ပတ္တမြားအစစ်သည် နွံဖြင့် ဖုံးအုပ်ခြင်းခံရသော်ငြားလည်း ပင်ကိုယ်မူလအရောင် မညစ်နွမ်း၊ မမှေးမှိန်နိုင်ဟု ဆိုလိုသည်။ စစ်မှန်သော အရည်အချင်းရှိသူသည် မည် သည့်အကာအဆီး အဖုံးအဆုပ်ပင် ခံရသည်ဖြစ်စေ မူလအရည်အချင်းသည် မှေးမှိန် မသွားဘဲ ထွန်းတောက်မြဲပင်ဖြစ်သည်ဟု ဆိုလိုသည်။ ... (ဆက်ဖတ်ရန်)
ပန်းညိုပင်သည် အလွန်ဖြစ်ထွန်းလွယ်သော အပင်မျိုးဖြစ်၍ ခူးယူဖြတ်တောက် လေလေ အခက်အလက်ပို၍ ဝေေ၀ဆာဆာစည်ကားလေလေဖြစ်သည်ဟု ဆိုလို သည်။ သူတစ်ပါး၏ အနှိမ်ခံရခြင်း၊ အရှုံးနှင့် ရင်ဆိုင်ရခြင်း စသည်တို့တွင် စိတ်ဓာတ် မကျမဆုတ်နစ်ဘဲ ပို၍ပင်အားသစ်လောင်းကာ ပိုမိုတိုးတက်မှုကို ရရှိအောင်ထပ်မံကြိုး စားတတ်သော အလေ့အထကို တင်စား၍ သုံးသည်။ ... (ဆက်ဖတ်ရန်)
ပန်းတိမ်အတတ်ကိုသင်ရာတွင် ပန်းတိမ်ပညာကို ကောင်းစွာမတတ်မီက ရွှေကို မည်သို့ခိုးယူရမည်ကို ကျော်လွှား၍ သင်ကြားလေ့လာသည်ဟုဆိုသည်။ လုပ်သင့်လုပ် ထိုက်သည့်အလုပ်ကို မလုပ်မီနောက်တစ်ဆင့်ဖြစ်သည့် အလုပ်ကိုကျော်လွှား၍ လုပ်ကိုင်ခြင်းမျိုးကိုအပြစ်တင်၍ သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
ပန်းပဲအလုပ်ဖြင့် အသက်မွေးသူသည် ဖားဖိုရှေ့တွင် မီးပူ၊ သံပူနှင့် အလုပ်လုပ် ရသဖြင့် မီးပူကို ရှောင်ကွင်း၍မရနိုင်ဟုဆိုလိုသည်။ မလွှဲရှောင်သာ၍ လုပ်ကိုင်ရမည့် အလုပ်တွင် အန္တရာယ်အခက်အခဲကို မုချရင်ဆိုင်ရမည်သာဖြစ်သည်ဟု ဆိုလိုသည်။ ... (ဆက်ဖတ်ရန်)
ခါးပေါ်တွင် ချည်ပုဆိုးရှိသောအခါ ပိုးပုဆိုးကို ၀တ်ရအောင်တိုး၍ ကြံစည်ရမည် ဖြစ်၍ ခါးပေါ်တွင်ဝတ်ရသောအခါ ထိုထက်ကောင်းသည့် ကျစ်ပုဆိုးကို ၀တ်ရအောင် တိုး၍ ကြံစည်ရမည်ဟုဆိုလိုသည်။ လက်ရှိအခြေအနေမှ အစဉ်အဆင့်ဆင့် တိုးတက်အောင်ကြိုးစားရမည်ဟု နှိုး ဆော်သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
ပီလောရွက်မှာ အလွန်ချွဲကျိသောအမျိုးဖြစ်၍ ပက်ကျိမှာလည်း ကျိချွဲသော သတ္တ၀ါဖြစ်ရာ ပို၍ချွဲပျစ်ပြောဆိုခြင်း၊ တစ်ဦးနှင့်တစ်ဦးတယုတယ ချွဲပျစ်ပလီ ကျီစယ် နေသည့်အခါမျိုးတွင် တင်စား၍သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
လုံအောင်ထိုင်ဖို့ကို အပထား၍ ပုဆိုးပင်မရှိသောသူက အခြားသူတစ်ဦးတစ် ယောက်ကို လုံအောင်ထိုင်ရန် သတိပေးနေသည်ဟုဆိုလိုသည်။ မိမိအဖြစ်ကို သတိ မပြုမိဘဲ အခြားသူများကို အပြစ်တင်ညွှန်ပြနေခြင်းမျိုးကို သရော်၍သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
ပဲကြီးစေ့ကို ရေစိမ်သောအခါ ချက်ချင်းပွမည်မဟုတ်ဘဲ အချိန်တန်မျသာ ပွမည် ဟုဆိုလိုသည်။ သူ့အချိန်နှင့်သူ ကြီးပွားအောင်မြင်ရမည့်ကိစ္စကို ချက်ချင်းအပူတပြင်း လိုလားတောင့်တ၍ရမည်မဟုတ်ကြောင်းကို ထင်ပေါ့်စေရန် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)
ပြောဆိုသော စကားသည် ရှေးဟောင်းပုံပြင် ၀တ္တုလည်းမဟုတ်၊ ဘုရားဟော ပါဠိလည်းမဟုတ်၊ ဟိုမရောက် သည်မရောက် ဆန်ကောဆန်ခါဖြစ်နေသည်ဟု ဆိုလို သည်။ တစ်ခုခု မည်မည်ရရမဆိုလောက်သောကိစ္စ၊ အရာမရောက်သောကိစ္စများတွင် တင်စားသုံးသည်။ ... (ဆက်ဖတ်ရန်)
တစ်စုံတစ်ခုကို ပျက်နေပြီဟူ၍ စွန့်ပစ်ထားလျှင် အစဉ်သဖြင့် ပျက်စီးနေမြဲပင် ဖြစ်၍ ပြုပြင်တန်သမျှ ပြုပြင်လိုက်လျှင် ခဏချင်းပင်ပြန်၍ ကောင်းသွားနိုင်သည်ဟု ဆိုလိုသည်။ ချို့ယွင်းပျက်စီးသည်ကို လျစ်လျူရှုမထားဘဲ ပြုပြင်ရန် တိုက်တွန်းသည့် အနေဖြင့် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)