လူနာမှာ ယောက်ျားဖြစ်ချင် ဖြစ်ပေစေ မီးယပ်နာမှ မီးယပ်နာ၊ တခြားရောဂါဟု ပြောပြစရာမရှိဟု ဆိုလိုသည်။ သမားတစ်ယောက်သည် စောင်ခြုံထားသော လူနာကို သွေးစမ်းပြီးနောက် မီးယပ်နာဟု အမည်တပ်လေသည်။ လူနာရှင်က လူနာမှာ ယောက်ျားဖြစ်ကြောင်း ထောက်ပြသော်လည်း ဆရာက မိမိအမှားကို မပြင်ဘဲ ဇွတ်တိုး၍ ကျားချင်ကျား၊ မီးယပ်မှ မီးယပ်ဟူ၍ ပြောလေသည်။ အမှားကို အခြားသူက သတိပေး၍ သိရသော် လည်း မပြုပြင်၊ အမှားကို ဇွတ်လိုက်သူများ၊ ရှေ့နောက် မညီသော်လည်း အလျှော့ မပေး၊ ယုတ္တိရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ... (ဆက်ဖတ်ရန်)
ကျားလက်တွင်းသို့ရောက်သော နွားသည် ကျား၏ကိုက်သတ်ခြင်းကို မလွဲမသွေ ခံရတော့မည်ဖြစ်ရာ ကျားက သနား၍ လွှတ်ပါမှသာ နွားအဖို့ ချမ်းသာစရာလမ်းရှိတော့ သည်ဟု ဆိုလိုသည်။ ကျားဟူသည်မှာ နွားအပေါ်၌ သနားသည်ဟူ၍ မရှိလေရာ ချမ်းသာရဖို့လမ်းမှာ မျှော်လင့်ချက်ရှိမည်လိုနှင့် ဝေးလှသည်ဟု ဆိုလိုသည်။ လူတစ်ဦး၏ ကံကြမ္မာကို မဖန်တီးနိုင်ဘဲ အခြားသူတစ်ဦးက ချုပ်ကိုင်ချယ်လှယ်၍ ထိုသူ၏ စီမံဖန်တီးချက်အတိုင်း ဖြစ်တည်ရ သည့်အခါ တစ်ဖက်က အင်အားဖြင့် လွှမ်းမိုးချယ်လှယ်ခြင်းကို ခံနေ ရသည့်အခါမျိုးတွင် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
ကျားလည်း ကျားနေရာ၊ မောင်ပိုလည်း မောင်ပိုနေမြဲနေရာ အသီးသီး မူလအတိုင်းပင် ရှိသည်ဟု ဆိုလိုသည်။ ကျားကို လှောင်အိမ်မှ ဖွင့်ပေးသော မောင်ပိုကို ကျားက စားသင့်သည်ဟုဆိုရာ၌ ယုန်က ဖြန်ဖြေရာတွင် မူလအတိုင်း ပြန်၍ နေပြရန် ပြောကြားပြီး ကျားကို မူလလှောင်အိမ်၌ ပိတ်ထားခဲ့၍ မောင်ပိုလည်း လယ်ထွန်မြဲ ထွန်နေစေဟု ဆုံးဖြတ်ပေးသည့်ပုံပြင်မှ စကားဖြစ်သည်။ မူလရင်းစား အခြေအနေမှ မတိုးမလျှော့ ရှိနေသည့်အခါတွင် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
ကျားကိုကြောက်သဖြင့် တောစောင့်နတ်အရှင်ကြီးကို အားကိုးပူဇော်ပါမှ တောစောင့် နတ်က ဖမ်းစားသဖြင့် ကျားထက်ပင် ပို၍ဆိုးနေသည်ဟု ဆိုလိုသည်။ သက်သာရာရအောင် ပြုလုပ်သော အလုပ်မှာ မသက်သာဘဲ ပို၍ဆိုးဝါးတတ် သောအခါ သုံးနှုန်းသည်။ သက်သာအောင် ကယ်ဆယ်မည်၊ ကူညီမည်ဆိုသူမှာ ပို၍ပင် ဒုက္ခပေးတတ်သေးသည်ကို သတိပေးသည့်အနေနှင့်လည်း သုံးသည်။... (ဆက်ဖတ်ရန်)
