အနာပေါ်တုတ်ကျသည်

အသားအရေကောင်းပေါ်တွင် တုတ်ဖိကျမိသောအခါ အနည်းအတန်သာ နာ သော်လည်း ပင်ကိုအနာရှိရာ နေရာပေါ်တွင်ဖိကျမိသောအခါ အသည်းအသန် နာကျင် ခြင်းဖြစ်ရသည်ဟု ဆိုလိုသည်။ ပင်ကို အပြစ်အနာ ကင်းသောအခါတွင် စွပ်စွဲပုတ်ခတ် စောင်းမြောင်းမှုအတွက် ထိခိုက်နာကြည်းခြင်း မဖြစ်သော်လည်း ပင်ကိုက အပြစ်မလုံ သောအခါ တုန်လှုပ်နာကြည်းရသည်ကို တင်စား၍ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အနီးမွှေးမှ အဝေးကြိုင်သည်

ပင်ကိုကမွှေး၍ အနီးပတ်ဝန်းကျင်၌ အမွှေးနံ့ထုံပါမှ အဝေးသို့လည်း အမွှေးနံ့ပျံ့ လွင့်ကာ ကြိုင်လှိုင်နိုင်မည်ဟုဆိုလိုသည်။ အနီးပတ်ဝန်းကျင်တင် ကောင်းသတင်းဂုဏ်နံ့ ပျံ့လှိုင်နေပါမှ အရပ်ဝေးတွင်လည်း ကောင်းသတင်း ပျံ့လွင့်နိုင်သည်ဟု တင်စား၍ဆို သည်။... (ဆက်ဖတ်ရန်)

အပ်ဖင် ချည်မျှင်တန်းလန်း

အပ်၏နဖားတွင် ချည်စတပ်လျက် သိမ်းထားခြင်းဖြင့် ကျပျောက်သော ချည်၏ အရောင်ဖြင့် အလွယ်အကူ ရှာဖွေတွေ့ရှိနိုင်သည်ဖြစ်ရာ အပ်ဖင်တွင်ချည်မျှင်စ တွဲလဲ မမြဲရှိသည်ဟုဆိုလိုသည်။ တစ်ပိုင်းတစ်စ မပြီးသတ်သော အမှုကိစ္စပြဿနာ တို့လို့တန်း လန်းရှိတတ်သူကိုတင်စား၍ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အပ်သွားရာ ချည်ပါ

အပ်နှင့်ချုပ်ရာတွင် အပ်ချည်စသည့် အပ်သွားရာသို့ နဖားမှ အမြဲလိုက်ပါနေသည် ဟုဆိုလိုသည်။ တစ်ဦးတစ်ယောက်ဦးဆောင်ရာသို့ နောက်မှ အမြဲလိုက်ပါနေခြင်းကို တင်စား၍ဆိုသည်။... (ဆက်ဖတ်ရန်)

အပ်ဝင်၍ ပုဆိန်ထွက်သည်

ဝင်လာသော ပစ္စည်းမှာ အပ်ချောင်းလေးမျှသာဖြစ်သော်လည်း ထွက်သွားသော ပစ္စည်းမှာ ပုစိန်ဖြစ်သဖြင့် အ၀င်နှင့်အထွက်မကာမိဟုဆိုလိုသည်။ (အပ်ကိုလိုက်ကောက် သည်နှင့် ပုစိန်ပေါက်ရသည်ကို ရည်၍ဆိုသည်။) အနည်းအပါးမျှသော လာဘ်လာဘ ကြောင့် အကြီးအကျယ် ကုန်ဆုံးလျော့ပျက်ရတတ်ခြင်းကို သတိပေးသည့်အနေဖြင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အပျက် အပျက်နှင့် နှာခေါင်းသွေးထွက်သည်

လူငယ်အချင်းချင်း အပြောင်အပျက်သဘောမျိုးဖြင့် ကျီစားသတ်ပုတ်ထိုးကြိတ်ကြ၍ နောက်ဆုံး နှာခေါင်းမှ သွေးထွက်ရသည်ဟုဆိုလိုသည်။ ပထမသော် ပေါ့ပေါ့ဆဆ သဘောထား၍ ပြုလုပ်ဆောင်ရွက်ရာမှ တဖြည်းဖြည်း ထင်မြင်သည်ထက် ပိုမိုလေးနက် တာဝန်ကြီးလေးလာပုံကို နှိုင်း၍ ဆိုသည်။... (ဆက်ဖတ်ရန်)

အပျက် အပျက်နှင့် နှာခေါင်းသွေးထွက်သည်

လူငယ်အချင်းချင်း အပြောင်အပျက်သဘောမျိုးဖြင့် ကျီစားသတ်ပုတ်ထိုးကြိတ်ကြ၍ နောက်ဆုံး နှာခေါင်းမှ သွေးထွက်ရသည်ဟုဆိုလိုသည်။ ပထမသော် ပေါ့ပေါ့ဆဆ သဘောထား၍ ပြုလုပ်ဆောင်ရွက်ရာမှ တဖြည်းဖြည်း ထင်မြင်သည်ထက် ပိုမိုလေးနက် တာဝန်ကြီးလေးလာပုံကို နှိုင်း၍ ဆိုသည်။... (ဆက်ဖတ်ရန်)

အဖထက် သားတစ်လကြီး

အဖက မွေးသောသားသည် မုချအဖအောက် ငယ်ရမည်ဖြစ်ပါလျက် အဖထက် အသက်တစ်လပို၍ ကြီးချင်သည်ဟုဆိုလိုသည်။ မသာလွန်၊ မကျော်လွှားနိုင်ဘဲလျက် သာလွန်ချင်သူများကို နှိပ်၍ ဆိုရာ၌သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အဖျားတက် အမှည့်စားရနိုးနိုး

လူသူအရောက်နည်းသော သစ်သီးပင် အကိုင်းအဖျားသို့ တက်သောအခါ မဆွတ် သေးသော အပင်မှည့်အသီးများ ရလိမ့်မည်ဟုမျှော်လင့်ခြင်း ထားသော်လည်း မတွေ့ရ ဟု ဆိုလိုသည်။ မျှော်လင့်သလို ဖြစ်နိုင်စရာရှိမည်ဟု တွက်ဆသော်လည်း မျှော်လင့်ချက် နှင့် တလွဲတချော် ဖြစ်နိုင်စရာရှိကြောင်းကို ဖော်ပြရာ၌ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

အဘိုးမသေ မြေးသေ

မြေးဖြစ်သူက အဘိုးသေလွန်လျှင် အမွေခံယူရန် စီစဉ်တွက်ချက်နေသော်လည်း အဘိုးမသေဘဲ မြေးက သေသွားသည်ဟု ဆိုလိုသည်။ မျှော်လင့်သလိုမဖြစ်ခြင်း၊ မမျှော် လင့်သည်က ပြောင်းပြန်ဖြစ်လာခြင်း စသည်တို့တွင် အပြန်အလှန် တွက်ဆရန် သတိပေး သည့် အနေဖြင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)



Page 4 of 9« First...23456...Last »