ရှားပင်အိုလေ အနှစ်ပြည့်လေ

ရှားပင်များသည် အပင်အို၍ အသက်ကြီးလေလေ၊ အနှစ်ပို၍ ပြည့်ဝလေဟု ဆိုလိုသည်။ အသက်အရွယ်ကြီးရင့်သူသည် ပို၍စဉ်းစားဥာဏ်နှင့် အတွေ့အကြုံ ကြွယ်ဝပြည့်စုံသည်ဟု ဆိုလိုရင်းဖြင့် တင်စားသုံးသည်။... (ဆက်ဖတ်ရန်)

ရွှံ့ပုတ်လျှင် မျက်နှာစင်သည်

ပျော့စိုသော ရွှံ့ကို လက်နှင့်သွား၍ ပုတ်ပါက ပုတ်သူ၏မျက်နှာကိုသာ လွင့်စေ မည်ဟု ဆိုလိုသည်။ မိမိ၏ဆွေမျိုးသားချင်းဆိုးသွမ်းမှုကို ဖော်ထုတ်ပုတ်ခတ်ပြောဆို လျှင် မိမိဂုဏ်ကိုပင် ပြန်၍ထိခိုက်နိုင်စရာသာရှိသည်ဟု ရည်ရွယ်၍ သုံးနှုန်းသည်။ သူတစ်ပါးကို ထိခိုက်စေလို၍ ပြုလုပ်သော်လည်း မိမိကိုသာပြန်၍ ထိခိုက်စေသည့် အခါတွင် ဆိုသည်။... (ဆက်ဖတ်ရန်)

ရေစီးလျှင် ကမ်းအပြင်မရှိ

ရေသည် မည်မျှအဟုန်ပြင်းစွာ စီးဆင်းသည်ဖြစ်စေ၊ ကမ်းနှစ်ဖက်၏အတွင်း၌ သာ စီးဆင်းသဖြင့် အလွန်ဆုံးရိုက်ခတ်သော ရေပြင်အကျယ်သည် ကမ်းထက်မလွန် နိုင်ဟုဆိုလိုသည်။ မည်သည့်အရာမဆို အတိုင်းအဆ ကန့်သတ်ချက်ရှိ၍ ထိုကန့်သတ် ချက်ကို လွန်ဆန်နိုင်ခြင်းမရှိကြောင်းကို ဖော်ပြရာ၌သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

ရေနက်ကလည်းနေသေး၊ လင်းဖက်လည်းစိုက်သေး

အင်းအိုင်များတွင် ငါးဖမ်းနိုင်ရန် ရေအောက်သို့ဆင်း၍ ယင်းဆည်စသည်တို့ကို စိုက်ထူပြင်ဆင်ရာတွင် ရေနက်ပိုင်းကနေရသူသည် ရေနက်တွင် နေရရုံသာမကသေး၊ လင်းဖက်လည်း စိုက်ရသေးသဖြင့် ရေတိမ်ဘက်ကလူထက် ပို၍အလုပ်ပိုပင်ပန်းသည် ဟုဆိုလိုသည်။ တာဝန်ပိုသူသည်ပို၍ တာဝန်နည်းသူမှာ နည်းနေသဖြင့် မမျှတခြင်းကို တင်စား၍ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

ရေမရှိတဲ့အရပ် ချေးကိုင်မိသည်

ရေရှား၍ မရနိုင်သောနေရာ၌  မစင်အညစ်အကြေးကို ကိုင်တွယ်မိသူသည် ဆေးလည်းဆေးကြောချင်၊ ဆေးလည်းမဆေးနိုင်နှင့် နှစ်ဖက် အခက်အခဲကြားတွင် အကြပ်အတည်း တွေ့ရသည်ဟု ဆိုလိုသည်။ ဖြေရှင်းရန်ခက်ခဲသော အမှားအယွင်း အပြစ်အနာကို ပြုလုပ်မိခြင်း၊ မတတ်နိုင်သည့်အခါတွင်မှ အကြောင်းပေါ်ခြင်းစသော အခါမျိုးတွင် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

