သူခိုးရွှေရ တပြပြ

သူခိုးသည် ရွှေကို ခိုးယူရရှိသောအခါ ရွှေစစ်ရွှေကောင်း ဟုတ်မဟုတ်မသိသဖြင့် တွေ့မြင်သူများကို ထုတ်၍ပြကာ ပြကာ ၀မ်းသာကြည်နူးလျက် မကိုင်စဖူး ကိုင်ရသည် နှင့် ၀မ်းပမ်းတသာဖြစ်နေသည်ဟု ဆိုလိုသည်။ မသုံးစဖူး သုံးရကိုင်ရသောသူသည် ဣနြေ္ဒမရအောင် ၀င့်ကြွားတတ်သည့်အခါတွင် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

သူခိုးပြေးမှ ထိုးကွင်းထ

အပြေးအခုန် ပေါ့ပါးလျင်မြန်စေသောဆေးကို ထိုးထားသူသည် သူခိုးဖမ်းမည်ဟု ဆေးတန်ခိုးထကြွအောင် ပေါင်မှထိုးကွင်းဆေးရုပ်ကို ပုတ်နိုးသော်လည်း သူခိုးထွက်ပြေး လေပြီးမှ ဆေးအစွမ်းပြသည်ဟုဆိုလိုသည်။ အချိန်နောက်ကျပြီးမှ စွမ်းဆောင်နိုင်သည့် အခြေအနေရရှိသည့်အခါမျိုးတွင် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

သူခိုး ဓားရိုးကမ်းသည်

သူခိုးနှင့် ချစ်ကြိုက်နေသော မိန်းမသည် သူခိုးကို လင်ကဖမ်းမိ၍ လုံးထွေးသတ် ပုတ်ရင်း ဓားတောင်းသည်တွင် လင်ဘက်သို့ ဓားအရိုးမပေးဘဲ သူခိုးက လင်အားသတ် နိုင်လေအောင် သူခိုးဘက်သို့ ဓားရိုးထားကာ လင်ကိုကမ်းပေးဟန်ပြုသည်ဟု ဆိုလို သည်။ ရန်သူအား အခွင့်သာအောင် ပက်ပင်းသည့်အခါတွင်ဖြစ်စေ၊ သူ့လူကိုယ့်ဘက် သားလုပ်၍ အချင်းချင်းအား အန္တရာယ်ပြုတတ်သည့်အခါတွင်ဖြစ်စေ၊ မကောင်းမှုပြုသူ အား မြှောက်ပင့်အားပေးသည့်အခါတွင်ဖြစ်စေ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

သူများပူဆို တော်သလင်းရှိသေး

ရာသီဥတုအားဖြင့် အပူဆုံးလကို နွေရာသီတပေါင်းလဟူ၍ မှတ်သားလေ့ရှိရာ ပူပန်သောကရောက်မှုကို အပူဖြင့် ထပ်တူခိုင်းနှိုင်း ပြောဆိုရာ၌ မိမိပူပန်မှုသည်သာ အပူ ဆုံးဖြစ်၍ သူတစ်ပါး၏ ပူပန်မှုမှာ တပေါင်းလ နေပူချိန်မဟုတ်သေး။ တော်သလင်းလ၏ အပူရှိန်လောက်သာရှိသေးဟန်ဖြင့် နှိမ်၍ဆိုသည်။ သူတစ်ပါးထက် မိမိကပိုလွန်၍  ကြောင့်ကြစိုက်ထုတ်ရပုံကို ပေါ်လွင်စေရန် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

သူများချေးကိုယုံ၍ ၀က်မွေးသည်

သူတစ်ပါး၏ချေးဖြင့် ကျွေးမွေးမည်ဟု ယုံကိုးကာ ၀က်မွေးထားသည်ဟု ဆိုလို သည်။ မိမိလက်ဆုပ်လက်ကိုင်မရှိ၊ မပိုင်သောအရာ ရမည်မရမည်မသိသောအရာကို မျှော်ကိုးစိတ်ချ၍ တွက်ကိန်းချဆောင်ရွက်နေခြင်းကို ရှုတ်ချသောအားဖြင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

