က

ကွာပါဆိုတော့ သူများက လွမ်းတော့ ကိုယ်က

သူတစ်ပါးက ကွာလိုက်ဟုစေ့ဆော်တိုက်တွန်းသဖြင့် လင်နှင့်ကွာပြီးနောက်မှ လွမ်းတ စရာ ရှိသောအခါ မိမိကသာ လွမ်းစေရ၍ တိုက်တွန်းသူများလာ၍ လွမ်းမပေးနိုင်ကြသည်ကို ဆိုလိုသည်။ မိန်းမတစ်ယောက်သည် လင်နှင့်စိတ်အခန့်မသင့်မသောအခါ အိမ်နီးချင်းများက လင်ကိုကွာပစ်လိုက်ရန် တိုက်တွန်းသဖြင့် သွေးပူခိုက်ဖြစ်သောကြောင့် အိမ်နီးချင်းများ စကားကို နားယူကာ စိတ်လိုက်မာန်ပါ ကွာလိုက်လေတော့သည်။ ထို့ကြောင့် သွေး အေးသွားသောအခါတွင် လင်ကို လွမ်းဆွတ်၍ တသသဖြစ်နေတော့သည်။ ထိုအခါမှ မိမိ စိတ်လိုက်မာန်ပါ ကွာရှင်းလိုက်မိသည်မှာ မှားကြောင်းသိလာ၍ ကွာပါဟုအကြံပေး သူများမှာ အခြားသူများဖြစ်သော်လည်း တကယ့်လက်တွေ့ လွမ်းတရသူမှာ အခြားသူ မဟုတ်ဘဲ... (ဆက်ဖတ်ရန်)

ကျွန်ယုံတစ်ဖက်ကန်း သားသမီးယုံ စုံလုံးကန်း

ကျွန်ကို ယုံကြည်မိသဖြင့် ကျွန်က လှည့်ဖျားခိုးယူသောကြောင့် ဥစ္စာပစ္စည်း အချို့ အ၀က် ကုန်ဆုံးရသဖြင့် မျက်လုံးနှစ်လုံးအနက် တစ်လုံးအမြင်ဖြင့် မြင်ရသလောက်သာ ဥစ္စာ ကျန်တော့သည်ကို တစ်ဖက်ကန်းသည်ဟု ဆိုသည်။ သားသမီးကို အယုံသည်း၍ အလုံးစုံ ယုံမှတ်အပ်နှံထားသောအခါ သားသမီးက မိဘပစ္စည်းဖြစ်၍ ပိုင်ပိုင်နင်းနင်း ထုခွဲ သုံးဖြုန်းလေ သဖြင့် ပစ္စည်းလုံးဝကုန်ဆုံးရသည်တွင် မျက်လုံးစုံ လုံကန်းရဘိသကဲ့သို့ ပစ္စည်းဥစ္စာ လုံးဝမမြင် ကွယ်လေသည်ဖြစ်၍ စုံလုံးကန်းသည်ဟု ဆိုသည်။ ဆိုးဝါးသော သားသမီးသည် သူစိမ်းကျွန်ထက်ပင် မိဘကို ဒုက္ခပေးတတ် သည်ဟု ဆိုလိုသည်။... (ဆက်ဖတ်ရန်)

ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီ

တစ်ဦးနှင့်တစ်ဦး အပြန်အလှန် အားကိုးမှီတွယ်နေရသည်ဟု ဆိုလိုသည်။ မြစ်ကြောင်း များတွင် သောင်ထွန်း၍ နုံးတင်သဖြင့် ကျွန်းများပေါ်လာတတ်သည်။ ထိုကျွန်းများသည် မြေနုသဖြင့် ရေတိုက်စားသောအခါ အလွယ်နှင့် ရွေ့ပါးသွားတတ်လေသည်။ သို့ရာတွင် ကျွန်းမြေပေါ်တွင် ကိုင်းပင်များပေါက်လာသောအခါ ကိုင်းပင်အမြစ် ကုပ်တွယ်ထားခြင်းကြောင့် တစ်ကြောင်း၊ ကိုင်းပင်များ သေခြောက်ဆွေးမြည့်သဖြင့် မြေစာသစ်တက်လာခြင်းနှင့် ကိုင်းပင်များကြောင့် ဒိုက်များ၊ နုံးများ ပို၍ ငြိတွယ်လွယ်ခြင်း စသည်တို့ကြောင့် တစ်ကြောင်း၊ ကျွန်းမြေများသည် ပို၍ မြင့်မောက် ခိုင်မာကာ မရွေ့မပျောက် နှစ်ကာလကြည်ရှည် တည်တံ့နိုင်လေသည်။ ထိုနည်းဖြင့် ကျွန်းသည် ကိုင်းပင်ကို... (ဆက်ဖတ်ရန်)

