သမီးမိန်းကလေးတစ်ယောက်ကို စောင့်ရှောက်ထိန်းသိမ်းရသည့်တာဝန်မှာ နွား အကောင်တစ်ထောင်ကို ထိန်းသိမ်းရသည့် တာဝန်ထက် ကြီးလေးသည်ဟုဆိုလိုသည်။ သမီးမိန်ကလေးအရွယ်ရောက်သောအခါ ထိန်းသိမ်းရသည့်တာဝန် ကြီးလေးပုံကို ထင်ရှားစေရန် တင်စားသုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
မြစ်ပေါင်းများစွာ စီးဝင်သော သမုဒ္ဒရာသည် မည်သည့်အခါမျှ ကမ်းလျှံအောင် ပြည့်သည့်ဟူ၍ မရှိသကဲ့သို့ တစ်ထွာမျှသာ အစောက်ရှိသော ၀မ်းခေါင်းသည်လည်း အသက်ရှင်နေသမျှ စားသောက်ဖြည့်တင်းသော်လည်း ဖြည့်ရန်မလိုတော့လောက် အောင် တာဝန်ပြီးငြိမ်းခြင်း မရှိနိုင်ဟု ဆိုလိုသည်။ လူ့ဘ၀စားသောက်မှုအတွက် တာဝန်ကြီးလေးပုံကို ထင်ရှားစေရန် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
သားသည်မိခင်သည် သားငယ်ကစားလိုသည်ဟု ဆိုလိုသဖြင့် ပူဆာသည်ဟု ယိုးမယ်ဖွဲ့ကာ ထမင်းနဲတောင်းယူ၍ မိမိစားပစ်ပြီး သားငယ်ကို အကြောင်းပြကာ ထပ်ကာထပ်ကာ တောင်း၍ မိမိသာစားပြန်သဖြင့် နောက်ဆုံး သား၏၀မ်းဗိုက်နှင့်မမျှ သော ထမင်းနဲတစ်အိုးလုံးပင် ကုန်သွားရသည်ဟုဆိုလိုသည်။ အခြားသူကို အကြောင်း ပြကာ မိမိအတွက် အကျိုးအခွင့်ယူလွန်းခြင်းကို ရှုတ်ချသောအားဖြင့်သုံးသည်။ ... (ဆက်ဖတ်ရန်)
ခွေးကို သားရေပြားခင်း၍ သိပ်ထားသောအခါ ခွေးသည် ထိုအိပ်သော သားရေ အနားကိုပင် ဖဲ့၍ ကိုက်စားသောက်သည်ဟု ဆိုလိုသည်။ မိမိအား စောင့်ရှောက်ခိုလှုံခွင့် ပေးထားသူ၏ အကျိုးကိုပင် ထိပါးအောင်ပြန်၍ စော်ကားပြစ်မှားသည့်အခါတွင် သုံးနှုန်း သည်။ ... (ဆက်ဖတ်ရန်)
သားသမီးအများအပြားအနက် အငယ်ဆုံးသော သားသမီးမှာ သားသမီးကြီး များကဲ့သို့ အခါအခွင့်ကောင်း မမီသည်တစ်ကြောင်း မိဘပြုစုပျိုးထောင်မှုကို နှစ်ကြာ ရှည်မခံစားရသည်တစ်ကြောင်း၊ သားသမီးကြီးများ ခွဲဝေယူကြပြီးမှ နှောင်းကျန်သော အမွေစုကိုရသည်တစ်ကြောင်း၊ အထက်သားခြင်းတို့က ငယ်ရွယ်သူဟူ၍ တစ်ယောက် တစ်မျိုး စေခိုင်းကြခြင်းကြောင့်တစ်ကြောင်း၊ သားဦးနှင့် များစွာကွာခြား၍ ကျွန်ကဲ့သို့ အခြေအနေဆိုး ကြုံရတတ်သည်ဟု ဆိုလိုသည်။ နှောင်းသူ၏ အခွင့်အလမ်းနည်းပါးပုံ ကိုတင်စား၍ သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
လောကတွင် လင်မယားတော်စပ်သည်ဟု သိစေသော်လည်း လင်မယားအရာ မြောက် နေထိုင်ပုံဟူသမျှကို အခြားသူများ မမြင်စေအပ်သည်လည်း ရှိသောကြောင့် သိစေသမျှမမြင်စေသင့်ဟု ဆိုလိုသည်။ သိကောင်းသောအရာတိုင်း မမြင်စေကောင်း သည်ကို ထင်ရှားစေလိုသဖြင့် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
မည်သည့်နေရာတွင် ဥစ္စာ ရတနာ အစုအဆောင်းရှိသည်ဟူသော သိုက်စာကို ဖတ်ရှုနေရသူအနီးတွင် နားထောင်၍ မိမိပင်ဥစ္စာရရှိနိုင်တော့မည်ကဲ့သို့ စိတ်ကူးယာဉ် အချိန်ဖြုန်းနေခြင်းဖြင့် နောက်ဆုံးဥစ္စာ တကယ်မရဘဲ အချိန်သာ အဖတ်တင်သည်ဟု ဆိုလိုသည်။ လက်တွေ့မကြိုးစားဘဲ အထင်ဖြင့် စိတ်ကူးယဉ်၍ အချိန်အလဟဿ ဖြုန်း တီးသည့်အခါတွင် အပြစ်တင်၍ သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
သူတော်ကောင်းသည် ကောင်းသောအလုပ်အတွက် အဖော်ညှိသည့်နည်းအတိုင်း သူခိုးကလည်း ပစ္စည်းခိုးရန် အဖော်ညှိရာတွင် ခိုး၍မရဘဲ လူအများဝိုင်းအရိုက်ခံရ၍ သေနိုင်စရာလမ်းရှိသဖြင့် သေရန်အဖော်ညှိသည့်အနေသို့ ရောက်ရသည်ဟုဆိုလိုသည်။ မကောင်းသော အလုပ်အတွက် တိုက်တွန်းနှိုးဆော်သည်ကို ရှုတ်ချသည့်အနေဖြင့် သုံးသည်။ ... (ဆက်ဖတ်ရန်)
လူကောင်းက သူခိုးကိုလိုက်၍ဖမ်းသောအခါ အခြားသူများအကူအညီရစေရန် `သူခိုး သူခိုး´ဟု အော်ဟစ်မြဲဖြစ်ရာတွင် သူခိုးကပင် ပြန်၍ လူကောင်းအား `လူ လူ´ဟူ၍ ဟစ်အော်သည်ဟု ဆိုလိုသည်။ ဖြစ်ရိုးဖြစ်စဉ်တွင် ဆန့်ကျင်၍ ပြောင်းပြန်ဖြစ် တတ်သည့် အခါတွင် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
ပစ္စည်းတစ်စုံတစ်ရာကို နေရာရွှေ့ပြောင်းပို့ကာမှ ခိုးယူခြင်းခံရလေရာ သူခိုးရှိရာ သို့ တမင်ဝန်စည် သည်ပိုးပို့ဆောင်ရသည်နှင့် တူသည်ဟု ဆိုလိုသည်။ အပ်နှံယုံကြည် ထားသူက ကဲ့ဝှက်ဖျောက်ဖျက်၍ ခိုးယူသောအခါတွင်သုံသည်။ ... (ဆက်ဖတ်ရန်)