မြွေမှန်လျှင် တွင်းဝင်ဖြောင့်သည်

မြွေသည် တွင်းထဲသို့လွယ်ကူစွာ လျှောဝင်နိုင်သော သတ္တ၀ါဖြစ်ခြင်းကြောင့် တွင်းထဲသို့ဝင်ရာ၌ အခက်အခဲ၊ ဖြောင့်ဖြူးသည်။ မြွေမဟုတ်သော အခြားသတ္တ၀ါနှင့် သက်မဲ့အရာဝတ္ထုတို့ဖြစ်လျှင်သာ တွင်းထဲသို့ဝင်ရန် ခက်ခဲခြင်းရှိမည်ဟု ဆိုလိုသည်။ စစ်မှန်သောအရာသည် သူနှင့်ထိုက်လျော်သော ကျွမ်းကျင်ပြေလည်မှု ရရှိသည်။ စစ်မှန်သောအရာ၌ မှန်သောလက္ခဏာရှိမြဲဖြစ်သည်ဟု ရည်ရွယ်၍သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

မြွေပွေး ခါးပိုက်ပိုက်သည်

မြွေပွေးအသေကောင်ကို ချက်စားမည်ဟုခါးပိုက်တွင် ပိုက်ထားရာမှ မြွေပွေးမ၏ ၀မ်းကိုဖောက်၍ မြွေပွေးအကောင်ငယ်များပေါက်ထွက်လာကာ ခါးပိုက်ရှင်ကို ပေါက် သဖြင့် သေဆုံးရသည်ဟုဆိုလိုသည်။ အန္တရာယ်ရှိသော မြွေပွေးကို ခါးပိုက်တွင်ဆောင် ထားသဖြင့် မည်သည့်အချိန်မဆို အန္တရာယ်ဖြစ်နိုင်သည့် အခြေအနေတွင်ရှိကြောင်းဆို သည်။ ဘေးအန္တရာယ်ပြုတတ်သူကို အရေးပေးမြှောက်စားထားခြင်းကို သတိပေးသည့် အနေဖြင့် သုံးသည်။... (ဆက်ဖတ်ရန်)

မြွေမြွေချင်း ခြေမြင်သည်

မြွေသည် ရွေ့လျားသွားလာနိုင်သည်ဖြစ်ရာ ပကတိအားဖြင့် ခြေမရှိသော်လည်း ကင်းခြေများကဲ့သို့ ခြေရှိနိုင်သည့် အတွေးအထင်ရောက်စေသည်ဖြစ်ရာ မြွေ၏ခြေကို လူကမမြင်ရသော်လည်း မြွေအချင်းချင်း သဘာဝတူညီသူအဖို့ကား မြင်သာသည်ဟု ဆိုလိုသည်။ အခြားလူများ မရိပ်မိသော်လည်း အချင်းချင်း အတွင်းသိ၊ ဘ၀တူ၊ သဘာဝတူညီသူများအဖို့ တစ်ယောက်၏ လျှို့ဝှက်သော သဘောလက္ခဏာ၊ လိမ် လည်မှု၊ အစွမ်းသတ္တိ၊ အခြေခံစသည်တို့ကို အခြားတစ်ယောက်က သိမြင်နိုင်သည်ဟု တင်စား၍ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

မြင်းကိုစီးလို့မှ အထီးမှန်းအမမှန်းမသိ

မိမိစီးသောမြင်းသည် မြင်းထီးဖြစ်သည်။ မြင်းမဖြစ်သည်ကိုပင် သတိမထားမိဟု ဆိုလိုသည်။ မိမိလုပ်ကိုင်ဆက်ဆံသော လုပ်ငန်းနှင့်ပတ်သက်၍ သိသင့်သတိပြုသင့် သည်ကိုမသိ၊ သတိမပြုဘဲရှိသောအခါတွင် ရှုတ်ချသောအားဖြင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

မြင်းကောင်း ခွာလိပ်သည်

မြင်းသည် အပြေးကောင်းသော မြင်းဖြစ်သော်လည်း အဆင်မသင့်၍ ခွာလိပ်နေ ခဲ့သော် ညံ့သောမြင်းကို ရှုံးတတ်သည်ဖြစ်ရာ အပြေးကောင်းခြင်းသည် ရုတ်တရက် ခွာလိပ်ခြင်းကို မကယ်နိုင်ဖြစ်ရတတ်သည်ဟုဆိုလိုသည်။ မည်မျှပင် ကျွမ်းကျင်သူဖြစ် စေကာမူ ချို့ယွင်းမှု အနည်းအပါးရှိတတ်၍ ထိုချို့ယွင်းမှုကိုပင် ထိခိုက်စေနိုင်ကြောင်း ကို တင်ပြရာ၌သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

မြစ်ကြီးတော့ ရေစီးသာသည်

အပြင်ကျယ်သောမြစ်သည် ရေထုပမာဏကျယ်ပြန့်သဖြင့် ရေစီးညင်သာမြဲဖြစ် ၍ ကျဉ်းမြောင်းသော ချောင်းများ၊ ကျဉ်းသောမြစ်များမှ ရေစီးရေဟုန် ကြမ်းတမ်းလေ့ရှိ သည်ဟု ဆိုလိုသည်။ ပညာပြည့်ဝသောသူသည် မာန်မာနချ၍ စိတ်နှလုံးသိမ်မွေ့လျက် ပညာနည်းပါးသူသည် မာန်မာနခက်ထန်တတ်သည်ကို တင်စား၍ဆိုသည်။... (ဆက်ဖတ်ရန်)



Page 5 of 512345