ကျွဲပါးစောင်းတီးသည်

အနုပညာအရသာကို မခံစားတတ်သော ကျွဲ၏အပါးတွင် စောင်းကို တီးပြသော် လည်း ကျွဲသည် မည်သို့မျှ အရေးမထား၊ အရသာမခံယူတတ်သည်ဟု ဆိုလိုသည်။ မသိ နားမလည်သူ သို့မဟုတ် မနာခံလိုသူအား စကားကောင်း အကြံကောင်းကို တင်ပြနှီးနှောသော်လည်း ထိုသူသည် အလေးမမူ လက်မခံဘဲ ထိုစကားနှင့်အကြံကို စွန့်ပယ်ပစ်သည့်အခါတွင် သုံးနှုန်းသည်။ ကျွဲပါး စောင်းတီးရာတွင် ကျွဲကမမိုက်၊ စောင်းတီးသူကသာ မိုက်သည်ဟု အပြန် အလှန်အားဖြင့်လည်း အချို့ကောက်ယူကြသည်။... (ဆက်ဖတ်ရန်)

ကျွဲနှစ်ကောင်ခတ်သည့်ကြား မြေစာပင် မခံနိုင်

ကျွဲနှစ်ကောင် ဝှေ့ခတ်ကြရာတွင် တိုးဝှေ့ဆုတ်ရှောင်ကြခြင်းဖြင့် မြေပေါ်၌ ပေါက် နေသော မြေစာမြက်ပင်များမှာ ကျွဲနှစ်ကောင်နင်းချေခြင်းကို ခံရပြီး ကျွဲနှင့် လည်း ရန်သူမဟုတ်၊ ရန်ဖြစ်ရာ၌လည်း မပါဘဲနှင့် မတ်မတ်မရှင်သန်နိုင်ဘဲ ကျေပျက် ရသည်ဟု ဆိုလိုသည်။ သက်ဆိုင်သူ နှစ်ဦးနှစ်ဖက် အချင်းချင်း တိုက်ခိုက်ရန်ပြုကြရာတွင် ကြားမှ မသက်ဆိုင်သော အပြစ်မဲ့သူများ အနစ်နာခံကြရသည့်အခါတွင် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

ကရိုးမကဘဲ ဆန်း က၍ နှပ်ပစ်ခံရသည်

ဇာတ်ခုံပေါ်တွင် ကရိုး ကစဉ် နေရာအ၀န်းအ၀ိုင်းအတွင်း ကရ မည်ဖြစ်လျက် ဇာတ်ခုံအစွန်းရောက်အောင် ပြေးလွှားခုန်ပျံကသဖြင့် ဇာတ်ခုံအစွန်ဘက်သို့ တစ်စုံ တစ်ယောက်က နှပ်ညှစ်၍ ပက်ပစ်သည်နှင့် မလွတ်ဘဲ စွန်းပေခံရ သည်ဟု ဆိုလိုသည်။ လုပ်ရိုးလုပ်စဉ်အတိုင်း ပြုလုပ်ခြင်းသည် လမ်းရိုးလမ်းဟောင်းဖြစ်၍ အောင်မြင်ပြီး မြောက်မှုအတွက် သေချာပြီး ဖြစ်သည်။ သို့ရာတွင် ကွန့်ဆန်း၍ တစ်မျိုးတစ်ဖုံ အသစ်ထွင် ပြုလုပ်သောအခါ အတွေ့အကြုံမရှိသေးဘဲ စမ်းသပ်ရသည်ဖြစ်၍ အောင်မြင်မှုအတွက် အသေအချာပဲ ဆုံးရှူံးနစ်နာမှုလည်း ရှိတတ်သည်။ အသစ်တီထွင်မှုတွင် စွန့်စားမှု ရှိမြဲဖြစ် သည်။ ထိုသို့ရှိရာတွင်... (ဆက်ဖတ်ရန်)

ကောက်ညင်းက မစေး။ ဆန်ကြမ်းက စေးသည်

သဘာဝထုံးတမ်းအတိုင်းဆိုပါမူ ကောက်ညင်းသည် စေးသောဆန်မျိုးဖြစ်၍ ဆန်ကြမ်း သည် စေးကပ်ခြင်းမရှိပေ။ သို့ဖြစ်ပါလျက် ကောက်ညင်းက စေးရမည်ကို ဆန်ကြမ်းက စေးနေ သည်ဟုဆိုလိုသည်။ ဖြစ်သင့်သောအရာက မဖြစ်ဘဲ မဖြစ်သင့်သောအရာက ဖြစ်နေသည့် အခါ သဘာဝပြောင်းလဲသည့်သဘောဖြင့် ပုံခိုင်း၍ပြောသည်။ စင်စစ်အားဖြင့် ဆန်ကြမ်းသည် ကောက်ညင်းထက်ပို၍ စေးမည်ကားမဟုတ်ပေ။ သို့ရာတွင် မဖြစ်လာသည့်အရာကို ဖြစ်လာ သည့် အနေမျိုးဖြင့် မဖြစ်စဖူး၊ မဖြစ်သင့်ဘဲ ဖြစ်ပုံကို ထင်ရှားစေလို၍ ဆိုသည်။ အရာဝတ္ထုနှစ်မျိုး ယှဉ်တွဲသုံးသပ်သောအခါတွင် သူ့သဘာဝနှင့်သူ ယှဉ်တွဲ၍ စဉ်းစားမြဲ ဖြစ်ပေသည်။ ယောက်ျားနှင့်မိန်းမဖြစ်လျှင်... (ဆက်ဖတ်ရန်)