ကျားအကောင်ကြီးလျှင် ကျားအရွယ်နှင့်လိုက်အောင် ခြေရာကလည်း ကြီးသည် ဟု ဆိုလိုသည်။ အရာအထူး၊ အခြေအနေ၊ ၀င်ငွေ စသည် တိုးတက်လာသောအခါ သက်သာ ချောင်ချိမည်ဟု ထင်မှတ်ရစေကာမူ တာဝန်၊ အကြပ်အတည်း၊ အသုံးစရိတ် စသည်တို့ မှာလည်း အချိုးကျ တိုးတက်လာသည်သာဖြစ်၍ အခွင့်အလမ်းနှင့် တာဝန်သည်လည်း ကောင်း၊ အရနှင့်အသုံးသည်လည်းကောင်း လိုက်ဖက်စွာ တိုးတက်လာတတ်သည့် သဘာဝကို ဖော်ပြသည်။... (ဆက်ဖတ်ရန်)
ကျီးသတ္တ၀ါကို ငှက်တို့ အသင်းအပင်းတွင် အကြီးအကဲအဖြစ် မြှောက်စား ထားသော်လည်း ကျီးတို့၏ သဘာဝအတိုင်း ချေးခြောက်ကိုတွေ့သောအခါ မချုပ်တည်းနိုင်ဘဲ ကောက်စားသည်ဟု ဆိုလိုသည်။ သတ္တ၀ါတို့သည် မိမိပင်ကိုယ်ဗီဇကို ဖျောက်နိုင်ခဲသည်။ အခြေအနေ ဂုဏ်ဒြပ် ကြီးမြင့်အောင် မြှောက်စားခြင်းခံရစေကာမူ ပင်ကိုယ်ချို့တဲ့သော စရိုက်အလေ့အလာ တို့သည် ပေါ်မြဲပေါ်နေတတ်သေးသည်။ ထို့ကြောင့် မြင့်မားသည့် အခြေအနေနှင့် မလျော်သော အပြုအမူကို ပုံခိုင်းဆိုသည်။ ချီးမြှင့်မြှောက်စားပါက မူလက အထင်ကြီး သကဲ့သို့ မဟုတ်ဘဲ ညံ့ဖျင်းသည့်အခါတွင်လည်း သုံးနှုန်းသည်။ ကြီးကဲ့သို့သော ဗီဇညံ့ သည့်သူမျိုးကို မမြှောက်စားထိုက်။... (ဆက်ဖတ်ရန်)
ကျီးနှင့်ခင်ပုတ် (ဘုတ်) ငှက်သည် အချင်းချင်းရန်ငြိုးပြုခဲ့ကြရာ နှစ်ဦးစလုံး ရန်စွယ် ပွား၍ တစ်ဦးကိုတစ်ဦး လေးစားကြည်ညိုစိတ်ကင်းမဲ့ပါက ရန်မီးမငြိမ်းဘဲ ကျန်တစ်ဦးကလည်း တုံ့ပြန်၍ လေးစားကြည်ညိုမည်မဟုတ်ဟု ဆိုလိုသည်။ ကျီးသည် နေ့ငှက်ဖြစ်၍ ညငှက်ဖြစ်သော ခင်ပုတ်ကို လိုက်လံရှာဖွေထိုးဆိတ် သည်။ ခင်ပုတ်သည်ညဥ့်ငှက်ဖြစ်၍ ညအခါကျီးသိုက်ကို ထိုးဆိတ်ဖျက်ဆီးရန်ပြုသည်။ ထိုရန်စသည် အပြန်အလှန်ဖြစ်၍ရန်မီးမငြိမ်းချေ။ ထိုနည်းတူလူနှစ်ဦး ဆက်ဆံရာတွင် တစ်ဦးက ကျန်တစ်ဦး ကို လေးစားရိုသေမှသာ ကျန်တစ်ဦးကလည်း အပြန် အလှန် လေးစားရိုသေမည်ဟု ဆိုသည်။... (ဆက်ဖတ်ရန်)
