အကောင်းအဆိုးမသိမီက မမက်မောသော်လည်း ကောင်းမှန်းသိလာသောအခါ ကြိုက် သည်ထက် ကြိုက်၍ ပိုမိုလွန်ကဲ တပ်မက်သည်ကို ဆိုလိုသည်။ သာအိ အမည်ရှိသော သူငယ်သည် မူလက ၀က်သားကို မကြိုက်ချေ။ သို့ရာတွင် အမှတ်မထင် ၀က်သားကို စားမိ၍ အရသာကို ကြိုက်နှစ်သက်လှသဖြင့် အိုးကို ခဏခဏ ဖွင့်ကာ စွပ်ကယ်စွပ်ကယ် သာအိတစွပ်စွပ်ဟူ၍ ပုံခိုင်းဆိုသည်။ ယခုသော် ကောင်းမှန်းသိ သာအိ တစိုစိုဟူ၍ ဆိုနေကြသည်။ အခွင့်အရေးရမှန်းသိလျှင် ပို၍ပို၍ ထပ်တလဲလဲ ရချင်တတ်သောသူများအား ရှုတ်ချ၍ ဆိုသည်။ အခွင့်အရေးဟူသည် ရသင့်ယူသင့်သလောက်သာ... (ဆက်ဖတ်ရန်)
အိမ်ပေါ်တက်လာသူကို ဧည့်ကောင်းဟုပင် ထင်မှတ်နေရာမှ တက်လာသူက အိမ်ရှင်၏ကျောကိုချ၍ ငွေတောင်းသည်တွင်မှ ဓားပြမှန်းသိရတော့၍ အကူအညီ တောင်းရန် နောက်ကျပြီး ဓားပြတိုက်ခံလိုက်ရသည်ဟု ဆိုလိုသည်။ အမှားသို့မဟုတ် အန္တရာယ်ကို ပြုပြင်တားဆီး၍ မရလောက်အောင် နောက်ကျ ပြီးသည့် နောက်မှ သိမြင်နားလည်ခြင်းမှာ ထိခိုက်နစ်နာစေသည်သာ ဖြစ်သည်။ ထိုသို့ အသိနောက် ကျခြင်း၊ အန္တရာယ်ကို ဆိုက်ရောက်လာမှ သတိပြုမိခြင်း စသည်တို့မှာ ကြိုတင်ဆင်ခြင် သိမြင်လျက် မသိမြင်ခြင်း၏ အပြစ်ဖြစ်ကြောင်းကို အပြစ်တင်သော အားဖြင့် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
လှေသို့ မကြာခဏ ၀င်ထွက်နေသော ဈေးသည်မိန်းကလေးတစ်ယောက်၏ သတင်းကို စုံစမ်းသောအခါလှေထိုးသားတစ်ယောက်နှင့် ချစ်ကြိုက်နေသယောင် သတင်းပျံ့နှံ့ကျော်ကြား လာသောလည်း လူသိနတ်ကြား ညားသောအခါမှ လှေသူကြီးနှင့် ချစ်ကြိုက်နေခဲ့ခြင်းဖြစ် ကြောင်း သိရသည်ဟု ဆိုလိုသည်။ လှေထိုးသားနှင့် ငြိတွယ်သည်ဟု နာမည်တွင်သောလည်း အမှန်စင်စစ် လှေထိုးသားကမရ။ လှေသူကြီးကသာ ရသည်ဟု၍လည်းကောင်း၊ နာမည် ထွက်စဉ်က ကြိုက်သူမှာ လှေထိုးသားဖြစ်၍ တကယ်လက်ထက်ယူသူမှာ လှေသူကြီးဖြစ်သည် ဟူ၍လည်းကောင်း၊ နာမည်ထွက်သူ နှင့်မညား၊ လူမသိမထင်သောသူနှင့်သာ ညားသည်ဟူ၍ လည်းကောင်း အဓိပ္ပာယ်ရောက်သည်။ လူအများထင်သည်နှင့် တကယ်ဖြစ်ပျက်မှုမှာ ခြားနားကြောင်းကို ဖော်ပြလိုသည့်... (ဆက်ဖတ်ရန်)
