သက်ကြီးသူအိုတို့က တွေ့ကြုံသိကြားရဖူးသမျှ ပြောပြသည်ကို ငယ်ရွယ်သူများ ကတစ်ဆင့် မှတ်သားနည်းမီ သိမြင်မှတ်သားရသည်ဟု ဆိုလိုသည်။ ကိုယ်တွေ့မဟုတ် သော်လည်း ခေတ်အဆက်ဆက်ပြောကြားမှတ်သားခဲ့ပုံကို သက်သေထူရာ၌ သုံးနှုန်း သည်။ ... (ဆက်ဖတ်ရန်)
သိကြားမင်းဟောင်းသည် အကုသိုလ်ကြောင့် ပင်လယ်ကသစ်ပင်ပေါက်သည့် တာဝတိံသာနတ်ပြည်မှ သခွပ်ပင်ပေါက်ရာ အသူရာပြည်သို့ကျသွား၏။ သခွပ်ပွင့်လေ ဆိုင်း အသူရာပြည်သို့ ရောက်နေကြောင်း သတိရပြီး သိကြားမင်းအသစ်ကို တက်၍ စစ်ပြိုင်ကာ မနိုင်ဘဲနှင့် ရန်မီးတကျီကျီလုပ်နေသည်ဟု ဆိုလိုသည်။ မစွမ်းဘဲနှင့် တစ် ထောင့်မှ ရန်စွာနေခြင်း၊ အရေးမပါဘဲ အရေးတစ်ခုပြုလုပ် နှောင့်ယှက်နေခြင်း စသည် တို့တွင် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
သစ်တစ်ပင်သည် အရိပ်အာဝါသနှင့် ပြည့်စုံ၍ ခက်လက်ဝေဆာစည်ပင်သောအခါ ငှက်ပေါင်းတစ်သောင်းမျှ ခိုဝင်နားနေနိုင်သည်ဟုဆိုလိုသည်။ တစ်ဦးတစ်ယောက်၏ စွမ်း ဆောင်မှုဖြင့် အများ အတွက် အကျိုးပြီးစီးနိုင်ပုံကို ပြဆိုရာ၌ သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
ကောင်းမွန် ခိုင်ခန့်သော သစ်မရရှိသေးမီတွင် ကြမ်းများ ပရမ်းပတာမဖြစ်ရန် ယာယီအားဖြင့် ၀ါးဖြင့် ပေါင်းကွပ်ထားသည်ဟုဆိုလိုသည်။ တစ်စုံတစ်ရာကို အပြီးအစီး မဆောင်ရွက်နိုင်သေးကာမျှဖြစ်သလို ပစ်ပယ်၍ မထားဘဲ ဖြစ်သည့်နည်းနှင့် အကျိုးရှိ အောင် တတ်နိုင်သမျှ ဆောင်ရွက်ထားသင့်ကြောင်းကိုလည်းကောင်း၊ ယာယီအခိုက် အတန့် မျှသာ အသုံးပြုခြင်းဖြစ်၍ နောင်တွင် ပစ်ပယ်တတ်သည့်သဘောကို ဖော်ပြရာ၌ လည်းကောင်း သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
ကျောင်းဆောက်၍လှူသည်မှာ စေတနာ ထက်သန်၍ ကျောင်းဆောက်လှူလို သောကြောင့်မဟုတ်ဘဲ သစ်ဝါးပေါများနေ၍ ဖြစ် သည်ဟု ဆိုလိုသည်။ မူလရည်ရွယ် ချက် ကြောင့်မဟုတ်ဘဲ အလိုက်သင့် အခွင့်သာ၍ ပြုမူဆောင်ရွက်သည့်အခါမျိုးတွင် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
သတိမထားဘဲနေသောအခါ အလွန်ကြီးမားသော ဂူကြီးကိုပင်မမြင်မိဘဲရှိတတ် ၍ သတိမှု၍ စူးစမ်းသောအခါတွင်ကားမြူမှုန်ကလေးကိုပါ မြင်ရသည်ဟုဆိုလိုသည်။ သတိရှိခြင်း၏အကျိုးနှင့် သတိကင်းမဲ့သူ၏ ပေါ့ဆလစ်ဟင်းမှုကို ဖော်ပြရန် သုံးနှုန်း သည်။ ... (ဆက်ဖတ်ရန်)
ကြည်ညိုယုံကြည်သော စေတနာ ပိုလွန်သည်ထက်ပိုလွန်၍ တပ်မက်တွယ်တာမိ ကာ ရာဂတဏှာစိတ်ဖြင့် ချစ်ခင်သောအဖြစ်သို့ ရောက်စေတတ်သည်ဟု ဆိုလိုသည်။ သဒ္ဒါတရားကို အတိုင်းအဆ ထက်ပိုလွန်၍ မထားရန် သတိပေးသည့်အနေဖြင့် သုံးနှုန်း သည်။ ... (ဆက်ဖတ်ရန်)
ဒါယကာ ဒါယိကာမတို့သည် စေတနာသဒ္ဓါတရားရှိလွန်းပြီဟု ယုံကိုးကာ ထပ်ကာ ထပ်ကာ ဆွမ်းကွမ်း အလှူခံနေ၍မသင့်ဟုဆိုလိုသည်။ စေတနာ သဒ္ဓါတရားမည်မျှပင်ရှိ စေကာမူ အတိုင်းအဆနှင့်သာဖြစ်၍ အခွင့်ကောင်းယူလွန်းခြင်းမပြုရန် သတိပေးသည့် အနေဖြင့် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
သန်းခေါင်သည် ညဥ့်အနက်ဆုံးဖြစ်၍ သန်းခေါင်မှလွန်သော် နံနက်လင်းရောင် ဘက်သို့သာ တိုးရွှေ့လာမြဲဖြစ်သည်ဟုဆိုလိုသည်။ အဆိုးရွားဆုံး၊ ထပ်၍ဆိုးရွားရန် မရှိ တော့သည့်အခြေအနေသို့ ရောက်သောအခါတွင် မျှော်လင့်ချက် နီးစပ်လာပြီဖြစ်ကြောင်း အားတင်းသည့်အနေဖြင့် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
ဘ၀အဆက်ဆက်က အတုံ့အပြန် ဆုတောင်း၍ ရန်ဖက်ပြုခဲ့ရာမှ တစ်ဦးက သမင်ဖြစ်၍ သားမွေးသော် တစ်ဦးက ကျားဖြစ်၍ စားပစ်သည့်ပုံကို ရည်၍ဆိုသည်။ အကျိုးဖြစ်ပေါ်လာတိုင်း ပျက်စီးကုန်သည့်အခါတွင် အဖက်မတင်နိုင်သည့်အခါတွင် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)