ကိုယ့်ပယောဂကြောင့်ပင်လျှင် ကိုယ့်အပေါ်၌ အပြစ်ကျ၍ ရောက်ရသည်ဆိုလို သည်။ ကလေးသူငယ်များသည် မြွေကြီး၊ လင်းမြွေကစားနည်းကို ကစားသောအခါ ရှေ့ဆုံးမှ ခေါင်သူကြီးသည် မြွေ၏ဦးခေါင်းပမာပြု၍ ကြီးစဉ်ငယ်လိုက် ခါးကို တစ်ဆင့်စီ ဆက်တွဲထား သော ငယ်သားအတန်းကြီးသည် မြွေ၏ကိုယ်နှင့်အမြီးပမာ လှုပ်ရှားကြလေသည်။ ခေါင်သူကြီး သည် မြွေတွန်သံကဲ့သို့ ရှူးဟု အော်ဟစ်လျက် ၀ဲဘက်မှဖြစ်စေ၊ ယာဘက်မှဖြစ်စေ လူတန်း နောက်ဆုံးလူကို မိမိအမြီးဖျားကို ပေါက်ဟန်ဖြင့် လက်အုပ်နှင့် ထိတို့ရလေသည်။ နောက်တန်း လူများသည် မြွေဦးခေါင်းလှည့်သည် ဘက်နှင့် လွတ်အောင်ရှောင်၍ ဘေးသို့ ဖယ်ရမ်းကြ... (ဆက်ဖတ်ရန်)
မိမိကိုယ်တိုင်ကလွဲလျှင် အခြားသူကို မပြောထားဘိ၊ မိမိ၏ ဒူးကိုသော်မျှပင်လျှင် ယုံကြည်စိတ်ချ၍ မရနိုင်ဟု ဆိုလိုသည်။ သူတစ်ပါးကို ယုံကြည်စိတ်ချမိမှား၍ နစ်နာဆုံးရှူံးမှုများ ဖြစ်လေ့ဖြစ်ထ ရှိပေ သည်။ ထို့ကြောင့် လောက၌ စိတ်သီးခြား၊ ကိုယ်သီးခြားရှိနေသော အခြားသူများကို ယုံကြည် စိတ်ချဖို့ရန်မှာ များစွာခဲယဉ်းလှသည်ဟု ပညာရှိတို့က သတိပေးလေသည်။ လောက၌ ယုံကြည်စိတ်ချရမည့်တစ်ပါးသူမရှိကြောင်းကိုမဟောသဓဇာတ်တော်၌လည်း လျှို့ဝှက်ချက်ကို မည်သူ့အားမျှ မပြောကြားသင့်ကြောင်းအဆို အရေးသာပုံကို ၀တ္တုသက်သေဖြင့် တင်ပြထား သည်။ ထို့ကြောင့် အခြားသူတစ်ပါးကို မဆိုထားနှင့်၊ မိမိကိုယ်အင်္ဂါ အစိတ်အပိုင်းဖြစ်သော ဒူးကိုမျှပင် စိတ်ချယုံကြည်နိုင်ဖွယ်မရှိဟု... (ဆက်ဖတ်ရန်)
မိမိကိုယ်တိုင်က မလှပသည်ကိုမူ သတိမထားမိတတ်ဘဲ သူတစ်ပါး အရုပ်ဆိုး အကျည်းတန်သည်ကိုမူ လောင်ပြောင်ရယ်မောချင်သည့်သဘောကို ဆိုလိုသည်။ လူသည် မိမိကိုယ်ကို အထင်ကြီးသူဖြစ်သည်။ ထိုစိတ် ရှေ့ဆောင်နေသောအခါ မိမိကိုယ်၌ဖြစ်သော ချို့ယွင်းချက်ကို မမြင်တတ်ချေ။ မိမိကိုယ်ကို တကယ်ပင်အရုပ်ဆိုး စေကာမူ အရုပ်ဆိုးသည်ဟု မထင်မှတ်တတ်ချေ။ သို့ရာတွင် သူတစ်ပါးအရုပ်ဆိုးသည် ကိုမူ မြင်လွယ်သည်။ မိမိကိုယ်ပေါ်တွင် သက်ညှာလျှော့ပေါ့စဉ်းစားသလောက် သူတစ်ပါးအပြစ်ကို မညှာမတာ ခွင့်မလွှတ်တမ်း မြင်တတ်သည့်အတိုင်း သူတစ်ပါး မလှသည်ကို မြင်ရသောအခါ တွင်ကား လှောင်ပြောင်ရယ်မောချင်တတ်သည်။ ထိုသို့ မလိုလားအပ်သည့် လူ့စရိုက် ပေါ်လွင်အောင်... (ဆက်ဖတ်ရန်)
