လယ်ထွန်သွား နွားမေ့

လယ်ထွန်သည့်အခါတွင် ထွန်တုံးထွန်တံနှင့် နွားပါရသည်ဖြစ်ရာ လယ်သမား တစ်ယောက်သည် လယ်ထွန်ရန် လယ်ထဲသို့သွားသောအခါ ထွန်တုံးထွန်သံကိုသာ ထမ်းပိုးယူလာခဲ့၍ နွားကိုမေ့ချန်ထားခဲ့သည်ဟု ဆိုလိုသည်။ မေ့လျော့တတ်သူသည် မမေ့မလျော့သင့်သော အဓိကသတိထားရမည်ကိုပင် မေ့လျော့လွန်းသည့်အခါတွင် အပြစ်တင်သည့်အနေဖြင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

လသာတုန်းဗိုင်းငင်

တောအရပ်တွင် မီးခွက်မီးတိုင်များကို အသုံးမပြုဘဲ လရောင်ကိုအသုံးပြု၍ ဗိုင်းငင်တတ်ကြသည်ဖြစ်ရာ လမိုက်ရက်တွင်ဖြစ်စေ၊ လမထွက်လျှင်ဖြစ်စေ၊ ဗိုင်းမငင် နိုင်သဖြင့် လသာခိုက်တွင် အခွင့်ကောင်းယူ၍ ဗိုင်းငင်ပါဟု တိုက်တွန်းသည်။ (လျှပ်စစ်မီးမပေါ်မှီက မီးခွက်နှင့် ၀ါချည်များသည် မီးအန္တရာယ်နီးကပ်သဖြင့် မီးရောင် ဖြင့် ဗိုင်းငင့်အလုပ်မလုပ်ကြခြင်းဖြစ်သည်။) အခွင့်အခါသာခိုက်အလွတ်မခံ၊ အရှုံးမခံ ဘဲ အကျိုးအမြတ်ရှိအောင် ဆောင်ရွက်လုပ်ကိုင်ရန် ညွှန်ကြားရာ၌ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

လိပ်ကျောကြောင်ကော်၊ ပြောင်ချော်ချော်

လိပ်၏ကျောကုန်းသည် မာကျောချောပြောင်၍နေရာ ကြောင်သည်လက်သည်း များဖြင့် ခြစ်ကော်သော်လည်း ပြောင်ချောနေ၍ ကော်မရနိုင်ဟုဆိုလိုသည်။ ပြောင်ချော် သော မျက်နှာထားရှိသူအား ရှုတ်ချ၍လည်းကောင်း၊ မည်သို့မျှ ထိပါး၍မရဘဲ မူလ အတိုင်းမထိမခိုက် အန်တုမရရှိသောအခါတွင် ခိုင်ခန့်မာကျော၊ ခေါင်းမာမှုကို ဖော်ထုတ်၍လည်းကောင်း သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

လိုလျှင်ရစေ ကြိုးနှယ်ခွေ

ကြိုးစအပိုင်းအစတို့ကို အသုံးလိုအပ်သည့်အခါတွင် အသုံးပြုရန်အတွက် အသုံးဝင်မည့် ပစ္စည်းဥစ္စာ၊ အကြံဉာဏ်၊ အတတ်ပညာတို့ကိုအရံသင့် ကောင်းစွာ သိုမှီး ထားရန် ညွှန်ပြသည့်အနေဖြင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

လူတစ်ကိုယ် ထင်တစ်လုံး

လူဟူသည်မှာ ဖြစ်နိုင်သည်ဖြစ်စေ၊ မဖြစ်နိုင်သည်ဖြစ်စေ၊ ရည်မှန်းချက်တစ်ခုခု ထားရှိတတ်၍ ထိုရည်မှန်းချက်ကို ဖြစ်ရမည်ဟု အထင်ကြီးတတ်မြဲဖြစ်ရာ တစ်ဦးနှင့် တစ်ဦး မတူစေကာမူ လူတစ်ယောက်အဖို့ မိမိကိုယ်ကို အထင်ကြီးတတ်မြဲဖြစ်သည်ဟု ဆိုလိုသည်။ မိမိကိုယ်ကို အထင်ကြီးတတ်သောလူ၏ သဘာဝကို ပေါ်လွင်စေရန် သုံး နှုန်းသည်။... (ဆက်ဖတ်ရန်)

