မိန်းကလေးတို့သည် ဣနြေ္ဒရှင်ဖြစ်၍ ဣနြေ္ဒပျက်စီးအောင် ရွှေငွေပေး၍ ဖြားယောင်းသော်လည်းမရနိုင်ဟု ဆိုလိုသည်။ မိန်းကလေးတို့ဣနြေ္ဒ စောင့်စည်းတတ် ပုံကို တင်စား၍ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
အနောက်တောင် စနေထောင့်ဘက်မှ မှိုင်းမှောင်တက်လာခဲ့လျှင် ရေခိုးရေငွေ့ ရှိရာ ပင်လယ်ပြင်ကိုဖြတ်၍ လာရသည်ဖြစ်သောကြောင့် မိုးသက်ထန်ဖွယ်အကြောင်း များသည် အနောက်မြောက် ရာဟုထောင့်မှ မှိုင်မှောင်တက်၍ လာလျှင်မူကား မိုးတိမ် မိုးသားနည်း၍ လေပြင်းသာတိုက်ခက်ဖွယ်ရာ အကြောင်းများသည်ဟုဆိုလိုသည်။ မိုးနှင့်လေ အခြေအနေသဘာဝကိုရည်၍ ဆိုသည်။... (ဆက်ဖတ်ရန်)
ရေထဲတွင် ကျင်လည်သော မိကျောင်းကို ရေတိမ်ရေနက်၊ ရေ၏အလားအနေ အခင်းကို သွန်သင်ပြသပေးသည်ဟုဆိုလိုသည်။ သိကျွမ်းကျင်လည်ပြီးသူကို ထပ်မံ၍ ပြောပြသင်ကြားနေခြင်းမှာ မလိုအပ်ဘဲ အပိုသာဖြစ်သည်ကို ထင်ရှားစေရန် သုံးနှုန်း သည်။... (ဆက်ဖတ်ရန်)
လူတစ်ယောက်သည် လက်တစ်ဖက်တွင် မီးစ၊ လက်တစ်ဖက်တွင် ရေမှုတ်ကို ကိုင်၍ မီးနှင့်ရှို့လိုက်၊ ရေနှင့်လောင်းလိုက်၊ မီးနှင့်ထပ်ရှို့လိုက်၊ ရေနှင့်ငြိမ်းလိုက်နှင့် ပြုမူ သည်ဟုဆိုသည်။ အခြားသူများကို ဆူပူအောင် ဆွမြှောက်ပေးလိုက်၊ တစ်ဖက်တွင် လည်း ငြိမ်းအေးအောင်ဟန်ပြလုပ်လိုက် စသည်ဖြင့် အပူအအေးနှစ်ဖက်လုံးတွင် ၀င်ရောက်ချယ်လှယ်ကာ အခြေအနေနှစ်ရပ်လုံး၊ နှစ်ဖက်လုံးကိုအလျှော့အတင်း ကိုင်၍ ထားသည့်အခါမျိုးတွင် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
မီးလောင်နေသည့်အခါတွင် ပို၍လောင်စေရန် လေဖြင့်ကူ၍တိုက်ပေးသည်ဟု ဆိုလိုသည်။ သူတစ်ပါး အမျက်ဒေါသဖြစ်ပွားနေသည့်အခါတွင် ပို၍ပြင်းထန်အောင် ထပ်ဖြည့်ကုန်းချောခြင်း စသည်ဖြင့် ဖြစ်ပေါ်နေသော မကောင်းစိတ်များကို ပိုမိုပြင်းထန် အောင် ထပ်မံလှုံ့ဆော်ပေးသည်ကို ရှုတ်ချ၍သုံးသည်။... (ဆက်ဖတ်ရန်)
