မယားနေစ ကြောင်သေမှ

အလုပ်အကိုင် ပျင်းရိသော မိန်းကလေးနှင့် လက်ထပ်သောယောက်ျားသည် မိန်းမမလုပ်ချင် မကိုင်ချင်ပုံကို အပြစ်မဆိုသာသဖြင့် မိန်းမချစ်သော ကြောင်ကလေးကို အပြစ်တင်၍ ရိုက်နှက်လေမှ မိန်းမသည် မရှုရက်တော့ဘဲ အိမ်အလုပ်ကို ထ၍ လုပ်ကိုင် လေသည်တွင် မယားသူခါစ၌ ကြောင်သေလုနီးပါးဖြစ်အောင် သွန်သင်လမ်း ကြောင်းပြမှ ရှေ့အရှည် အဆင်ပြေသည်ဟုဆိုသည်။ (မယားနေစ၊ ချောင်သေမှတွင် ရူပါ)... (ဆက်ဖတ်ရန်)

မယားနေစ၊ ချောင်သေမှ (ကြောင်သေမှ)

အိမ်ရှင်ဇနီးကို လက်ထပ်ယူသည့်အခါ အိမ်ထောင်ကျစတွင် ဇနီးဖြစ်သူသည် မီးဖိုချောင်ကို သေချာသိပ်သည်းအောင် စေ့စေ့စပ်စပ် စီမံခန့်ခွဲတတ်သော အလေ့ အကျင့်ရှိပါစေဟု ဆိုလိုသည်။ အိမ်ရှင်မ၏ အရည်အချင်းတွင် အိမ်မှုလုံခြုံရေးတာဝန်၏ တန်ဖိုးကို ဖော်ပြသောအားဖြင့် သုံးနှုန်းသည်။ အချို့က `မယားနေစ၊ ကြောင်သေမှ´ဟု ဆိုကြသည်။... (ဆက်ဖတ်ရန်)

မရ-ရသက ချိုင်သည်

မဟာသုတသောမဇာတ်တွင် ဗြဟ္မဒတ်မင်းသည် အသားစားကြူးသောကြောင့် စားတော်ကဲ ရသကသည် သားငါးမရသဖြင့် လူသေအလောင်းမှ လူသားများကို ချက် ပြုတ်ကျွေးမွေးသည်တွင် လူသားကောင်းမှန်းသိ၍ လူသားကိုအမြဲစားနေရာမှ နောက်ဆုံးတွင် စားစရာ အခြားလူသားမရသောအခါ မင်းက စားတော်ကဲရသကကို သတ်၍ ချက်ပြုတ်စားသည်ဟု ဆိုလိုသည်။ ရည်မှန်းကြံရွယ်ချက်ကိုမရသောအခါ ရသမျှကို မလွတ်တမ်း အခွင့်ကောင်းယူ၍ အရအမိ ကြံစည်ခြင်းမျိုးကို တင်စားသုံးနှုန်း သည်။... (ဆက်ဖတ်ရန်)

မရှိတာထက် မသိတာခက်

ပစ္စည်းဥစ္စာ မရှိဆင်းရဲခြင်းသည် ဒုက္ခအခက်အခဲ တွေ့ရတတ်သည်ဟုဆိုရ သော်လည်း ပညာဗဟုသုတမရှိ၊ အကောင်းအဆိုးမဝေခွဲတတ်သော မသိခြင်းကား ဒုက္ခအခက်အခဲကို ပို၍ရောက်စေသည်ဟုဆိုလိုသည်။... (ဆက်ဖတ်ရန်)

မရဲဘဲနှင့် ကျွဲပြဲစီးသည်

ရဲရင့်သတ္တိနှင့် ခံနိုင်ရည်လည်းမရှိဘဲနှင့် အထိန်းအသိမ်းခက်သေ ကျွဲဆိုးကြီးကို တက်စီးလာသည်ဟု ဆိုလိုသည်။ မစွမ်းဆောင်နိုင်ဘဲနှင့် တာဝန်ကြီးကြီးမားမားကို ရွတ်ဆောင်သည့်အခါမျိုးတွင် ခိုင်းနှိုင်းသုံးသည်။... (ဆက်ဖတ်ရန်)

မရွယ်ဘဲနှင့် စော်ကဲမင်းဖြစ်သည်

အင်းဝသတိုးမင်းဖျား နတ်ရွာစံသော် သားတော်မရှိသဖြင့် မှုးမတ်တို့က ရမည်းသင်းစား သီလ၀ကို ထီးနန်းအပ်ရာ သီလ၀ကမင်းမလုပ်လိုသောကြောင့် မမြင့်မြို့စား တရဖျား စော်ကဲ (မင်းကြီးစွာစောကဲ)ကို မင်းမြှောက်ရန် အကြံပေးသည့် အတိုင်း မင်းမြှောက်ကြသည်တွင် မင်းကြီးစွာစော်ကဲသည် မရည်ရွယ်ဘဲ မင်းဖြစ်ရ သည်ဟုဆိုလိုသည်။ မမျှော်လင့် မရည်မှန်းဘဲ ကြီးမြင့်ခြင်းသို့ ရောက်ရသည့်အခါတွင် သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

မရှိခိုးနိုး၊ မလှစုန်းယိုး

မရှိဆင်းရဲသည့်သူများ အနီးအပါးသို့လာလျှင် တစ်စုံတစ်ခုကို ခိုးလိမ့်နိုးနှင့် အထင်သေးတတ်သည့်နည်းတူ ရုပ်အဆင်းမလှသည့်သူများကို မြင်လျှင်လည်း စုန်ပြု စားတတ်သူဖြစ်လိမ့်မည်ဟု ယိုးစွပ်ပြုတတ်သည်ဟု ဆိုလိုသည်။ နိမ့်ကျသိမ်ငယ်သူ များကို ဖိနှိပ်အထင်သေးတတ်သည့်သဘောကို ရှုတ်ချ၍ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

မရှိတောင့်တ၊ ရှိကြောင့်ကြ

ဥစ္စာပစ္စည်းမရှိသူသည် မပြည့်စုံသည့်ပစ္စည်းကို တောင့်တနေရတတ်၍ ဥစ္စာ ပစ္စည်းရှိပြန်သောအခါတွင်လည်း ပျောက်ပျက်မည်ကို စိုးရိမ်ကြောင့်ကြနေရတတ်သည် ဟု ဆိုလိုသည်။ ဥစ္စာပစ္စည်းနှင့်ပတ်သက်၍ မရှိသည်ဖြစ်စေ၊ ရှိသည်ဖြစ်စေ စိတ်ကို ညှင်းပန်းခြင်းပြုတတ်သည်သာဖြစ်သော တရားသဘောကို တင်စား၍ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)

မလို၍ ကူးတို့ခတောင်းသည်

လှေဖြင့်ဖြတ်ကူးရသည့် ကူးတို့ခကို တစ်ဖက်ကမ်းသို့ မရောက်မီ တောင်းခံလေ့ ရှိသော်လည်း လိုလား၍ မတောင်းယူဘဲနေပြီး နောက်တစ်ခါ ကုန်းပေါ်တွင်တွေ့ခိုက် စိတ်မလို အခန့်မသင့်သည့်အခါမှ ကူးတို့ခတောင်းနေသည်ဟု ဆိုလိုသည်။... (ဆက်ဖတ်ရန်)

မလုံသည့်အိုး တုတ်မိုးရုံနှင့်အာသည်

... (ဆက်ဖတ်ရန်)



Page 2 of 512345