လူထွင်ပါ၍ နွား ကျားကိုက်သည်

လူက တောသို့သွားရာတွင် နွားကိုယူဆောင်၍သွားသဖြင့် နွားကိုကျားကိုက်ခံ ရလေရာ လူနှင့်အတူ နွားပါလာ၍သာ တောတွင်း၌ နွားကို ကျားကိုက်ခံရသည်။ အကယ်၍ လူနှင့်အတူသာပါမလာလျှင်နွားကို ကျားကိုက်ခံရဖွယ်မရှိဟု ဆိုလိုသည်။ မူလကဖြတ်ပျက်ရန် အကြောင်းရင်းခံသောကြောင့်သာ ဖြစ်ပျက်ရသည်။ အကြောင်း မရှိဘဲ ဖြစ်ပျက်မှုအကျိုး ပေါ်ပေါက်ခြင်းဖြစ်ရသည် မဟုတ်ဟူ၍ တင်ပြလိုရာ၌ သုံးနှုန်း သည်။... (ဆက်ဖတ်ရန်)

လူပါးပုလင်းထိသည်

အလွန်ပါးနပ်သည်ဟု ကြွားဝါလေ့ရှိသောသူအား ထိုသူထက်ပို၍ ပါးလွှားသော ပုလင်းကွဲအစအနများကို အနိုင်ယူထိရှသေးသည်ဟုဆိုလိုသည်။ ပါးနပ်သည်ဟု ၀င့်ကြွားသူသည် ထိုသူထက်ပါးနပ်သူ၏ လိမ်လည်လှည့်စားခြင်းကို ခံလိုက်ရသည် တွင် သရော်အားဖြင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

လူမတန် ကံချ

လူက မိမိနှင့်ထိုက်တန်အောင် ကြိုးပမ်းဆောင်ရွက်နိုင်ခြင်း မရှိသောအခါ မိမိ မစွမ်းဆောင်နိုင်မှုကို အပြစ်မဆိုဘဲ ကံအကြောင်းမကောင်း၍သာဖြစ်သည်ဟု ကံကိုပုံ၍ အပြစ်ချခြင်းကို ဆိုလိုသည်။ လူမကြိုးစားဘဲ ကံကိုအပြစ်ပြောတတ်သူမျိုးကို အပြစ် တင်သော သဘောဖြင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

လူမိုက်နောက်မှ အကြံရ

လူမိုက်တို့သည် ဉာဏ်ပညာနည်းပါးသူဖြစ်သည့်အတိုင်း အကြောင်းရှိသည့်အခါ ဉာဏ်ထုတ်ကြသည်တွင် လူမိုက်သည် နောက်ဆုံးမှ အကြံဉာဏ်ရတတ်သည်ကိုဆိုလို သည်။ လူမိုက်သည် ဉာဏ်ထုံနေခြင်းကို ရည်ရွယ်၍ သုံးသည်။ အချိန်အခါနှင့် မိအောင် အကြံဉာဏ်ကောင်းမရဘဲ အချိန်လွန်မှ အကြံအစည်ကောင်းရရှိခြင်းကို ဆိုလိုသည်။... (ဆက်ဖတ်ရန်)

လူလှ မီးခသည် (လူလှပွေးခ)

လှပချောမောသောသူသည် မီးရောင်တွင် ပို၍အလှဂုဏ်ပေါ်လွင်သဖြင့် မီးရောင်က ခစားရဘိသကဲ့သို့ မိး၏အကူအညီရသည်ဟုဆိုလိုသည်။ အချို့ကပွေးပေါက်သောသူကို စကားပြေပြောသည့်အနေဖြင့် လူလှ၍ပွေးပေါက် ခြင်းဖြစ်သည်ဟု စကားပုံပြင်၍ ပြောဆိုတတ်ကြသည်။ အသားတော် ညိုပြာသည်။ နန်းတော်ထက်ဖွားဟူ၍ ဆိုသည်နှင့်အလားတူသည်။... (ဆက်ဖတ်ရန်)



Page 2 of 41234