လှေပြေးတုန်း တက်ကျိုးသည်

တစ်ဦးချင်းပြိုင်လှေကို လှော်ရာတွင် အလိုက်သင့် အရှိန်ရ၍ လှေအပြေး ကောင်းနေစဉ် တက်ကျိုး၍သွားရသဖြင့် မည်သို့မျှ မတတ်နိုင်ဘဲဖြစ်ရသည်ဟု ဆိုလို သည်။ တစ်စုံတစ်ခု ဆောင်ရွက်စဉ် လမ်းခုလတ်၌ ပျက်စီးဖွယ် အခက်အခဲ တွေ့ရ သည့်အခါတွင် တင်စား၍သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)

လျှောမွေးတစ်ကောင်နှင့် ဗာရာဏသီချဲ့သည်

သားပျက်သောမိန်းမသည် မအောင်မမြင်မွေးသော လျှောမွေးရင်သွေးငယ် အတွက် ပူဆွေးသောကရောက်၍ ငိုယိုရာတွင်ရိုးရိုးမငိုဘဲ ဗာရာဏသီပြည့်ရှင်မင်းကြီး ကအစ စကားချဲ့ကာ ဖွဲ့နွဲ့တိုင်တည် ငိုကြွေးနေသည်ဟု ဆိုလိုသည်။ အသေးအဖွဲ့ ကိစ္စကို လိုသည်ထက်ပိုလွန်ကာ အကြီးအကျယ်ချဲ့တတ်ခြင်းကို ရှုတ်ချသောအားဖြင့် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)

လျှော့လျှင် မိစ္ဆာသာလျှင် ဒိဌိ (တတ္ထိ)

ဗုဒ္ဓမြတ်စွာဘုရားဟောကြားတော်မူသော တရားတော်ကို လေ့လာကျင့်ဆောင် ရာတွင် တိတိကျကျမဟုတ်ဘဲလျော့၍ ယူဆယုံကြည်နေလျှင် အယူမှားသောကြောင့် မိစ္ဆာအယူသို့ရောက်ပြီးပိုလွန်၍ ယူဆယုံကြည်နေလျှင်လည်း အယူသည်းသောကြောင့် တိတ္ထိဖြစ်ရသည်ဟု ဆိုလိုသည်။ မလျော့မပိုကျင့်ဆောင် လက်ခံသင့်သည့်သဘောကို ရည်ညွှန်း၍ သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)



Page 4 of 41234