လူ၏ အခြေအနေမှာ ဆင်းရဲနုံချာ၍ ချုံကြိုချုံကြားတွင် နေရလောက်အောင် အခြေအနေနိမ့်ကျစေကာမူ စိတ်ထားမျှော်မှန်းချက် သို့မဟုတ် မာနမှာ အထက်ဘုံဖျား ထိလုမတတ် မြင့်မားသည်ဟုဆိုလိုသည်။ အခြေအနေမရှိဘဲ စိတ်နေကြီးမြင့်တတ်ခြင်း ကို ရှုတ်ချလို၍ဖြစ်စေ၊ ချီးမွမ်းလို၍ဖြစ်စေသုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
လူတစ်ယောက်သည် အလိုဆန္ဒအမျိုးမျိုးရှိရာ ထိုအလိုဆန္ဒဟူသမျှကို နတ်သိကြားတို့က ပြည့်စုံအောင် ဖန်ဆင်းစေကာမူ အလိုမပြည့်နိုင်ဘဲ နောက်ဆုံး ကျွဲ ယောင်ဆောင်ပေးသည်ကိုပင် အမြီးတိုသည်။ ချိုစောင်းသည်ဟူ၍ အပြစ်တင်မလွတ်၊ အလိုမပြည့်နိုင်ဖြစ်ရသည်ဟုဆိုလိုသည်။ လူတို့၏အလိုဆန္ဒများပြား၍ အလိုမပြည့်နိုင် သော ဘ၀ကို တင်စား၍ သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
တံငါသည်တစ်ယောက်သည် ငါးဖမ်းရာတွင် ငါးအချို့မိ၍ ငါးအချို့လွတ်သွား သည်တွင် သူမိသောငါးများ မည်မျှကြီးကြောင်းကြွားဝါရုံသာမက အထောက်အထားပြ စရာမလိုသော လွတ်သွားသည့် ငါးများသည် အဆပေါင်းများစွာ ကြီးသေးကြောင်းကြွား ၀ါသည်ဟုဆိုလိုသည်။ မျက်မြင်ထင်ရှား တင်ပြခြင်းမပြုသာသော ကိစ္စမျိုးတွင် ပိုလွန် ချဲ့ကား၍ ပြောရာတွင်လည်းကောင်း မပိုင်ဆိုင်နိုင်သောအရာကို ပိုလွန်အထင်ကြီး၍ ပြောဆိုရာတွင်လည်းကောင်း တင်စား၍ သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
ကွမ်းထမ်းသမားတစ်ယောက်သည် ကွမ်းထမ်းကိုချ၍ ရွှေစက်တော်ဘုရားကို ဖူးမြော်ဝတ်ပြုပြီးနောက် ရောင်းဝယ်လုပ်ကိုင်ရသည်မှာ ပင်ပန်း၍ အရောင်းရနှေးသဖြင့် မြန်မြန်ကုန်ပါစေဘုရားဟု ဆုတောင်းပြီးလျှင် နောက်သို့ပြန်၍ လှည့်လိုက်သောအခါ ကွမ်းထမ်းကို အခြားသူခိုးယူသွားသဖြင့် မရှိတော့သည်ကို သိရသည်တွင် ဆုတောင်း ကလည်း ပြည့်လွယ်လွန်းလှသည်ဟု ညည်းတွားပြောဆိုသွားသည်ဟု ဆိုလိုသည်။ ... (ဆက်ဖတ်ရန်)
လှပခြင်းမှာ မျက်နှာတစ်မျက်နှာအတွက် ဂုဏ်တင်ခြင်းဖြစ်၍ အကြည့်ယာဉ် ခြင်းမှာ တစ်ကိုယ်လုံးနှင့် သက်ဆိုင်သည်ဟု ဆိုလိုသည်။ တစ်စိတ်တစ်ပိုင်းတည်း အားဖြင့် ပြည့်ဝခြင်းထက် အပြည့်အ၀ပမာဏတစ်ခုလုံး ပြည့်ဝခြင်းက ပို၍ကောင်းမွန် ထိုက်သည်ဟုဆိုလိုသည်။ ... (ဆက်ဖတ်ရန်)