ကျုပင်ကို ဖယ်ရှင်းခုတ်ထွင်သည်ဆိုလျှင် ကျူအငုတ်တစ်ခုတစ်လေမှ မကျန်စေ ရအောင် ခုတ်ထွင်ရှင်းလင်းရမည်ဟု ဆိုလိုသည်။ ကျူပင်သည် အငုတ်မှ အညှောင့်သစ်၊ အစို့သစ်များပေါက်ကာ ပြန်၍ ဝေစည် ကြီးပွား တတ်သော အပင်မျိုးဖြစ်သဖြင့် ကျူပင်ကို အလိုမရှိလျှင် အငုတ်ပါမကျန် ရှင်းခုတ်ပစ်မှ ကျူမျိုးပြုတ်နိုင်သည့်အတိုင်း အလိုလား၍ ဖျက်ဆီးရှင်းလင်းသောအရာတို့တွင် တဖန်ပြန်၍ အစထွက်သော အန္တရာယ်ကို ဖြစ်စေမည့်အရေးကို ကြိုတင်တားဆီးသောအားဖြင့် ပြီးပြီး ပြတ်ပြတ် အစမကျန်အောင် ရှင်းလင်းပြီးပြတ်စေရမည်ဟု သတိ ပေးခိုင်းနှိုင်းသည်။... (ဆက်ဖတ်ရန်)
အကွဲ လက်လေးသစ်ခန့်ရှိသော ပိုက်ကွန်ကျယ်နှင့် ငါးကြင်းပေါက်များကို အုပ်ဖမ်း သည်ရှိသော ငါးကြင်းက တိုးထွက်လွတ်မြောက်သွားနိုင်သဖြင့် အချည်းအနှီး ဖြစ်မည်ဟု ဆိုလိုသည်။ တစ်စုံတစ်ခု ပြုလုပ်ရာ၌ လုံလောက်သော ပစ္စည်းကိရိယာအင်အား လိုအပ် သည်။ မလုံလောက် ချို့တဲ့သော အင်အားပစ္စည်းဖြင့် ထိုအင်အားထက်လွန်သော လုပ်ငန်းကို ပြုလုပ်ခြင်းငှာ မတတ်စကောင်းပေ။ ထို့ကြောင့် အလုပ်ပမာဏနှင့် စိုက်ထုတ်ရမည့်အင်အား ညီမျှမှသာ စွမ်းဆောင်နိုင်မည်ကို ရည်ညွှန်းသောအားဖြင့် ငါးကြင်းကို ဖမ်းလိုက ငါးကြင်းမလွတ်ထွက်နိုင်သော ပိုက်မျိုးကိုသာ သုံးရမည်။ မဖမ်းမိ မအုပ်မိနိုင်သော ပိုက်မျိုးဖြင့် ဖမ်းပါက ငါးကြင်းကို... (ဆက်ဖတ်ရန်)
ကွမ်းသီးကြိုက်တတ်သူကို ကွမ်းသီးထွက်ရန် တောင်ငူမြို့သို့ ပို့လွှတ်သည်ဟု ဆိုလို သည်။ ဖြစ်ပျက်လာမှုသည် မူလဆန္ဒနှင့် ကိုက်ညီနေသည်။ အဆိုးမဖြစ်ဘဲ အကောင်းဖြစ်နေ သည်ဟု ဆိုလိုရာရောက်ည်။ တောင်ငူမြို့နယ်သည် ကွမ်းသီးထွက်ရာဒေသအဖြစ် ထင်ရှားသည်။ “တံတားဦးက ကွမ်းနုဝါ၊ ငမြာကဆေး ကွမ်းသီးတောင်ငူပ၊ စစ်ကိုင်းထုံးဖြူ၊ ပြည်ရှားနှင့် သာဝါးလို့ထွေး” ဟူသော စာချိုးပင်ရှိသည်။ ကွမ်းသီးကြိုက်သူကို တောင်ငူသို့ပို့က မငြိုမငြင် အကြိုက် သင့် ကျေနပ်စွာသွားပေလိမ့်မည်။ တောင်ငူသို့ ပို့ခံရခြင်းသည် ကွမ်းသီး ကြိုက်သူအတွက် မလိုလားသောအရာမဟုတ်ဘဲ အကြိုက်ပင် ဖြစ်ပေလိမ့်မည်။ တစ်ခါတစ်ရံ အခြားသူတစ်ဦး... (ဆက်ဖတ်ရန်)