ရေများရေနိုင် မီးများမီးနိုင်

မီးတောက်အင်အားနည်းပြီး ရေကများသောအခါ မီးငြိမ်း၍ ရေကနည်းပြီး မီးတောက်အင်အားကြီးမားသောအခါ မီးကိုမငြိမ်းသတ်နိုင်ဘဲ မီးကရေကိုခန်းခြောက် အောင် ဖုံးလွှမ်းနိုင်သည်ဟုဆိုသည်။ အရေအတွက်ပမာဏ အင်အားကြီးမားရာဘက်မှ အနိုင်ရတတ်ခြင်းသဘောကို ဖော်ပြရာတွင် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

ရောဂါတစ်ချက် ဆေးဆယ်ခွက်

ရောဂါတစ်မျိုးတည်း ဖြစ်သော်လည်း သောက်ရသည့်ဆေးမှာ ဆယ်ခွက်မျှ သောက်ရန် လိုအပ်သည်ဟု ဆိုလိုသည်။ အဆပမာဏ တူမျှမူသည် အရေအတွက် ပေါ် တွင် မူတည်ခြင်းမရှိသည်ကိုလည်းကောင်း၊ အကြောင်းတစ်မျိုးတည်း ဖြစ်သော်လည်း အကျိုးများစွာ ဖြာထွက်တတ်ပုံကို လည်းကောင်း ထင်ရှားစေရန် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

ရော့ပတ္တမြား ရော့နဂါး

ဘူရိဒတ်ဇာတ်တွင် အလမ္ပာယ်ပုဏ္ဏားသည် နဂါးမတို့ထံမှ ကျန်ခဲ့သော ပတ္တမြား ကိုရပြီးနောက် မုဆိုးအား ဘူရိဒတ်နဂါးမင်းနေရာကို ပြခိုင်း၍ သိရသောအခါ အတုံ့ အပြန်အားဖြင့် ပတ္တမြားကို လက်ဆောင်ပေးလိုက်သဖြင့် နဂါးနှင့်ပတ္တမြားကို လက်ဆောင်ပေးလိုက်သဖြင့် နဂါးနှင့် ပတ္တမြားလက်ငင်းလဲလှယ်ကြသည်ဟုဆိုလို သည်။ ပစ္စည်းတစ်ခုနှင့်တစ်ခု တစ်ယောက်နှင့်တစ်ယောက် အလဲအလှယ်ပြုရာတွင် ချက်ချင်းလက်ငင်း လက်ထိလက်ရောက် လဲလှယ်ကြသည့်အခါတွင် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

ရှောက်သီးသုတ် သံပုရာရည်ညှစ်ချင်

ရှောက်သီးသုတ်မှာ အလိုအလျောက် ချဉ်ပြီးဖြစ်သဖြင့် သံပုရာရည်ထပ်၍ညှစ် ချင်သည်ဟု ဆိုလိုသည်။ အလိုလိုပြီးပြည့်စုံပြီးဖြစ်သည်ကို မလိုအပ်ဘဲ ထပ်မံဆင့် လောင်းဖြည့်စွက်လိုတတ်ခြင်းကို ရှုတ်ချ၍သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

ရှေ့တိုးထမ်းပိုး၊ နောက်ဆုတ်လှည်းထုပ်

လှည်းကထားသောနွားသည် မရုန်းမထွက်သာဘဲ ရှေ့သို့တိုးလျှင်လည်း ထမ်းပိုးက တားဆီးထားပြီး နောက်သို့ဆုတ်လျှင်လည်း လှည်းထုပ်က တားဆီးထား သဖြင့် အကျဉ်းအကြပ်နှစ်ဖက်ကြားတွင် မလှုပ်မယှက်သာ ရှိနေသည်ဟုဆိုလိုသည်။ အခက်အခဲ အတားအဆီးနှစ်ဖက်ကြားတွင် ရှိနေရသည့်အခြေအနေကို ပေါ်လွင်စေရန် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)



Page 2 of 3123