တပည့်ဖြစ်သူက အရိပ်အခြည်အလိုက်အထိုက် သိတတ်၍ ဆရာ့တာဝန်အချို့ကို ရှေ့ဆောင်လုပ်ကိုင်၍ တာဝန်လွှဲပြောင်းခံယူလိုက်သောအခါ ဆရာဖြစ်သူမှာ တာဝန်ပေါ့ ၍ အပြစ်ဖြစ်စရာရှိခြင်းမှလည်း ကင်းလွတ်ရသည်ဟု ဆိုလိုသည်။ တောကျောင်းတွင် ကိုရင်ကြီးတစ်ပါး၌ တပည့်ကျောင်းသားတစ်ယောက်ရှိ၏။ တစ်ခါသော ကိုရင်ကြီးက ကြက်သားဟင်းစားချင်၏။ သို့ရာတွင် အာပတ်သင့်မည်စိုး၍ ကျောင်းသားဖြစ်သူကို ကြက်သတ်ရန် တိုက်ရိုက်မခိုင်းသာချေ။ ထို့ကြောင့် ကြက်သား ဟင်းသည် စား၍ကောင်းသောဟင်းဖြစ်ကြောင်းမျှကိုသာ ပြော၏။ အလိုက်သိသော တပည့်ကား ကြက်ကိုသတ်၍ ချက်ပြုတ်ပြီး ကပ်လှူလေသည်။ တပည့်လိမ္မာ၍ ဆရာ အာပတ်လွတ်၏။ ကြားလူနှင့်အပေါင်းအဖော်ဖြစ်သူတို့က နှစ်ဦးနှစ်ဖက်ကြားတွင် စကားကို ပြေလည်အောင်... (ဆက်ဖတ်ရန်)
တံငါနှင့် နီးစပ်ပေါင်းသင်းသောအခါ တံငါအလုပ်ကို တတ်ကျွမ်း၍ တံငါဖြစ်လာ သကဲ့သို့ မုဆိုးနှင့် နီးစပ်ပေါင်းသင်းသောအခါ မုဆိုးအတက်ကို တက်ကျွမ်း၍ မုဆိုးဖြစ် လာသည်ဟု ဆိုသည်။ ပတ်ဝန်းကျင်အလျောက် နီးစပ်ယဉ်ပါးခြင်း ဖြစ်ရသည်ကို ပေါ် လွင်စေရန်သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
လုံ့လ၀ီရိယရှိ၍ တက်ကြွထက်သန်သူသည် ရှေ့၌ ဆီးအံ့သော အတားအဆီး အန္တရာယ်ကို အရေးမထား၊ ရှေ့၌တုံးရှိလျှင်လည်း တိုက်မိသော်တိုက်မိစေ၊ ရှေ့၌ကျားရှိ လျှင်လည်း ကိုက်မိသော် ကိုက်မိစေ၊ ကြောက်ရွံ့တွန့်ဆုတ်ခြင်းမရှိဘဲ ရှေ့သို့သာတိုး၍ ရဲရင့်ဝံ့စားစွာ တိုး၍သွားမည်ဟုဆိုလိုသည်။ အချို့က လေးဖင့်နှေးကွေးခြင်းမရှိဘဲ ရုတ်ခနဲ သွက်သွက်လက်လက် လှုပ်ရှား လုပ်ကိုင်ခြင်းကို အားပေးလှုံ့ဆော်သောသဘောနှင့်လည်း သုံးကြသည်။... (ဆက်ဖတ်ရန်)
ရှေးအခါက ချုပ်အပ်များကို တရုတ်ပြည်မှပြုလုပ်၍ အခြားတိုင်းပြည်များသို့ ပို့ဆောင်ရောင်းချမြဲဖြစ်ရာ အပ်ထုတ်လုပ်သော တရုတ်ပြည်သို့သွား၍ အပ်ရောင်းချ နေလျှင် အချည်းအနှီးဖြစ်မည်ဟုဆိုလိုသည်။ ထပ်မံဖြည့်တင်းရန်မလိုအောင် ပြည့်စုံ ပြီးသောအခါကိုထပ်ဖြည့်ရန် ကြိုးစားမှုမျိုးတွင် ခိုင်းနှိုင်း၍ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