သူများယောင်၍ ယောင်ရသည် အမောင် တောင်မှန်းမြောက်မှန်းမသိ

သူတစ်ပါးထိတ်လန့်ပြေးလွှား၍ ရောယောင်ပြေးလွှားရသော လူငယ်တစ်ယောက် သည် မိမိကိုယ်တိုင်ပင် တောင်ဘက်သို့ပြေးမိသည်။ မြောက်ဘက်သို့ ပြေးမိသည်ကို မိသိရှိသေးဟု ဆိုလိုသည်။ မိမိကိုယ်တိုင် အကျိုးအပြစ်ကိုမသိဘဲ သူတစ်ပါးအတုအပပြု ၍ ယောင်ဝါးပြုလုပ်ခြင်းကို အပြစ်ဆိုသည့်အနေဖြင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

သူဌေးကြေးပသည် (ကြေးပံသည်)

ငွေကြေးချမ်းသာ ကြွယ်ဝသော သူဌေးသည် အခွန်ထုတ်အခကြေးငွေကို ပေးနိုင်သူဖြစ်ပါလျက် ထိုသူဌေးကိုမှ အခွန်အတုတ်မကောက်ခံဘဲ ပလပ်ကင်းလွတ်ခွင့် ပေးထားသည်ဟု ဆိုလိုသည်။ ပြည့်စုံပြီးသူကိုမှ မျက်နှာလုပ်၍ ထပ်မံဖြည့်တင်းတင်းသည်ကို ရှုတ်ချ၍ သုံးနှုန်း သည်။ (သူဌေးကိုမှ ငွေကြေးထပ်မံ ပံ့ပိုးထောက်ပံ့သည်ဟုလည်းဆိုသည်။)... (ဆက်ဖတ်ရန်)

သူကြီးဘုရား ရွာသားကောင်းမှု

ဘုရားတည်ရာတွင် ဘုရားဒကာအဖြစ် သူကြီးက အမည်ခံသော်ငြားလည်း ဘုရား တည်ရန် ကုန်ကျစရိတ်ကို ရွာသူရွာသားများက စုပေါင်းထည့်ဝင်ကြရသည်ဟု ဆိုလိုသည်။ အများ၏ပင်ပန်းအားထုတ်မှုကို တစ်စုံတစ်ယောက်က နာမည်ကောင်းယူ၍ အသားယူလေ့ရှိသည့်အခါတွင် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

သူ့စိတ်ကိုလို၊ ကိုယ့်စိတ်နှင့်နှိုင်း

သူတစ်ပါး၏ စိတ်ထားကို သိလိုက မိမိသည် သူတစ်ပါးအနေဖြစ်ခဲ့သော် မည်သို့ စိတ်ထားမည်ကို ကိုယ်ချင်းနှိုင်းစာခြင်းဖြင့် သိရှိနိုင်သည်ဟု ဆိုလိုသည်။ သူတစ်ပါး အပေါ်၌ ကိုယ်ချင်းစာတရားရှိစေလိုရာ၌ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

သူ့ဆန်စား ရဲမှ

သူတစ်ပါးက ကျွေးမွေးပေးကမ်း၍ အလုပ်တာဝန် စေခိုင်းရာတွင် သူတစ်ပါး၏ ကျွေးစာ (ဆန်)ကိုစားပြီးမှ အလုပ်ပြီးမှ အလုပ်တာဝန်ကို တွန့်ဆုတ်မနေဘဲ ရဲရင့်ရမည် ဟု ဆိုလိုသည်။ ထိုက်သင့်သော အဖိုးအခ၊ လုပ်အားတန်ဖိုးရယူလိုသော် (ရယူပြီးသော်) ထိုရယူသောတန်ဖိုးနှင့်ညီသော လုပ်အားကို ရဲတင်းကျေပွန်စွာပေးအပ်ရမည်ဟု ဆိုလိုရာ ၌သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)



Page 3 of 512345