မိမိကိုယ်တိုင် ကျွေးမွေးပြုစုလာခဲ့သော မျောက်က ကျွေးမွေးထားသူ ကျေးဇူးရှင်ကိုပင် ပြန်၍ ခြောက်လှန့်ပြနေသည်ဟု ဆိုလိုသည်။ သူတစ်ပါးကျေးဇူးကို သိတတ်ခြင်းသည် သူတော်ကောင်းတို့ အလေ့အကျင့် ဖြစ်သည်။ သို့ရာတွင် ယုတ်မာသောသူတို့သည် မိမိအပေါ်၌ ကျွေးမွေးပြုစုသော ကျေးဇူးရှင်ကိုပင် မခြွင်းချန်ဘဲ ပြန်၍စော်ကားကျေးဇူးကန်းတတ်လေသည်။ ထိုသူများသည် အသိအလိမ္မာနည်း သော တိရစ္ဆာန်မျောက်ကဲ့သို့ ကျေးဇူးပြုထားသူကိုပင်ပြန်၍ ခြောက်လှန့်တတ်သူများ ဖြစ်သည်ဟု ပုံခိုင်း၍ဆိုသည်။ မိမိပယောဂဖြင့် မိမိကျေးဇူးမဲ့ ဖြစ်ရတတ်သောအခါမျိုးတွင် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
မိမိတယုတယမွေးမြူလာခဲ့သည့်ကြက်ကို မိမိပင် အလှကြည့်ရှုကျေနပ်နေခြင်း မရှိဘဲ ရိုက်သတ်စား၍ ဖျောက်ဖျက်ပစ်လိုက်သည်ဟုဆိုလိုသည်။ မိမိလုံ့လဖြင့် ကြီးပွားစည်ပင်အောင် အားပေးထူထောင် မြှင့်တင်လာခဲ့သူတစ်ဦး အား မိမိပယောဂဖြင့်ပင်လျှင် လျော့ကျပျက်စီးးအောင် ပြုလုပ်သည့်အခါမျိုးတွင် သုံးနှုန်းသည်။ မိမိမွေးမြူလာသည့်ကြက်ကို အလှကြည့်၍ ကျေနပ်ရန်သာရှိပါလျက် မိမိ တပင်တပန်း ကြိုးပမ်းချက်ကို မိမိပင်အရာမထင်အောင် ဖျက်ဆီးပစ်ဘိသကဲ့သို့ ထိုကြက်ကို အစတုန်း၊ ရိုက်သတ်စားခြင်းမျိုးကို အချည်းအနှီးဖြစ်စေသည်။ မိမိကျေးဇူးကို မိမိပြန်ဖျက်ခြင်း၊ မိမိကောင်းကျိုးးကို မိမိဆိုးပြစ်နှင့် ပြန်၍ ထေခြင်း စသည်ကဲ့သို့ မှတ်ယူကြသည်။ ထိုသို့သော အပြုအမူမျိုးကိုမိုက်မဲသူတို့သာလျှင် မိမိကြိုးပမ်းမှုကို ပြန်၍ ဖျက်သည်ဟူသော... (ဆက်ဖတ်ရန်)
သူတစ်ပါး၏အလိုဆန္ဒကို သိလိုမှု ကိုယ့်အလိုဆန္ဒဖြင့် နှိုင်းစာဆင်ခြင်ခြင်းပြုအပ်သည်။ ထိုသို့ပြုလုပ်ခြင်းသည် မဆိုးဝါး၊ မမှားယွင်းနိုင်သော နည်းဖြစ်သည်ဟု ဆိုလိုသည်။ မိမိကိုယ်တိုင်မနှစ်သက်သော အနိဌာရုံကို သူတစ်ပါးနှစ်သက်မည်မဟုတ်။ မိမိလိုလား တပ်မက်သော ဣဋ္ဌာာရုံကို သူတစ်ပါးလည်း တပ်မက်နှစ်သက်မည် စသည်ဖြင့် သူတစ်ပါး ထားရှိမည့် စိတ်အလိုဆန္ဒကို ကိုယ်ချင်းစာနာစိတ်ဖြင့် နှိုင်းယှဉ်တွေးဆ သဘောထားခြင်း သည် မှန်ကန်သည်ဟု ဆိုလိုသည်။ မိမိကိုယ်တိုင် မနှစ်သက်၊ မခံချိသောအရာကို သူတစ်ပါး အား ခံယူစေခြင်းမပြုသင့်။ သူတစ်ပါးသည်လည်း မိမိကဲ့သို့ပင် ခံစားသိမှတ်တတ်သူဖြစ်သည် ဟု အစဉ်နှလုံးသွင်းရန် ရည်ညွှန်း၍သုံးသည်။ သို့ရာတွင်... (ဆက်ဖတ်ရန်)