ကောက်သင်းကောက်သူက အနှံကြီးကြီးကြိုက်

ကောက်သင်းကောက်သူသည် လယ်ယာရှင်က ကောက်လှိုင်းများ ရိတ်သိမ်းသယ်ယူ သွားကြပြီးနောက် စွန့်ပယ်သော လယ်ယာ၌ ကြွင်းကျန်သော ကောက်နှံ အပိုင်းအစ၊ အလှီ အကင်း၊ အကြွေအပြတ်ကလေးများကို စုဆောင်းကောက်ယူရသူဖြစ်သဖြင့် အနှံကောင်း အနှံကြီးများ ရရှိလိမ့်မည်ဟု မျှော်လင့်ဖွယ်ရာာမရှိဖြစ်ပါလျက် ထိုသို့ အနှံအကြွေအပြတ် ကောက်ယူရသူက အနှံကြီးကြီးမှ လိုချင်မက်မောနေခြင်းကို ဆိုလိုသည်။ မိမိအင်အား စွမ်းရည် အခွင့်အလမ်းနှင့်လျော်စွာသာလျှင် အကျိုးကျေးဇူးကို မျှော်မှန်းရ မည်ဖြစ်ပါလျက် မိမိမမျှော်မှန်းသင့်၊ မျှော်မှန်း၍မရစကောင်းသောအရာကို မျှော်မှန်းမက်မော နေခြင်းသည် မဆီမလျော် အကျိုးမရှိဖြစ်ကြောင်းကို သတိပေးသည်။ ကောက်သင်းကောက် ရပါလျက် အနှံကြီးကြီးကြိုက်နေခြင်းကိုလည်း... (ဆက်ဖတ်ရန်)

ကောက်နှောင်းလျှင် ဆင်စာ သားနှောင်းလျှင် ကျွန်ရာ

ကောက်စပါးပင်များကို မိုးဦးသင့်လျော်သောအချိန်၌ စိုက်ပျိုးနိုင်ခြင်းမရှိ၍ စိုက်ပျိုးချိန် နှောင်းပါက စပါးသီးနှံထွက်ချိန်တွင် လှီလှီကင်းကင်းနှင့် မအောင်မမြင် ဖြစ်သဖြင့် လူတို့ စားသုံးနိုင်လောက်အောင် ဆန်ကောင်းမရတော့ဘဲ ဆင်ကျွေးရန်သာ အသုံးကျတော့သည်။ ထို့အတူပင် အရွယ်ကြီးရင့်မှ မွေးဖွားသော သားသမီးအငယ် အနှောင်းတို့သည်လည်း မိဘ၏ ထူထောင်ပြုပြင်မှုကို ပြည့်ဝစွာမရဘဲ သူတစ်ပါးကျွန်အဖြစ် စေပါးခံရုံမျှသာ ရှိတတ်သည်ဟူ၍ ဆိုလိုသည်။ ကောက်ပင်သည် အသီးအနှံမှည့်ချိန်အထိ ကောင်းစွာရှင်သန်ရန် ရေလိုသည့် အဆင့်၌ လိုသည်၊ မြေစိုစွတ်သင့်သော အဆင့်၌ မြေစိုစွတ်ရန်လိုသည်၊ ခြောက်သွေ့သောအချိန်၌ သွေ့ခြောက်ရန် လိုသည်။ ကောက်နှောင်းသောအခါ ရေလိုသောအချိန်၌... (ဆက်ဖတ်ရန်)

ကောက်ရိုးနှင့်လဲ အိုးကွဲ

အဖိုးမတန်လှသော ကောက်ရိုးနှင့် လဲလှယ်၍ ရသောအိုးမှာ အိုးကောင်း မဖြစ် နိုင်။ အိုးကွဲသာ ဖြစ်စရာအကြောင်းရှိသည်။ အိုးကောင်းလျှင် ကောက်ရိုးမျှနှင့်ကား လဲချေမည် မဟုတ်ဟု ဆိုလိုသည်။ အိုးရမည်ဆိုလျှင် ကောက်ရိုးနှင့်လဲသူမှာ သူရသောအိုးသည် အိုးကောင်းဟုပင် ထင် မှတ်ပေမည်။ သို့ရာတွင် အိုးကို စစ်ဆေးကြည့်သောအခါ အိုးကွဲဖြစ်မှန်း သိရသည်။ အိုးရှင်ကို အိုးကွဲနေကြောင်းပြောပြသော် အိုးကွဲဖြစ်၍သာ ကောက်ရိုးနှင့် လဲသည်။ အိုးကောင်းဖြစ်သော် ကောက်ရိုးနှင့် အဖိုးဖြတ်၍ လဲမည်မဟုတ်ဟုဆိုသည်။ မည်သူမဆို မိမိကစွန့်လွှတ်သော လုပ်အား၊ ပစ္စည်းတန်ဖိုးအလျောက် ထိုတန်ဖိုးနှင့် ညီမျှသော... (ဆက်ဖတ်ရန်)



Page 4 of 6« First...23456