ပျိုရွယ်သောနွားငယ်သည် မည်မျှပင် သန်မာသည်ဟုဆိုစေကာမူ အိုမင်း၍ ပေါင်ကျိုးနေသော နွားကြီးမျှလောက် သန်မာသည်ဟုဆိုလိုသည်။ ငယ်ရွယ်သူသည် အကြားအမြင်များသည်ဟုဆိုရစေကာမူ အသက်အရွယ်ကြီး၍ အတွေ့အကြုံများသူကို မမီနိုင်ကြောင်း တင်စား၍ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
လယ်ထွန်သည့်အခါတွင် နွားက ရှေ့ကဆွဲ၍ ထွန်သွားက နောက်ကလိုက်ရမြဲ ဖြစ်ရာ ထွန်သွားက ဖြစ်ရိုးဖြစ်စဉ်ထက်လွန်၍ ရှေ့ကသွားနေခြင်းမှာ သဘာဝမကျဟု ဆိုလိုသည်။ အရိုးအစဉ် သဘာဝထက်ပိုလွန်း၍ ကမောက်ကမဖြစ်ခြင်းကို ရှုတ်ချသော အားဖြင့် သုံးနှုန်းသည်။ မတတ်မစွမ်းသူက တတ်စွမ်းသူကို ကျော်လွှမ်း၍ သြဇာပေး၊ အခွင့်ရရေးသည့်အခါမျိုးတွင်လည်း သုံးသည်။... (ဆက်ဖတ်ရန်)
စိတ်သဘောကောင်းသူမှာ သူတစ်ပါး၏ တာဝန်ပေးအပ်ခြင်းခံရတတ်သဖြင့် တာဝန်ပို၍ ကြီးသည်ဟုဆိုလိုသည်။ သဘောကောင်းသူ စိတ်ထားရက်ရောသူတို့ကို အလုပ်တာဝန်ပိုဖိ၍ပေးတတ်ကြသည်ဟုလည်း ဆိုရာရောက်သည်။ နေရာတကာတွင် ရက်ရောလိုက်လျောခြင်းမပြုရန် သတိပေးသော သဘောနှင့်လည်း သုံးနှုန်းသည်။ အချို့က အညှာလွယ်လွန်းသော မိန်းကလေးသည် ပျက်စီးတတ်သည်ဟူသော သဘောဖြင့် `နှလုံးကောင်း ၀မ်းကြီး´သို့မဟုတ် `နှလုံးကောင်း ၀မ်းဖောင်း´ဟူ၍ သုံးနှုန်းတတ်ကြသေးသည်။... (ဆက်ဖတ်ရန်)
နှီးအမျိုးအစား ကောင်းမွန်ခဲ့လျှင် ဖျာရက်ရုံမျှလောက်နှင့်မတန် ထိုထက်ပို၍ ချောမြေ့ကောင်းမွန်သော ၀တ္ထုပစ္စည်းတို့ကိုသာ ပြုလုပ်အပ်သည်ဟုဆိုလိုသည်။ အရည်အသွေးပိုလွန်းကောင်းမွန်သောအရာတို့ကို ချီးပင့်မြှောက်စားပြောဆိုခြင်းပြု သည်။... (ဆက်ဖတ်ရန်)
မီးတောက်အောင် မှုတ်ရာတွင် မီးမှုတ်သူကလည်း နှုတ်ခမ်းပဲ့၍ လေမပြည့်၊ မီးမှုတ်သော ပြောင်းကလည်း နှုတ်ခမ်းပဲ့၍ လေမလုံဘဲ နှုတ်ခမ်းပဲ့သူက နှုတ်ခမ်းပဲ့ သောပြောင်းနှင့် မှုတ်နေရသည်ဟု ဆိုလိုသည်။ အရည်အချင်း ချို့တဲ့သူအချင်းချင်း ဖက်ပြိုင်ချင်း၊ ချို့တဲ့သူချင်းပေါင်းဖက် အိမ်ထောင်ချင်းစသည်တို့ကို မပြည့်သူချင်း ရန်ထောင်ခြင်းစသည်တို့တွင် သုံးနှုန်း သည်။... (ဆက်ဖတ်ရန်)
နှုတ်က စကားအခွန်းတစ်ရာ ပြောဆိုသော်လည်း အမှတ်မထင်မလေးမနက်၊ စာဖြင့်တစ်လုံးမျှ မှတ်မှတ်ရရ ရေးချခြင်းက အမှတ်ကျန်သည်ဟုဆိုလိုသည်။ နှုတ်ဖြင့် အလွယ်ကတိပေးခြင်းထက် စာဖြင့် အမှတ်ထင်ထင် ရေးမှတ်ခံဝန်ပြုလုပ်ခြင်းက ပို၍ အရာရောက်သည်ဟုဆိုလိုသည်။ နှုတ်ထက် စာအမှတ်အသားက ပိုမိုခိုင်မြဲလေးနက် ကြောင်းကို တင်စားဆိုသည်။... (ဆက်ဖတ်ရန်)