မိမိကိုယ်တိုင်နှစ်သက်ပါက ထန်းပလပ်ငယ်မျှဖြစ်သော်လည်း နတ်ရုပ်တမျှကဲ့သို့ မှတ်ထင်လေးမြတ်နိုင်စွမ်းရှိသည်ဟု ဆိုလိုသည်။ လူတို့သည် စိတ်ကထင်မှတ်ရာကို အမှန်တကယ် ထင်မှတ်တတ်၏။ စိတ်လိုရာကို လိုက်၍ တွေးတောကောက်ယူတတ်၏။ စိတ်ကျေနပ်မှုရှိလျှင် မြတ်နိုးနှစ်သက်တတ်၏။ အရုပ် ဆိုးသောအရာကို လှသည်ဟုထင်လျှင် လှနိုင်၏။ အသုံးမကျသောအရာကို အဖိုးတန်သည်ဟု မှတ်ယူက အဖိုးတန်ပစ္စည်းပင် ဖြစ်ရ၏။ ကောင်းသည်၊ ဆိုးသည်၊ သာယာသည်၊ ငြီးငွေ့သည် စသည်တို့မှာ စိတ်ဆန္ဒ၏ အဆုံးအဖြတ်အတိုင်းပင် ဖြစ်၏။ ထို့ကြောင့် မိမိနှစ်သက်ခြင်း ဖြစ်နေပါမူ ထန်းပလပ်သည်ပင် နတ်ရုပ်အဖြစ် အမှတ်စွဲထင်နိုင်၏။ မိမိနှစ်သက်သောအရာသည် မိမိချွတ်ယွင်းချက်ပင် ရှိသည်ဖြစ်စေ... (ဆက်ဖတ်ရန်)
ဖြစ်လာမည့် အကျိုးအပြစ်ကို ရှောင်လွှဲ၍မရ။ အကြောင်းပြုသလို အကျိုးဖြစ်ပေါ်ရမည်။ အကြောင်းကြောင့်ဖြစ်သော အပြစ်ကို မည်သည့်နည်းနှင့်မျှ ရှောင်လွှဲ၍ မရဟူ၍ ဆိုလိုသည်။ မိမိကိုယ်အား ကံအလွန်ကောင်းလှသည်ဟု ယုံကြည်ရင်း ရှိစေကာမူ ဆူးပုံကိုနည်း လျှင် စူးမည်သာ ဖြစ်သည်။ ကံကောင်း၍ ဆူးကိုနင်းသော်လည်း မစူးဟူ၍မရှိ၊ ဆူးမည်သည် မှာ မိမိလောက်မာကျော သိပ်သည်းမှုမရှိသောအရာကို ဖိနှိပ်သောအားနှင့် အချိုးအစားညီမျှစွာ စူးဝင်ထိုးဖောက်မည်မှာ နိယာမတရားသာလျှင် ဖြစ်သည်။ ထို့ကြောင့် အကြောင်းနှင့်အကျိုး၊ အပြုနှင့်အဖြစ် ဆက်သွယ်သော ဟေတုပစ္စည်း၊ ကြောင်းကျိုးဆက်စပ်မှု နိယာမတရားကို မည်သည့်နည်းနှင့်မျှ ရှောင်လွှဲ၍မရ။... (ဆက်ဖတ်ရန်)
လူတစ်ယောက် ကျားကိုက်၍ သေဆုံးကြောင်းကို ရှင်းပြပြီးဖြစ်ပါလျက် နားထောင်သူ က သေဆုံးသူမှာ နာတာရှည်ရောဂါခံစားသွားသလားဟု မေးစရာမလိုသည့် မေးခွန်းကို မေးနေသေးသည်ဟု ဆိုလိုသည်။ အနာရောဂါတစ်ခုခုနှင့် သေသည်ဟုဆိုလျှင် နာတာရှည်လားဟု မေးနိုင်သေး၍ ကျား ကိုက်၍ လတ်တလော သေသည်ဆိုပါလျက် ထိုမေးခွန်းကို မေးသည်မှာ မလိုသော မေးခွန်းကို မေးခြင်းပင်ဖြစ်သည်။ ထိုနည်းတူ သေချာစွာ ဖော်ပြပြီး စောဒက၀င်စရာ မလိုသော ကိစ္စကို ထပ်ဆင့်၍ မေးနေသောအခါ မေးစရာမလိုတော့ဟု ဆိုသည့် သဘောဖြင့် ထိုစကားပုံကို သုံးသည်။ အချို့က ကျားကိုက်ပါတယ်ဆို... (ဆက်ဖတ်ရန်)
ကျားကောင်ကို တွေ့မှသာ အန္တရာယ်ကြောက်ရသည်မဟုတ်။ ကျားချေးကို တွေ့သော် ကျားနှင့်နီးကပ်နေပြီဟု သိရှိရသဖြင့် ကျားချေးကိုပါ ကြောက်ရသည်ဟု ဆိုလိုသည်။ ဖိစီးနှိပ်စက်တတ်သော အင်အားအရှိန်အ၀ါရှိသူကိုသာ ကြောက်ရသည်မဟုတ်။ ထိုသူ ၏အရှိန်အ၀ါဖြင့် ၀င့်ထည်နေသောတပည့်တပန်း အဆွယ်အပွားကိုပါကြောက် ရသည့်အခါ မျိုးတွင် အားလုံးကို ကြောက်ရသည်ဟူသောသဘောဖြင့်သုံးသည်။ အင်အားစုနှစ်ဖက်ကြား တွင် နှစ်ဖက်လုံး ကြောက်ရသည်ကိုလည်း ရည်ရွယ်၍ သုံးနှုန်း သေးသည်။... (ဆက်ဖတ်ရန်)