မီးတောက်မီးလျှံ လူတက်မည့်မီးခဲမျိုးမှာ ပြာဖုံးပြန့်ကျဲ၍မနေ မီးဖိုအတွင်း၌ ရဲရဲ ၀င်းဝင်း အားသစ်အရှိန်ယူလျက်ရှိသည်ဟု ဆိုလိုသည်။ ကြီးပွားတိုးတက်မည့်သူသည် နှုတ်စလက်စ အခြေအမြစ်နှု့် အလားအလာရှိသည်ဟု ဆိုလိုရာရောက်သည်။... (ဆက်ဖတ်ရန်)
ကလေးငယ်များ မပြတ်ချူချာ ငိုယိုသောအခါ ဘေးအန္တရာယ်ကင်းရှင်းစေရန် စိတ် အပြောင်းအလဲ၊ အလိုဆန္ဒပြည့်ဝစေလိုသည့်သဘောနှင့် ရွှေ၊ ကြက်၊ အ၀တ်အထည် စသော အနီးအပါးဆောင်ထားရန် ပစ္စည်းလက်ဆောင်ပေးသော ဓလေ့ရှိရာ ထိုသို့ခမည်း လိုရာတွင် တောတောင်ထဲ၌သာ လှည့်စားသွားလာနေသော တောဆင်ကို ခမည်းအဖြစ် ပေးသဖြင့် အမည်သာပေး၍ လက်တွေ့အားဖြင့် တောဆင်မှ အနီးအပါး၌ မည်သည့်အခါ မျှမရှိဘဲ ဖြစ်နေသည်ဟု ဆိုလိုသည်။ အမည်အားဖြင့် သာပေး၍ တကယ်လက်တွေ့မရရှိ သောအခါ တကယ်အကျိုးခံစားခွင့် မရသောအခါမျိုးတွင် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
တောထဲတွင် သဘာဝပွတ်မီးကြောင့်ဖြစ်စေ၊ ရှို့မီး၊ မီးကြွင်းတို့ကြောင့်ဖြစ်စေ၊ တောမီးလောင်သောအခါ ယုန်၊ ဖွတ်၊ ပတတ်၊ ချေ၊ ရှဥ့်စသော သတ္တ၀ါငယ်များသည် ခိုအောင်းရာမှ ကြောက်လန့်တကြား ပြေးထွက်လာသည်ဖြစ်ရာ သားကောင်ငယ်များကို ရှာဖွေကိုက်သတ်စားလေ့ရှီသည့် တောကြောင်အဖို့ အစားအစာအသင့် ဖောဖောသီသီ ရနိုင်မည်ဖြစ်၍ ၀မ်းပန်းတသာ လက်ခမောင်း (လက်ပန်းပေါက်)ခတ်သည်ဟု ဆိုလို သည်။ အခြားသူများ၏ ဘေးဒုက္ခအခက်အခဲ အခြေအနေတွင် သူယုတ်တို့ ကောက်ကျစ် စဉ်းလဲစွာ အကျိုးအမြတ် ရှာတတ်ခြင်းကို ရှုတ်ချ၍သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
တောထဲမှ သစ်ပွင့်ကိုလိုချင်ခဲ့သော် တောထဲမှ သစ်ခက်သစ်ကိုင်းနှင့်ချူသော် လွယ်ကူစွာ ရရှိနိုင်သည်ဟု ဆိုလိုသည်။ ရွာသူကိုကြိုက်နှစ်သက်သော် ရွာသားအောင် သွယ်၍ အကူအညီဖြင့်လည်းကောင်း၊ တိုင်းပြည်တစ်ပြည်ကို စစ်ပြိုင်ရာ၌ ထိုပြည်တွင်း သားတို့၏အကူအညီဖြင့်လည်းကောင်း ကြိုးပမ်းဆောင်ရွက်ရန် လမ်းညွှန်ပြသသည့် အနေဖြင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)