ချေးခြောက်ရေနှူးသည်

အနံ့အသက်ပျောက်၍ သွေ့ခြောက်နေသော ချေးကိုပြန်၍ နံစော်အောင် ရေနှင့်နှူး သည်ဟု ဆိုလိုသည်။ ပြီးပြတ်ပြီးကိစ္စ၊ ဟောင်းဆွေးပြီး အကြောင်းအရာ၊ လွန်ပြီး အဖြစ် အပျက်တို့ကို အကြောင်းမဲ့ပြန်၍ ထပ်ဖော်ကာ ပူပန်ဆင်းရဲဖြစ်နေခြင်း၊ ဒေါသ ရန်မီးတောက် နေခြင်းစသည်တို့ကို  အပြစ်တင်၍ဆိုသည်။ အလိုအလျောက်ပြီးငြိမ်းပြီး ကိစ္စကို ပြန်ဖော်ခြင်း မှာ အကျိုးမဲ့ကြောင်းဖော်ပြသည်။ လွန်ပြီးကိစ္စကို လွန်စေတော့ဟု ဆိုလိုသည်။ ... (ဆက်ဖတ်ရန်)

ခွေးညိုသုန် ချေးကုန်နည်းသည်

ခွေးကသုန်မှုန်၍ မဆက်မဆံခွာရှောင်ပါက လူအဖို့ ဘာမျှမထိခိုက် မနစ်နာဘဲ ချေး ကုန် သက်သာသည်ဟု ဆိုလိုသည်။ တစ်ဖက်နှင့် တစ်ဖက်ဆက်ဆံရာတွင်  တစ်ဖက်က အဆက်အသွယ်ဖြတ်ခြင်းဖြင့် ကျန်တစ်ဖက်တွင် ထိခိုက်နစ်နာခြင်း မရှိဘဲ အဆက်ဖြတ်သူ အဖို့၌သာ လာဘ်လာဘ ယုတ်လျော့ရသည့်အခါတွင် သုံးနှုန်းသည်။ ... (ဆက်ဖတ်ရန်)

ခွေးအိုကြီး လက်ပေးသင်

မှတ်ဉာဏ်ထုံထိုင်း၍ အလေ့အကျင့်ကင်းနေခဲ့သော ခွေးအိုကြီးအားလက်ပေးသင်သည် ဟု ဆိုလိုသည်။ ပျိုရွယ်သော ခွေးငယ်ကလေးများကို သင်ကြားလျှင် တတ်မြောက်နိုင် သော်လည်း အချိန်လွန်သော ခွေးအိုကြီးကို သင်ကြားခြင်းဖြင့် တတ်မြောက်ရန်လည်း မလွယ်။ အသုံးချရန်လည်း အချိန်သိပ်မကျန်တော့သဖြင့် အကျိုးရှိသင့်သလောက်မရှိ ဟုဆိုလိုသည်။ အချိန်အခါလွန်မှ သင်ကြားခြင်း၊ ဆောင်ရွက်ခြင်းတို့ကို ရှုတ်ချ၍ဆိုလို သည်။ ... (ဆက်ဖတ်ရန်)

ခွေးလှေးခုန်၍ ဖုန်မထ

အထုအထည်နှင့် အလေးချိန်နည်းပါးသေးငယ်သော ခွေးလှေး၊ ခွေးသန်းတစ်ကောင် သည် မည်မျှပင် ခုန်စေကာမူ ဖုန်တထောင်းထောင်း ထနိုင်စရာအကြောင်းမရှိဟုဆိုလို သည်။ စွမ်းပကားအင်အားနည်းပါး၍ အရေးမပြုလောက်သောသူကို အရေးထားဖွယ်ရာ မရှိဟု ဆိုလိုသည့်အခါတွင် သုံးသည်။ တစ်ဖက်သား၏ အင်အားကိုအထင်သေးနှိမ့်ချ ပြောဆိုလိုသောအခါ ပမာထားလောက်သည့် ခွေလှေးနှင့် နှိုင်း၍သုံးသည်။ ... (ဆက်ဖတ်ရန်)

