အရောင်အနာပျောက်စေသော လိမ်းဆေးဆီကို ရောင်ရမ်းနေသည့် နေရာတွင် မလူးဘဲ မရောင်သည့်နေရာတွင် လိမ်းကျံနေသည်ဟု ဆိုလိုသည်။ ဆောင်ရွက်သင့် သည့် ဒေသ၊ ကာလ၊ ပယောဂကိုမငဲ့ဘဲ အရမ်းအလွဲ ဆောင်ရွက်ခြင်းမျိုးကို ရှုတ်ချ၍ ဆိုသည်။... (ဆက်ဖတ်ရန်)
လူတစ်ယောက်သည် မပြေးပါဟုငြင်းဆိုသော်လည်း ပြေးရန်အားယူသည်။ ထိုသူ၏ခြေကန်ရာကို တွေ့ရသည်ဟု ဆိုလိုသည်။ တစ်စုံတစ်ရာ ငြင်းကွယ်ရာတွင် လုံးဝယုံကြည်နိုင်ဖွယ်ရာမရှိဘဲ ငြင်းကွယ်ချက်နှင့် ဆန့်ကျင်သော အထောက်အထား များက ပေါ်လွင်နေသည့်အခါတွင် ခိုင်းနှိုင်း၍သုံးသည်။... (ဆက်ဖတ်ရန်)
စေတနာကင်းမဲ့သော ကိုယ်ကျိုးရှာ ဆေးဆရာတစ်ယောက်သည် လူနာအားကု သရာတွင် လူနာက မျက်ဖြူဆိုက်လေလေ လူနာရှင်က ဆရာအား ပို၍အားကိုးကာ တောင်းဆိုသမျှ လာဘ်လာဘကို မဆိုင်းမတွပေးရန် စိတ်ထက်သန်လေလေဖြစ်၍ လူနာအတွက် မကောင်းစေကာမူ ဆရာအတွက် ငွေပိုတောင်းရန် အခွင့်အရေးပိုလာ ခြင်းဖြစ်၍ ဆရာ့အကြိုက်ဖြစ်သည်ဟု ဆိုလိုသည်။ တစ်ဦးအတွက် ဒုက္ခရောက်ခြင်းကို ကျန်တစ်ဦးက မိမိအကျိုးကိုငဲ့၍ နှစ်သက်ဝမ်းမြောက်ခြင်း ဖြစ်တတ်သည့် အဘိဇ္ဈာစိတ် ယုတ်မျိုး ထားရှိခြင်းကို တင်စား၍ဆိုသည်။... (ဆက်ဖတ်ရန်)
ခင်မင်သိကျွမ်းသော ငါးပိသည်ဆိုင်တွင် ငါးပိဝယ်သောအခါ သိကျွမ်းသူဖြစ်၍ ပစ္စည်းညံ့ ရောနှောပေးလိမ့်မည်မထင်ဟု သဘောပိုက်ကာ ပို၍အညံ့ရောနှောပေးပါက နောက်တစ်ကြိမ် ၀ယ်ယူမည်မဟုတ်ဟု တွက်ဆကာ ဖောက်သည်ရအောင် ပစ္စည်း ကောင်းကိုသာ ထုတ်ပေးတတ်သည်ဖြစ်၍ မျက်နှာသိဆိုင်တွင် ငါးပိမ၀ယ်ရာဟုဆိုလို သည်။ သိကျွမ်းသူသည် တစ်ခါတစ်ရံတွင် သူစိမ်းထက်ပို၍ ကောက်ကျစ်လှည့်ဖျား တတ်သည့်အခါတွင်သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
ထမင်းဝိုင်းတွင် ဟင်းလိုက်ပေးရာ၌ မျက်နှာကြီးငယ်မရွေးတတ်၍ ကြွယ်ဝချမ်း သာသူ၊ လိုလားသူ၏မျက်နှာကိုငဲ့၍ ထိုသူအား ဟင်းဖတ်များစွာထည့်ပေးပြီးလျှင် အခြားသူများကို ဟင်းရည်လောက်သာ ထည့်ပေးသည်ဟုဆိုလိုသည်။ (ဟင်းခပ်ရာ တွင် အတူအညီ တစ်ကြိမ်စီခပ်သော်လည်း ဇွန်းခွက်ကြီးသူအဖို့၌ ဟင်းဖတ်ပို၍ များစွာပါသည်ဟုလည်း ဆိုသည်။) ဖြောင့်မတ်စွာ လုပ်ကိုင်ဆောင်ရွက်ခြင်းမရှိဘဲ မညီမမျှ မျက်နှာလိုက်တတ်ခြင်းကို ရှုတ်ချ၍သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
