ အရိုးတောင်းသည်

ထမင်းစားသော ကလေးသည် အသားကိုလိုချင်ပါသော်လည်း ထပ်၍မတောင်းရဲ သဖြင့် အရိုးတောင်းလျှင် အလွယ်တကူပေးမည်ဖြစ်သည်လည်းတစ်ကြောင်း၊ အသား ထပ်၍လိုကြောင်း အရိပ်အမြွတ်သိစေမည်လည်း တစ်ကြောင်း၊ အရိုး၌အသားတစ်ချို့နှင့် ဟင်းရည်အနှစ်တို့ပါ ကပ်ပါလာနိုင်စရာရှိ၍ တစ်ကြောင်း၊ အရိုးကိုတောင်းသည်ဟုဆိုလို သည်။ လိုသောအရာကို တိုက်ရိုက်မတောင်းဘဲ အရိပ်အမြွတ်အားဖြင့် သိစေလျက် အခြားအရာဖြင့် လှည့်ပတ်သွယ်ဝိုက်၍ အစွန်းအမြိတ်မျှ တောင်းခံခြင်းပြုသည့်အခါတွင် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အသီးတစ်ရာ အညှာတစ်ခု

သပြက်သီး၊ ကနစိုသီး၊ ကြို့သီး စသည်ကဲ့သို့ အသီးပေါင်းများစွာ ပြွတ်၍သီးသော အသီးတို့တွင် အရင်းပင်မအညှာမှာ တစ်ခုတည်းဖြစ်၍ အညှာတစ်ခုတည်းမှ အသီးတစ် ရာသို့ ဖြာထွက်သွားသည်ဟုဆိုလိုသည် မည်မျှပင်အခက်အမြွှာ အစိတ်အပိုင်း အဆင့် ဆင့်ကွဲစေကာမူ အခြေခံပင်မမှာ တစ်ခုတည်း၌ စုဆုံဗဟိုပြုသည့် သဘောကို ထင်ရှားစေရန်သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အသီးလိုအပင်ချိုင်၊ သမီးလိုအမေတိုင်

အသီးကို အလိုရှိသော် အသီးသီးရာအပင်ကို ခုတ်ချိုင်ပြီးမှ အသီးကို ဆွတ်ခူးရယူ နိုင်သကဲ့သို့ သမီးကိုအလိုရှိလျှင်လည်း ပင်ရင်းဖြစ်သော မိခင်ကို ချဉ်းကပ်၍ အလိုကျ အောင် တိုင်ကြားခွင့်ပန်၍ ရယူနိုင်သည်ဟုဆိုလိုသည်။ ပင်ရင်းအညှာကိုအကြောင်းပြု၍ ပေါက်ရောက်မည့်နည်းလမ်းကို လိုက်နာရန် ညွှန်ပြသည့်အနေဖြင့်သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အသံသာရှိ အဆန်မရှိ

သင်္ကြန်အခါတွင် အခါပေးရန် ပစ်ဖောက်သော အမြှောက်သည် အသံသာမည်၍ ထိမှန်စေသော အမြှောက်ဆံမပါရှိဟု ဆိုလိုသည်။ အပြောအားဖြင့် ကဲမိုး၍ပြောသ လောက် လက်တွေ့အားဖြင့် ထိရောက်မှုမပါခြင်းကို ရှုတ်ချသည့်အနေဖြင့် သုံးနှုန်းသည်။ နီးစပ်သော စကားပုံများ... (ဆက်ဖတ်ရန်)

အသွင်မတူ အိမ်သူမဖြစ်

လင်နှင့်မယားသည် တစ်ဦးနှင့်တစ်ဦး စရိုက်ဝါသနာခြင်းတူညီမှသာ အမြဲတစေ ဆက်ဆံမှုအဆင်ပြေနိုင်သည်ဖြစ်ရာ သဘောအသွင်စရိုက်မတူညီပါက အိမ်ရှင်မကောင်း မဖြစ်နိုင်ဟုဆိုလိုသည်။ လင်နှင့်မယားစရိုက်တူညီသင့်ကြောင်းကို ဖော်ပြရာ၍ သုံးနှုန်း သည်။... (ဆက်ဖတ်ရန်)



Page 6 of 9« First...45678...Last »