ခွေးမြီးကောက် ကျည်တောက်စွပ်

ကောက်နေသောခွေး၏ အမြီးကို ဖြောင့်စေရန် ကျည်တောက်စွပ်ပေးထားသော်လည်း ကျည် တောက်ချွတ်လိုက်သောအခါ အကောက်သည် မဖြောင့်ဘဲ ကောက်မြဲကောက် နေသည်ဟု ဆိုလိုသည်။ ပြုပြင်၍မရသောအရာကို မည်သို့ပင် ကြိုးစားပြုပြင်စေကာမူ ပြုပြင်၍ ရနိုင်ခဲသည် ဖြစ်သောကြောင့် အချည်းနှီးဖြစ်ရသည်ဟု ဆိုလိုသည်။ ဆိုနိုင် ခက်ခဲ ပြုပြင်ရခက်ခဲသော သူများကို ရှုတ်ချ၍ဆိုသည်။ ... (ဆက်ဖတ်ရန်)

ခွေးရူးကောင်းစား တစ်မွန်းတည့်

ခွေးရူးသည် စိတ်ဖောက်ပြန်သဖြင့် လူများကို လိုက်လံကိုက်ရာအားလုံး ထွက်ပြေး တိမ်းရှောင် ကြရသည်တွင် တစ်ကောင်တည်းမင်းမူနိုင်သကဲ့သို့ရှိသော်လည်း တစ်မွန်း တည့်အချိန်မျှသာ ကြာ၍ လူအများက တုတ်၊ လှံ၊ အုတ်ခဲတို့ဖြင့် ၀ိုင်းရံပစ်ပေါက်နှိမ်နင်းကြသဖြင့် သေဆုံးရ သည်ဟု ဆိုလိုသည်။ အရည်အစွမ်းမရှိဘဲ မောက်မာသူသည် ခေတ္တခဏ အခိုက်အတန့်မျှသာ မော်မောက်နိုင်၍ နောက်များမကြာမီ ဇာတိရုပ်ပေါ်၍ ပျက်စီးရမြဲဖြစ်သည်ဟု ဆိုလိုသည်။ ... (ဆက်ဖတ်ရန်)

ခွေးရူးနှင့်ခွေးကောင်းကိုက်၊ ခွေးကောင်းနားရွက်ပြတ်သည်

ခွေးရူးသည် ရူးသွပ်ရမ်းကား၍ ဘ၀ဆုံးမျှဖြစ်နေပေရာ ခွေးကောင်းက ဖက်၍ကိုက် သော် ခွေးရူးအဖို့ ပို၍ထိခိုက်နစ်နာရမှန်းမသိသော်လည်း ခွေးကောင်းအဖို့ ရူးသွပ်ခြင်း ကူးစက်၍ ထိခိုက်ရတတ်သည်ဟု ဆိုလိုသည်။ ထိခိုက်မှုကို ခံနိုင်စွမ်းရှိသူနှင့် မခံနိုင် စွမ်း သူတို့သည် အချင်းချင်း ဖက်ပြိုင်ခြင်းအားဖြင့် ထိခိုက်မခံနိုင်စွမ်းသူကသာ နစ်နာရ မြဲဖြစ်သည်ဟု ဆိုလိုသည်။ ... (ဆက်ဖတ်ရန်)

ခြင်္သေ့မှန်၊ မှင်ဆံသက်သေ

ခြင်္သေ့မျိုးစစ် မစစ်ကို မှင်ဆံကိုကြည့်ခြင်းအားဖြင့် ထင်ရှားသိသာနိုင်သည်ဟုဆို လိုသည်။ ခြင်္သေ့သည် အခြားသားရဲနှင့်မတူသော မှင်ဆံလည်းမွေးရှိသည်။ အရာဝတ္ထုတိုင်းတွင် မူလစစ်မှန်သော အသွင်လက္ခဏာသည် ပေါ်ထင်မြဲဖြစ်၍ အတုအယောင်နှင့် ကွဲပြားကြောင်း အထောက်အထား ရှိမြဲဖြစ်သည်။ အတုသည် အစစ်မဖြစ်နိုင်ဟု ဆိုလိုသည်။ ... (ဆက်ဖတ်ရန်)



Page 2 of 212