သူ့လက်လာမှ ငါ့လက်သွားမည်

သူတစ်ပါးက ပေးကမ်းစောင်မ ကူညီဖော်ရမှ မိမိကလည်း သူတစ်ပါးကို အတုံ့အပြန်ပေးကမ်းစောင်မ ကူညီမည်ဟု ဆိုလိုသည်။ တစ်ဖက်သတ်မဖြစ်စေဘဲ အတုံ့ အလှည့်ရှိမှ ကူညီရကျိုးနပ်မည်၊ ကူညီသင့်သည်ဟုဆိုလိုရာ၌သုံးသည်။ ... (ဆက်ဖတ်ရန်)

သံကိုသံဖျက် သံချေးတက်

သံသည် မိမိ၏လောင်ကျွမ်းမှု သံချေးကြောင့်ပင်လျှင် ပွန်းပဲ့ ကြွေကျ၍ ပျက်စီးရ သည်ဟုဆိုလိုသည်။ ပြင်ပ ပယောဂအန္တရာယ်ကြောင့် မဟုတ်ဘဲမိမိ၏အတွင်း အန္တရာယ်၊ မိမိနှင့်အမျိုး၊ ဘ၀တူသို့၏ ပယောဂကြောင့် ပျက်စီးသည်ဖြစ်စေ သုံးနှုန်း သည်။ ... (ဆက်ဖတ်ရန်)

သံဃာအား ဘုရားမဆန်သာ

မြတ်စွာဘုရားသည် ၀ိနည်းတော်ကို ပညတ်ရာ၌ဖြစ်စေ၊ တရားဟောကြားတော်မူ ရာ၌ဖြစ်စေ၊ တပည့်သံဃာများ၏ လျှောက်ထားတောင်းပန်ချက်များကို မငြင်းဆန်ဘဲ လိုက်လျောခွင့်ပြုသည်ဟု ဆိုလိုသည်။ နောက်လိုက်အများ၏ ဆန္ဒကို ဦးစီးခေါင်းဆောင် ပြုသူက မငြင်းဆန်သင့်၊ မငြင်းဆန်သာဖြစ်သည့်အခါတွင် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)

သံပရာသီး ကြီးလေချဉ်လေ

သံပုရာသီးသည် အလုံအရွယ်ကြီးလာလေလေ အချိုဓာတ်မ၀င်တော့ဘဲ ပို၍သာ ချဉ်လာလေလေဖြစ်သည်ဟုဆိုလိုသည်။ အသက်အရွယ် ကြီးရင့်လာသလောက် ပို၍ လိမ္မာမလာ၊ တိုးတက်မလာဘဲ ပို၍သာ မိုက်မဲနိမ့်ကျသွားသည့်အခါတွင် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)

သုံးခါပြောင်းလျှင် သုံးစလောင်းမျှမကျန်

အိုးအိမ် အခြေမတည်ကျဘဲ တစ်နေရာသို့ မကြာခဏ ပြောင်းရွှေ့ရာတွင် သယ်ပိုးရာ၌ ဥစ္စာပစ္စည်းများ ပျောက်သည်ကပျောက်ကွဲပျက်သည်ကပျက်နှင့် အကြိမ် တိုင်း ဆုံးပါးလျော့ပျက်သဖြင့် သုံးကြိမ်၇ှိသောအခါ စလောင်းသုံးချပ်မျှပင် မကျန်အောင် ဆုံးရှုံးရသည်ဟု ဆိုလိုသည်။ ဗလောင်းဗလဲ ၊ အပြောင်းအလဲများခြင်းကို အပြစ်တင် သည့်အနေဖြင့် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)

