သွားဖန်များ ခရီးရောက်

တစ်နေ့လျှင် အနည်းငယ်မျှသာ ရွေ့လျားသားလာစေကာမှု သွားဖန်များသော် မိုင် ပေါင်းများစွာ ခရီရောက်နိုင်သည်ဟု ဆိုလိုသည်။ တဖြည်းဖြည်း ပြုလုပ်ဖန်များသော်များ ပြားကြီးမားသော အကျိုးကို ပြီးစေနိုင်ပုံကို တင်စားဆိုသည်။ (မောင်ပေါက်ကျိုင်းဝတ္တု တွင် ပါရှိသည်။) ... (ဆက်ဖတ်ရန်)

သေချင်တဲ့ကျား၊ တောပြောင်း

ကျားတစ်ကောင်သည် မိမိနေရိုးနေစဉ် တောထဲတွင်မနေဘဲ အခြားတောအုပ် တစ်ခုသို့ ပြောင်းရွှေ့နေထိုင်ရာ ထိုအခါမှ ရန်သူမုဆိုးနှင့်တွေ့၍ သေသည့်အခါ တမင် သေရန် ရွှေ့ပြောင်းဘိသကဲ့သို့ ဖြစ်နေသည်ဟုဆိုလိုသည်။ အကျိုးမရှိ၊ မသင့်လျော် သော ပြောင်းရွှေ့ခြင်းမျိုးကို ရှုတ်ချသောအားဖြင့် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)

သေတစ်နေ့ မွေးတစ်နေ့

လူ့ဘောင်လောကတွင် မည်မျှဒုက္ခအခက်အခဲ ပေါများထူပြောသည်ဖြစ်စေ မွေးဖွားစဉ်က တစ်နေ့တည်းဖြင့် မွေးဖွားလာသကဲ့သို့ သေရမည့်အခါလည်း တစ်ရက် တည်း တစ်ကြိမ်တည်းပင် သေရမည်ဖြစ်သဖြင့် ကြောက်ရွံ့ထိတ်လန့် နောက်တွန့်ရန် မလိုဟုဆိုလိုသည်။ ရဲရင့်သတ္တိရှိရန်အတွက် နှိုးဆော်သည့်သဘောဖြင့် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)

သောင်ပြင်မှာ လွှတ်သည့်ခွေးလို

သောင်ပြင်အကျယ်ကြီး၌ ခွေးကိုလွှတ်လိုက်သောအခါ အရပ်လေးမျက်နှာ ပတ်လည်တွင် တစ်မျှော်တစ်ခေါ် ပူပြင်းသော သဲပြင်နှင့် ရှေ့မှကာဆီးသော မြစ်တို့ သာ တွေ့ရ၍ မည်သည့်အရပ်သို့ ပြေးရခိုရမည်မသိဘဲ အကူအညီမဲ့ အထီးကျန် ဒုက္ခတွေ့ရ သည်ဟု ဆိုလိုသည်။ အကူအညီကင်းမဲ့၍ သက်သာမှု နည်းလမ်းမရှိဘဲ ဒုက္ခတွေ့ရသော အခါတွင် ပမာနှိုင်း၍ သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)

သေမြေကြီး ရှင်ရွှေထီး

အောင်မြင်မှုအတွက် ကြိုးပမ်းအားထုတ်ရာတွင် ဆုံးရှုံး၍သေကျေပျက်စီးရသော် မြေကြီးသြဇာဖြစ်စေတော့၊ မသေကျေ၍ အောင်မြင်လျှင်လည်း ရွှေထီးဆောင်းရဘိသကဲ့ သို့ အထွတ်အထိပ်အောင်မြင်မှုကို ရရှိမည်ဟုဆိုလိုသည်။ ရှုံးသည်ဖြစ်စေ နိုင်သည်ဖြစ် စေ အဆုံးဖျားရောက်အောင် အားထုတ်သင့်ကြောင်း ဖော်ပြရာ၍သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)



Page 5 of 512345