သူတစ်ပါးကျေးဇူးကို သိတတ်မှ လင်ကောင်းရသည်။ ကျေးဇူးကန်းတတ်သူ သည် လင်ကောင်းမရနိုင်ဟု ဆိုလိုသည်။ လင့်ကျေးဇူးကို သိတတ်မှသာ လင်ရကျိုး နပ်သည်။ ကျေးဇူးမသိတတ်က လင်ရကျိုးမနပ်ဟုလည်း ဆိုသည်။ (အချို့က မိန်းမတစ်စုံတစ်ယောက်သည် ကျေးဇူးကို မိမိကိုယ်ဖြင့် ပြန်၍ ဆပ်မိ သောကြောင့် ကျေးဇူးမတင်မိခဲ့လျှင် လင်ရမည်မဟုတ်။ ကျေးဇူးတင်မိကာမှ လင်ရလေ တော့သည်ဟု မှတ်ယူတတ်ကြလေသည်။ ကျေးဇူးတင်မိသည့်အတွက် မှားသည်ဟု ဆိုရာရောက်၍ အထင်လွဲနေကြသည်။)... (ဆက်ဖတ်ရန်)
ကြောက်ပါသည်ဟု ဆိုထားလေပြီးမှ ထပ်မံ၍ ကြောင်နှင့်တို့နေသည်ဟု ဆိုလို သည်။ တစ်ဖက်သားက အရှုံးပေးဝန်ခံထားပါလျက် ထပ်မံ၍ဖိစီးနှိပ်စက်ခြင်းပြုသည် ဖြစ်စေ၊ သူတစ်ပါး ရွံရှာမုန်းတီးသည်ကိုမှ လွန်ဆန်၍ ဇွတ်ထိုးပြုသည်ဖြစ်စေ၊ ထပ်ဆင့် ကဲလွန်ကဲသော အပြစ်အမှုကိုရှုတ်ချ၍ဆိုသည်။... (ဆက်ဖတ်ရန်)
ကြက်ဥ၏ အနှစ်အရောင်အဆင်းသည် ရွှေဒင်္ဂါးအရောင်မှ ထုံးခြောက်အရောင် အထိ အရောင်အသွေးအမျိုးမျိုးရှိ၍ ကြက်ဥကို ကြည့်ရုံဖြင့် အတွင်းက အနှစ်မည်သည့် အရောင်ဖြစ်မည်ကို မသိနိုင်ချေ။ တိမ်တောင်တိမ်လိပ်တို့သည်လည်း အရောင် အမျိုးမျိုး၊ အသွင်အမျိုးမျိုး တစ်ခဏချင်း ပြောင်းလဲတတ်သဖြင့် မည်သည့်အရောင် အသွင်သို့ ပြောင်းမည်ဟု ကွဲကွဲပြားပြား ခွဲခြားသိမှတ်ရန် ခက်ခဲသည်။ ထိုနည်းအတူ မင်းမူမင်းရေး၊ နိုင်ငံရေး ပရိယာယ်တို့သည်လည်း ကြိုတင်အသိခက်အောင် ရှိတတ် သည်ဟု ဆိုလိုသည်။ အသိခက်သောအရာများတွင် ထိုစကားကို သုံးနှုန်းသည်။ (ကြက်ဥသည် ကြက်နက်ပေါက်မည်၊ ကြက်ဖြူပေါက်မည်။ အဖပေါက်မည်၊ အမ... (ဆက်ဖတ်ရန်)