သုံးစားမှ ပါကျသည်

ကြွေပုဆစ်ပစ်ရာတွင် နောက်ဆုံး ပန်းတိုင်ကွက်သို့ရောက်ရန် သုံကွက်မျှလိုသည့် အခါကြွေသုံးပွင့်မပေါ်ဘဲ နှစ်ပွင့် (ပါ)ကျနေသော် နောက်တစ်ပွင့်အတွက် တစ်ဆင့်ပစ်ရ သည့်အခါ တစ်ပွင့်တည်းပေါ်ရန် ခက်ခဲ၍ အခွင့်စောင့်ရင်းနှင့်ပင် အခြားသူကဦး၍ သွားနိုင်စရာရှိသဖြင့် လိုရာမရ နီးကပ်လျက် အခက်တွေ့နေသည်ဟု ဆိုလိုသည်။ အောင်မြင်လု အောင်မြင်ဆဲတွင် အခွင့်လွဲ၍ အကြပ်အတည်းတွေ့နေရသည့်အခါ တွင်သုံးသည်။ (အချို့က အလွန်ကသီလင်တ ဒုက္ခရောက်နေသည့် အဓိပ္ပာယ်ဖြင့်  အသုံးမှားနေကြသည်။) ... (ဆက်ဖတ်ရန်)

သုံးစလောင်းကုန်မှ ပြောင်းဂျုံမှန်းသိ

အစားစားသောက်နေသူသည် မိမိစားနေသောအစာမှာ မည်သည့်အစာဟူ၍ သတိမပြုဘဲ သုံးစလောင်းစာ စားသောက်ကုန်ပြီးမှ မိမိစားနေသည်မှာ ပြောင်းဂျုံမှန်း သိရသည်ဟုဆိုလိုသည်။ အချိန်လွန်မှ အသိနောက်ကျသည့်အခါတွင် ရှုတ်ချ၍ သုံးနှုန်း သည်။ ... (ဆက်ဖတ်ရန်)

သုံးထမ်းပိုးကျမှ အရွသင်

နွားကို ကြော့ကြော့ရွရွပြေးတတ်အောင် နုပျိုသန်မာဆဲတွင် မသင်ကြားဘဲ ထွန် ထမ်းပိုးတပ်၍ လယ်ထွန်ရာ၌ သုံးရာမှ လှည်းထမ်းပိုးရုန်းစေပြီး နောက်ဆုံး ဆီဆုံထမ်းပိုး တွင် လှည့်နေချိန်ကျမှ အရွသင်ပေး၍မဖြစ်နိုင်။ နောက်ကျလွန်းသည်ဟု ဆိုလိုသည်။ အချိန်လွန်ကာမှ အစမူလကိုပြန်၍ ပြုပြင်နေခြင်းမျိုးကို ရှုတ်ချသည့်အနေဖြင့် သုံးနှုန်း သည်။ ... (ဆက်ဖတ်ရန်)

သုံးလွန်းတင်မှ ကြိုး ဒေါင်ဒေါင်မြည်မှအိုး

ကြိုးမည်သည် သုံးလွန်းသုံးပင်လိန်ကျစ်ပါမှ ခိုင်ခံ၍ ကြိုးဟုခေါ်နိုင်သကဲ့သို့ အိုးမှာ လည်း  မြေသားကျက်၍မာပြီး အကွဲအအက်လုံသဖြင့် တီးခတ်၍ဒေါင်ဒေါင်မြည်မှ အိုးဟု ခေါ်နိုင်သည်ဟု ဆိုလိုသည်။ အရာဝတ္ထုတိုင်းတွင် သတ်မှတ်ထားသော စံဟူ၍ရှိရာ စံအတိုင်းအတာအောက်လျှော့၍ အဆင့်မမီသည့်အခါတွင် စံနှုန်းပြည့်ခြင်းကို တန်ဖိုးထား သောအားဖြင့် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)

သုံးယောက်ပေါင်း လောင်းကျော်

လူတစ်ယောက်အားထက် လူသုံးယောက်စုပေါင်းသ အားထုတ်သောအခါ လျင်မြန်သော လောင်းလှေကိုပင် အခြားလှေဖြင့် ကျော်ဖြတ်တတ်နိုင်သည်ဟု ဆိုလို သည်။ စုပေါင်းအင်အားကို တန်ဖိုးထားသည့်အနေဖြင့် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)



Page 4 of 512345