လှပစေရန်အတွက် သွားကိုဖြူစင်အောင် မကြာခဏတိုက်ချွတ်ဆေးကြောရာမှ သွားဖုံးများပွန်းရိ၍ ရေစီးကမ်းပြိုအနာဖြစ်ပြီး ပို၍အရုပ်ဆိုးရသည် ဟုဆိုလိုသည်။ ကောင်းစေချင်၍ ပြင်လွန်းသည်တွင်မှ ပို၍ဆိုးရွားရသည့်အခါတွင် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
ဝါးလုံးတန်းကို ချည်နှောင်နှောင်ရာတွင် အခိုင်အမာစွဲကပ်ရန် တိုင်၊ ၀ါး၊ သစ်ပင်၊ တန်းစသည့်အမှီအတွယ် လိုအပ်ပေရာ ထိုသို့အခိုင်အမာ မှီရာမရှိဘဲ လေထဲတွင်ဖမ်း၍ ၀ါးလုံးတန်းချည်သည်ဟု ဆိုလိုသည်။ မဖြစ်နိုင်သောအရာကို ပြုလုပ်ရာတွင်လည်း ကောင်း၊ အခိုင်အမာ မဟုတ်သောစကားကို အခြေပြု၍ ကြံစည်လုပ်ကိုင်ရာတွင်လည်း ကောင်း ရှုတ်ချသောအနေဖြင့် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
အထက်အညာမှ အောက်ပြည်သို့ လှေဖြင့်စုန်၍ ကုန်ကူးသန်းရာတွင် အပြန်ခရီး ၌ မိုးကျ၍ တောင်လေတိုက်သောအခါ ရွက်ဖြင့်လေကိုမှီ၍ ဆန်တက်ကြရသည်ဖြစ်ရာ လေမလာသောအခါ လှေမဆန်နိုင်သဖြင့် ရက်ရှည်တင်လျက်ရှိသဖြင့် လှေသူကြီးက လှေသားများအတွက် စရိတ်စားခကို တာဝန်ယူကျွေးမွေးရသောကြောင့် နောက်ဆုံး တွင် လှေသူကြီးမှာ ပါသမျှငွေကုန်၍ လှေသားများက လှေသူကြီးကိုပင်ရောင်းချ၍ စား သောက်နေကြတော့သည်ဟု ဆိုလိုသည်။ အချိန်ဖင့်နွှဲကြာရှည်ခြင်းဖြင့် တစ်ဦးအတွက် အကျိုးရှိ၍ တစ်ဦးအတွက် အကျိုးမဲ့ခြင်းကို ဖော်ပြရာ၌သုံးသည်။ ... (ဆက်ဖတ်ရန်)
ဉာဏ်နည်းသော လှေသားတစ်ယောက်သည် လှေပေါ်မှ ပစ္စည်းတစ်ခု ရေထဲသို့ ကျသွားရာ ချက်ချင်းငုပ်၍မရှာဘဲ ကျရာနေရာဆီ၌လှေနံကို ဓားဖြင့်ထစ်၍ မှတ်သား ထားပြီးနောက် အတန်ကြာလှေမျောပြီးမှ လှေနံမှ ဓားထစ်ရာနေရာတည့်တည့်သို့ဆင်း ၍ ငုပ်စမ်းသော် ကျသောပစ္စည်းကိုမတွေ့ရတော့ဘဲ ရှိသည်ဟုဆိုလိုသည်။ တစ်နေရာ တည်းကို စိုက်လိုက်မတ်တတ် ပုံသေမှတ်သားခြင်းကို ရှုတ်ချ၍သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
ပေါ့ပါးလျင်မြန်စွာ သွားလာရန်အတွက် အကောင်းအမွန် အသုံးပြုသော လှော်ကားလှေမျိုးကို ထိုက်တန်စွာ အသုံးမချဘဲ အလေးအပင် ၀န်စည်သယ်ပို့ရန် အတွက် အသုံးပြုသည်ဟုဆိုလိုသည်။ မူလပစ္စည်း၏ ဂုဏ်ဒြပ်အချင်းအင်္ဂါနှင့် လိုက် ဖက်အောင် အသုံးမပြုတတ်ဘဲ အလွဲလွဲစေစားအသုံးချသည့်အခါမျိုးတွင် ရှုတ်ချသည့် အနေနှင့်သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)