ချိတ်သည် မီးနှင့်နီးသောအခါ အရည်ပျော်အောင် ပျော့ပျောင်း၍ မီးနှင့်ဝေးသော အခါ မာမြဲမာသည်ဟု ဆိုလိုသည်။ သွန်သင်ကွပ်ညှပ်မှုနှင့် နီးကပ်လာသောအခါ လိမ္မာ ၍ ဝေးသောအခါ ပြန်၍မိုက်မဲခြင်း၊ လှုံ့ဆော်မှုရှိသောအခါ သတိရ၍ ဝေးကွာသောအခါ မေ့ပျောက်ခြင်းတို့ကို ရည်ရွယ်၍ သုံးသည်။... (ဆက်ဖတ်ရန်)
မုဆိုးသည် အတွေ့အကြုံမရှိသေးမီ စိုင်တစ်ကောင်ကို လိုက်လံပစ်ခတ်ရာ စိုင်၏ပြေးလွှားခုခံပုံနှင့် သဘာဝကို တွေ့မြင်ရသောအခါ စိုင်အား မည်သို့ဖမ်းရမည်ကို ပိုမိုနားလည်ကျွမ်းကျင်လာသဖြင့် စိုင်က သင်ပေးသကဲ့သို့ ဖြစ်သည်ဟု ဆိုလိုသည်။ ရှေးဦးက မကျွမ်းကျင်သော်လည်း လက်တွေ့လုပ်ငန်း လုပ်ကိုင်းရင်းပင် အတွေ့အကြုံ မှ ပညာပို၍ ရနိုင်ကြောင်းကို သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
မုန့်ဆီကြော်ကို မကြော်ရသေးမီက စားချင်သူသည် နှုတ်ခမ်းနာနှင့် မုန့်ဆီကြော် တည့်မတည့် မေးသည်ဟုဆိုလိုသည်။ လိုသည်ထက်ပို၍ စောစွာတင်ကြို၍ ပြင်ဆင် ခြင်း၊ ကြောင့်ကြခြင်းကိုသရော်၍ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
ကဗျာလင်္ကာဖွဲ့ဆိုသည့်အခါတွင် ပကတိအားဖြင့် မှန်ကန်ခြင်းမရှိစေကာမူ ချဲ့တင်စား၍ ဥမ္မာဒန္တီတမျှလှပသူ၊ ပြုံးရယ်နေသော ကောင်းကင်စသည်ဖြင့် ဖွဲ့နွဲ့ဆို ခြင်းမရှိပါက လင်္ကာသာယာချောမွေ့ခြင်းမရှိနိုင်ဟု ဆိုလိုသည်။ လောကတွင် မုသား မပြောလျှင် မဖြစ်သောအခါ ရှိသေးကြောင်း ကာကွယ်ချေပလိုသောအားဖြင့် သုံးသည်။ (မုတမပါ လင်္ကာမချောဟူ၍ လက်တွေ့အသိပညာမပါလျှင် မလေးနက် ကြောင်း တစ်နည်းယူဆကြသေးသည်။)... (ဆက်ဖတ်ရန်)
ငဖြိုး၏ဇနီးဖြစ်သူသည် ငဖြိုးရှာဖွေရရှိသော ငွေများထဲမှ တစ်မူးယူထားလိုက်၊ တစ်ပဲယူထားလိုက်ဖြင့် နှိုက်ထုတ်၍ ကဲ့ဝှက်ကာ မိမိဆွေမျိုးများကို ပံ့ပိုးသဖြင့် ငဖြိုးမှာ တဖြည်းဖြည်း စီးပွားပျက်ကာ ကျွန်ခံအသက်မွေးရသည့်ဘ၀သို့ ရောက်ရသည်ဟု ဆိုလိုသည်။ အနည်းငယ်မျှ ဖြစ်သော်လည်း စုဖန်များသော် များပြားလာနိုင်သည်ကို ထင်ရှားစေလို၍ဖြစ်စေ၊ မယားတို့၏ ကောက်ကျစ်မှုကို ဖော်ပြလိုရာ၌ဖြစ်စေ သုံးနှုန်း သည်။... (ဆက်ဖတ်ရန်)