ငါးပွက်ရာ ငါးစာချ

ငါးမျှားသည့်အခါတွင် တစ်နေရာရာ၌ ငါးစာကိုချ၍ ငါးကိုမစောင့်ဘဲ ငါးပွတ် သည့်နေရာတိုင်းသို့လိုက်၍ ငါးစာချနေသဖြင့် ငါးစာသာကုန်၍ ငါးကိုဟုတ်ဟုတ်ငြား ငြားမဖမ်းမိဘဲ ရှိသည်ဟုဆိုလိုသည်။ အလုပ်တစ်ခုခု၊ ပညာတစ်ရပ်ရပ်ကို ဇောက်ချ၍ မကြိုးပမ်းဘဲ ကျရာကြုံရာ အပြန့်အနှံ့ အာရုံများပြားသဖြင့် မည်မည်ရရ တိုးတက် အောင်မြင်ခြင်းမရှိနိုင်ကြောင်းကို ခိုင်းနှိုင်း၍ ဆိုသည်။ ... (ဆက်ဖတ်ရန်)

ငါးသိုင်းများ ဟင်းဟုန်

ဟင်းချက်ပြုတ်ရာတွင် ငါးကိုသင့်ရုံမျှ ခတ်လျှင်အရသာချိုမြိန်ကောင်းမွန်မည် ဖြစ်သော်လည်း ငါးသိုင်းအများအပြားခတ်၍ ချက်ခြင်းဖြင့် အရသာမှာဟုန်၍ မည်သို့မျှ သိသိသာသာ ထူးခြားခြင်းမရှိတော့ဘဲ ဖြစ်သွားသည်ဟု ဆိုလိုသည်။ အရာရာတွင်သင့် တင့်လျှောက်ပတ်ရုံ အတိုင်းအဆကို ချင့်ချိန်ရမည်။ ပိုလွန်က အကျိုးမဲ့ဖြစ်စေသည်ဟု တင်စား၍ ဆိုသည်။ ... (ဆက်ဖတ်ရန်)

ငါးကြင်းဆီနှင့် ငါးကြင်းကြော်သည်

ငါးကြင်းသည် ဆူဖြိုး၍ အဆီများသဖြင့် ငါးကြင်းမှပါသော အဆီနှင့်ပင် ငါးကြင်းကို ကြော်သည်ဟု ဆိုလိုသည်။ မိမိက စိုက်ထုတ်ကုန်ကျခြင်းမရှိဘဲ သူတစ်ပါး ပစ္စည်းဥစ္စာဖြင့် သူတစ်ပါးကို ကျွေးမွေးပြုစုခြင်း၊ မပင်မပန်းရသော ပစ္စည်းကို ပြန်၍ပေး ဖြန့်ခြင်း၊ အမြတ်ဖြင့် ပြန်၍စိုက်ထုတ်ရင်းနှီးခြင်း စသည်တို့တွင် တင်စား၍ သုံးသည်။ ... (ဆက်ဖတ်ရန်)

ငါးရိုးမျက် လက်တို

လည်ချောင်းတွင်း၍ ငါးအရိုးမျက်နေသူသည် အရိုးကို လက်ချောင်းဖြင့် ကော်ထုတ်လိုပါသော်လည်း လက်ချောင်းက တိုနေသဖြင့် မမီမကမ်းဖြစ်နေသည်ဟု ဆိုလိုသည်။ ကိစ္စတစ်ခုခုတွင် မမီမကမ်း၊ မပြီးမပြတ်၊ မလှမ်းမမီ၊ အကြပ်အတည်းဖြစ် နေသည့်အခါတွင် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)

ငိုချင်လျက် လက်တို့

ငိုချင်နေသောသူသည် အလိုလိုနေရင်း ငိုရန်အသင့်ဖြစ်နေရာ တစ်စုံတစ် ယောက်က လက်ဖြင့် ထိတို့ကျီစားသောအခါ ထိုထိတို့မှုမျှဖြင့် ငိုရလောက်အောင် ထိခိုက်ခြင်းမရှိစေကာမူ ငိုချင်နေသောဓာတ်ခံရှိပြီးဖြစ်သဖြင့် ထိတို့ခြင်းကို အကြောင်း ရှာ၍ ငိုချလိုက်တတ်သည်ဟု ဆိုလိုသည်။ ငိုချင်နေသူကိုမှ လက်သွားတို့မိမှားသည်ဟု ရည်ရွယ်၍ဆိုကြသည်။ မူလက အခြားအကြောင်းကြောင့် ဖြစ်ပျက်မှုတို့တွင် နောက်ဖြစ်လာသော ပယောဂပေါ်၌ စုပုံအကြောင်းရှာတတ်သည့်အခါတွင် သုံးနှုန်းသည်။ အကြောင်းအခွင့် အပြစ်ရှာနေသူဓားစာခံလိုနေသူအား သတိထား၍ ဆက်ဆံရန် ညွှန်ပြသုံးနှုန်းသေး သည်။ ... (ဆက်ဖတ်ရန်)

ငရုတ်သီးထဲကပိုး၊ အစပ်မျိုးမကြောက်

ပူစပ်သော ငရုတ်သီးထဲတွင် ကြီးပွားအသက်ရှင်လာသော ပိုများသည် အခြားပိုး များကဲ့သို့  အပူအစပ်ကို မကြောက်တော့ဟု ဆိုလိုသည်။ ဒုက္ခ၊ အခက်အခဲ၊ အဆိုး အညစ်စသည်တို့ကို အခါများစွာ တွေ့ဆိုင်လာပြီးသော လူသည် အလားတူအခြေ အနေကို ထပ်၍ ရင်ဆိုင်ရငြားသော်လည်း ထူးခြား၍ တုန်လှုပ်ခြင်းရှိတော့မည်မဟုတ် ကြောင်း၊ အတွေ့အကြုံသည်ယဉ်ပါးခြင်း၊ ခံနိုင်ရည်ရှိခြင်းကို ဖြစ်စေကြောင်း တင်စား၍ သုံးသည်။ ... (ဆက်ဖတ်ရန်)

ငွေအကဲ ပန်းပဲမသိ

ငွေကောင်း မကောင်းကို ပန်းတိမ်ဆရာသာသိသည်။ ပန်းပဲဆရာသည် ငွေ အကြောင်းကိုမသိ။ သံအကြောင်းကိုသာသိနိုင်သည်ဟု ဆိုလိုသည်။ မိမိနှင့်ဆိုင်ရာ ကိစ္စ၍သာ ကျွမ်းကျင်လိမ္မာမြဲဖြစ်၍ မိမိနှင့်သက်ဆိုင်သော ကိစ္စမဟုတ်လျှင် မသိမ ကျွမ်းကျင်ဟု ဆိုလိုသည်။ ... (ဆက်ဖတ်ရန်)



Page 2 of 212