ဝမ်းသွားစေရန် အ၀င်ဆိုးသော ဆေးများဖြင့် ၀မ်းမနုတ်ဘဲ ချိုမြသော ပျားရည် ဆေးဖြင့် ၀မ်းပုပ်ချသည်ဟု ဆိုလိုသည်။ အသာအယာ သက်သာသော စကားမျိုးဖြင့် နှစ်သက်အောင်ပြု၍ မိမိအလိုဆန္ဒပြည့်ဝအောင် ပြုလုပ်သည့်အခါတွင် တစ်ဖက်သား၍ အ၀င်ချို၍ အကြိုက်တွေ့သလောက် ထိုသူသည် ပစ္စည်ူးတစ်စုံတစ်ရာ သို့မဟုတ် ကျေနပ်ခွင့်လွှတ်မှုတစ်ခုခုကို ပေးအပ်လိုက်ရသည်ဟု ဆိုလိုသည်။ (အချို့က ပျားရည်ကို ကန်တော့လက်ဆောင်ပြု၍ ၀န်ချတောင်းပန်သည်ဟု အဓိပ္ပာယ်ကောက်ယူကြသည်။ အသုံးနည်း၏။) ... (ဆက်ဖတ်ရန်)
မွေးကတည်းက ထွန်းပေါက်ဖြစ်ပေါ်လာသည့် နဖူးသည်ကျယ်သည်ဖြစ်စေ၊ မောက်သည်ဖြစ်စေ၊ စူးရှသည်ဖြစ်စေ၊ လှီးရွေပစ်နိုင်သည်မဟုတ်တော့သဖြင့် ဘာမျှ အကြောင်းထူးတော့မည်မဟုတ်။ ဖြစ်သမျှ လက်ခံရမည်သာဖြစ်သည်ဟု ဆိုလိုသည်။ ဖြစ်လာသည့် ကိစ္စသည် မည်သို့မျှ ပြုပြင်မရစကောင်းတော့၍ ဖြစ်သမျှလက်ခံရသည့် အခြေအနေတွင် နှစ်သိမ့်မှုဖြင့် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
အခုန်အပျံ ပေါ့ပါးစေလိုခြင်းကြောင့် ဆေးထိုးရာတွင် ပို၍ပေါ့မလာသည့်ပြင် ဆေး၏အလေးချိန်တိုးလာသဖြင့် ပို၍ပင်လေးလာသည်ဟုဆိုလိုသည်။ မျှော်လင့်သော အကျိုးကျေးဇူး ပေါ်ပေါက်မလာဘဲ ဆန့်ကျင်ဘက်အားဖြင့်သာ ဖြစ်လာသည်ကို ရည်၍ ဆိုသည်။ ... (ဆက်ဖတ်ရန်)
သံတစ်မျိုးတည်းပင်ဖြစ်သော်လည်း တူဖြစ်သည့်အခါတွင်အပေါ်မှ ထုမည်သာ ဖြစ်၍ ပေဖြစ်လျှင်လည်း အထုခံရမည်သာဖြစ်သည်ဟု ဆိုသည်။ မိမိက အသာရလျှင် လည်း မိမိကအနိုင်ယူမည်။ မိမိကရှုံးရလျှင်လည်း အရှုံးခံမည်။ ဖြစ်သည့်အနေတွင့် ဖြစ် သလို ပြတ်ပြတ်သားသား လက်ခံမည်ဟု အသင့်ပြင်ထားကြောင်းဖော်ပြရန် သုံးနှုန်း သည်။ ... (ဆက်ဖတ်ရန်)
အလှူအတန်းများတွင် တရားနာအပြီး၌ ပြောဆိုင်း တီးလေ့ရှိသည်ဖြစ်ရာ ပြောတီးသံကြားတိုင်း စိတ်မှန်းနှင့်ရမ်းဆ၍ တရားနာနေသည်ဟု ဆိုလိုသည်။ အကျိုး အကြောင်း အပြည့်အစုံကို သေချာစွာ မစူးစမ်း မစစ်ဆေးဘဲ စကားစွန်း စကားဖျား ကြားရုံနှင့် ထင်မိထင်ရာ ဝေဖန်ပြောဆိုခြင်းဖြင့် အလွဲလွဲအချော်ချော် မဟပ်မစပ်ဖြစ်ရ သည်ကို ရည်ညွှန်း၍ူသုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
ထွက်ရပ်ပေါက်အောင် အဂ္ဂိရတ်ထိုးရာတွင် ပြဒါးသေအောင်စီရင်နည်းနှင့် အကျိုးသွားမှာ တစ်ခြားဖြစ်၍ သံသေအောင် စီရင်နည်းနှင့် အကျိုးသွားမှာတခြားဖြစ် သည်ဟု ဆိုလိုသည်။ တစ်ခုနှင်တစ်ခု မဆက်မစပ် တသီးတခြားစီ၊ တစ်လမ်းစီရှိသော အရာများတွင် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)