မြစ်ပြင်ကျယ်ကြီးကို မမြင်ဖူးသောသူသည် မြစ်လက်တက်တစ်ခုမျှသာဖြစ် သောမူးမြစ်ကို တွေ့မြင်ရသောအခါ တကယ်ကျယ်ဝန်းလှသော မြစ်ကြီးဟု ထင်မှတ် နေသည်ဟု ဆိုလိုသည်။ မတွေ့မမြင်ဖူးသူအတွက် ပို၍ကျယ်သည်ဟု ထင်မှတ်လေ့ရှိ ၍ မြင်ဖူးသမျှမှာ နှိုင်းယှဉ်စရာမရှိမီ အကြီးဆုံးဟု မှတ်ထင်ရာရတတ်ခြင်းကို ထင်ရှား အောင် ခိုင်းနှိုင်းဆိုသည်။... (ဆက်ဖတ်ရန်)
ပြာသည် မွဲသောအရောင်ရှိသည်ဖြစ်ရာ မွဲဖို့အကြောင်း ဆိုက်လာသောခွေး သည် ပြာပုံ၌၀ပ်မိလျက်သားဖြစ်နေသည်ဟု ဆိုလိုသည်။ ဆင်းရဲရန် အကြောင်းပါသော သူသည် ဆင်းရဲမည့်အလုပ်မျိုးကိုမှ လုပ်မိတတ်သည်။ လူတစ်ယောက်၏ အလေ့စရိုက် သည် သူ၏အခြေအနေအားလျော်စွာသာလျှင် ဖြစ်တတ်သည်ဟူ၍ ရည်ရွယ်သုံးသည်။ ဖြစ်လာသော အကျိုးအတွက် အကြောင်းပေါ်တွင် စကားနာထိုး၍သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
မျောက်များသည် ငယ်စဉ်ကပင် သစ်ပင်တစ်ပင်မှတစ်ပင် တစ်ကိုင်းမှတစ်ကိုင်း သို့ အကူးသင်ကြရသည်။ အရွယ်ရောက်သောမျောက်တစ်ကောင်သည် သစ်ပင်တစ် ပင်မှ တစ်ပင်သို့အကူးတွင် တစ်ဖက်သစ်ကိုင်းကိုလည်းမလှမ်းမိ၊ တစ်ဖက်သစ်ကိုင်းမှ လည်း လက်လွတ်၍အောက်သို့ကျသွားပါမူ ကျန်မျောက်အပေါင်းအဖော်က အစွမ်းမရှိ သော မျောက်အဖြစ်ဖြင့် ၀ိုင်းပယ်၍ ၎င်းတို့အစုအဝေးတွင်လက်မခံဘဲ ရှိတတ်သည်ဟု ဆိုလိုသည်။ တစ်စုံတစ်ယောက်သည် ရည်မှန်းချက်နှစ်ခုကို တစ်ပြိုင်တည်း လှမ်းဆွတ် ရာတွင် နှစ်ဖက်စလုံးကိုမရဘဲ လက်လွတ်ဆုံးရှုံးရသည့်အခါတွင် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
သူဆင်းရဲသည် မျောက်တစ်ကောင်ကိုမွေးထားကာ ထိုမျောက်ကို ကစေလျက်၊ ပြသပြီးလျှင် မိမိဝမ်းစာအတွက် ဆန်တောင်းသည်တွင် ထိုသူသည် မျောက်ကိုသာပြ သော်လည်း မျောက်ကိုပေးသည်မဟုတ်။ မျောက်အတွက်သာ တောင်းသည်လည်း မဟုတ်ဘဲ မျောက်အစွမ်းဖြင့် မိမိဝမ်းစာကိုသာ တောင်းသည်ဟုဆိုလိုသည်။ တစ်စုံ တစ်ယောက်သည် လူတစ်ဦးဦးအား အခြားလိုချင်မက်မောဖွယ်ရာတစ်စုံတစ်ရာ၊ တစ်စုံ တစ်ယောက်ကို ဗန်းပြ၍ တကယ်ရရှိစေနိုင်ခြင်းမရှိဘဲလျက် ထိုလူထံမှ မိမိအကျိုးကို သာ ရှာတတ်ခြင်းကို တင်စား၍သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
မြေကြီးတွင် သြဇာကောင်းမကောင်း၊ မြေအမျိုးအစားမည်သို့ရှိသည်။ မည်သည့် အသီးအနှံနှင့်တော်မည် စသည်ကိုစမ်းသပ်သည့်သဘောနှင့် ပျက်လျှင်လည်းအရေး မကြီး၊ မဆုံးရှုံးသည့် ခရမ်းပင်ကို စမ်းသပ်စိုက်ပျိုးသည်ဟုဆိုလိုသည်။ စိုက်ပျိုးရင်းနှင့် ပင် မြေအကြောင်းလည်းသိ၊ အသီးအနှံလည်း ရတန်သလောက်ရသည်ဟုဆိုလိုသည်။ စမ်းသပ်သည့်သဘောဖြင့် စတင်လုပ်ကိုင်သည့်အခါတွင် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)