တစ်သက်ပတ်လုံး စားသောက်ရာ၌ ကြိတ်ဝါးအသုံးချရမည့် မိမိသွားများသည် မာသောအရိုးကို ၀ါးမိခြင်းဖြင့် ကျိုးပဲ့မည့်အန္တရာယ်ကို ရှောင်ရှားရမည်ဟု ဆိုလိုသည်။ ဘ၀သည် လူတို့အတွက် အမွန်မြတ်ဆုံးသော အခွင့်အရေးဖြစ်၍ ဘ၀သက်ဆုံး အသက်ရှင်နေနိုင်ရန်အတွက် အသက်နှင့်ကိုယ် စိတ်ချမ်းသာမှုကို အန္တရာယ်ဖြစ်စေ မည့် အတားအဆီး အခက်အခဲများကို လွတ်ကင်းအောင် ရှောင်ကြရသည်။ သို့မဟုတ် ပါက အသက်တမ်းးမဆုံးမီ ခရီးအဆစ်အပိုင်းတွင် ဘေးဒုက္ခများ ကြုံတွေ့ရတတ်ပေ သည်။ ထို့ကြောင့် ခေတ္တခဏ အကျိုးငှာသာမဟုတ်ဘဲ ရေရှည်မျှော်မှန်းသော ကိစ္စများ တွင်ပါ ရည်မှန်းသော လမ်းဆုံးသို့ရောက်အောင် အန္တရာယ်ကို ရှောင်ရှားရမည်ဟု... (ဆက်ဖတ်ရန်)
အခါးပါသော အချို့အစားအစာတို့ကို ကြာရှည်ဝါး၍ စားသောအခါမှ အခါး အရသာပါမှန်း သိမြင်လာသည်ဟု ဆိုလိုသည်။ လူတို့၏သဘာဝသည် အပေါ်ယံဟန်ဆောင်မှုရှိတတ်၍ ထိုဟန်ဆောင်မှုသည် အမြဲတစေ နဂိုဗီဇကို ဖုန်းကွယ်နိုင်စွမ်းမရှိတတ်ပေ။ စိတ်တိုသူက စိတ်ရှည်ဟန်ဆောင် သော်လည်း ကြာသော် စိတ်တိုသောအသွင် ပေါ်လာနိုင်သည်။ ထို့ကြောင့် ခေတ္တခဏ ဆက်ဆံသည်ထက် ကြာရှည်လေးမြင့် ဆက်ဆံလာသောအခါတွင် အတွင်းသဘောမှန် ကို ရိပ်စားသိမြင်လာ၍ အချိန်ကြာလေလေ အတွင်းသဘော သိမြင်လာလေလေဖြစ် သည်။ ထိုအခါမျိုးတွင် ခဏ၀ါးရုံနှင့် ခါးမှန်းမသိ။ ကြာကြာဝါးမှ ခါးမှန်းသိသည်ဟု ပုံခိုင်း ပြောကြသည်။... (ဆက်ဖတ်ရန်)
ကြံသည် အရင်းဘက်ကသာ ပို၍ အရသာလေးပင်သည်။ ဆန်မှာ ဆန်ရင်း ကသာ အဆီအနှစ်ပြည့်ဝသည်။ ထိုနည်းအတူပင် လူမှာလည်း သွေးသားရင်းချာ သူသာလျှင် ပို၍ မှီခိုအားထားရသည်ဟု ဆိုလိုသည်။ ကြံ၏အဖျားသည် အရသာပေါ့၍ ပယ်သကဲ့သို့ ဆန်ကွဲသည် အရသာ မလေးနက်၍ ပယ်သကဲ့သို့ သွေးစိမ်းသူကိုလည်း စိတ်မချ၍ မယုံမကြည် ပယ်သင့် သည်ဟု ဆိုလိုရာရောက်သည်။... (ဆက်ဖတ်ရန်)
အရာရာကို ကြောက်စရာဟူ၍ ကြံဖန်တွေးတောကာ ကြောက်တတ်သောသူ သည် လှည်း၏အောက်၌ပင် အိပ်၍ လုံခြုံနိုင်မည်ဟုတ်ဟု ဆိုလိုသည်။ လှည်းသည်ပင် အဆင်မသင့်သော် ဒေါက်ပြုတ်၍ ဦးပြိုကျနိုင်ပေသည်။ ကြောက်တတ်သောသူအဖို့ ကြောက်စရာတွေးလျှင် ကြောက်စရာကြီးသာ တွေ့ရမြင် နိုင်သည်။ မကြောက်သင့်သောအရာကိုပါ အတွေးနှင့်တွက်ဆ၍ ကြောက်မနေသင့်ဟု ပုံခိုင်း၍ သုံးသည်။... (ဆက်ဖတ်ရန်)