ခေါင်းပေါင်းကို လျှော်ဖွတ်သဖြင့် ကောင်းစွာဖြူဖွေးရခြင်းမှာ လျှော်ဖွတ်သူ၏ လုံ့လအစွမ်းကြောင့်မဟုတ်ဘဲ ဆပ်ပြာက အမျိုးအစားကောင်းသဖြင့် ချေးချွတ်ကွာစေ သောကြောင့်ဖြစ်သည်ဟုဆိုလိုသည်။ အကျိုး၏ ပမာဏအကြောင်းကို မှန်မှန်ကန်ကန် ရှုမြင်တတ်စေရန်လည်းကောင်း၊ အကြောင်းရင်းအမှန်ကို ထွင်းဖောက်မြင်နိုင်ရန်လည်း ကောင်း၊ ဖြစ်ပျက်မှုတို့၏ အကြောင်းရင်းခံကို ကွဲပြားခြားနားစွာ ညွှန်ထောက်နိုင်စေရန် လည်းကောင်း ပမာဏတင်၍ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
သားငယ် မကျန်းမာသဖြင့် မိဘက ဆရာသမားများကို ပင့်ခေါ်ကုသလေရာ တစ်ဦးက တစ်နည်းကောင်း လက်တည့်စမ်း၍ ညွှန်ပြကြသဖြင့် ဟိုနည်းကောင်းနိုး၊ သည်နည်းကောင်းနိုးနှင့်ကုလေရာ နည်းပေါင်းစုံ၍ နောက်ဆုံးသားသေရသည်ဟု ဆိုလို သည်။ နည်းစနစ်တစ်ခုခုကို ဇောတ်ချ၍ လိုက်နာခြင်းမရှိဘဲ အမျိုးမျိုးစမ်းသပ်နေခြင်း ဖြင့် အကျိုးမထင် ပျက်စီးဖွယ်ရာသာ ဖြစ်ကြောင်းကို ရည်ညွှန်း၍ဆိုသည်။... (ဆက်ဖတ်ရန်)
အလွန်လွယ်ကူသည်ဟု ထင်ရသည့် ငါးပိဖုတ်ခြင်းကိုပင် သွန်သင်ပြသသူမရှိက ကောင်းမွန်နည်းကျစွာ မလုပ်တတ်ဟု ဆိုလိုသည်။ သွန်သင်နည်းပြခြင်းကို စနစ်တကျ ခံယူအပ်ကြောင်းကို ထောက်ခံသုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
ကလေးငယ်အား တားမြစ်လိုရာ၌ မာန်မဲပြောဆိုသော်လည်း ခေါင်းမာသော ကလေးငယ်သည် နားမထောင်ပဲ ဆိုကာမှပို၍သဲလာတတ်သည်။ အနာကိုကျက်စေ လို၍ဂါထာမန်းမှုတ်ရာတွင်လည်း ဂါထာမစွမ်းရုံသာမက မန်းမှုတ်ရင်းပင် အနာကပြဲ ထွက်လာသည်ဟုဆိုလိုသည်။ အကျိုးမပြီးစီးရုံသာမက ပို၍ပင် အခြေအနေဆိုးရွားလာ သည့်အခါတွင်ဖြစ်စေ၊ ပြောဆိုဟန့်တားပါမှ ပို၍အရွဲ့တိုက်ကာ ပိုမိုဆိုးသွမ်းသည့်အခါ တွင်ဖြစ်စေ သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
ဆံထုံးကောင်းမွန်စွာ ထုံးပေးတတ်သူထံသို့ ဆံထုံးထုံးခံရန် အမျိုးသမီးများလာ တတ်ကြသည်ဖြစ်ရာ ဆံထုံးထုံးပေးရသောသူသည် ဆံပင်များကို ရှင်းရာ၍ ဆီလိမ်း ပေးရသည်ဖြစ်သဖြင့် မိမိအတတ်နှင့်မိမိအိမ်မှ ဆီကိုစိုက်၍ ထုံးပေးလိုက်ရသည်ဟုဆို လိုသည်။ တစ်စုံတစ်ရာတတ်မြောက်ခြင်းဖြင့် ထိုသို့တတ်မြောက်သည့်အတွက် မိမိ၌ ထိခိုက်ပင်ပန်းခြင်းဖြစ်လာရသည့်အခါတွင်လည်းကောင်း၊ ဆံထုံးလည်းထုံးပေးရ၊ ဆီ လည်း စိုက်ပေးရ၊ စသည်ဖြင့် နှစ်ဖက်နှစ်သွယ်၊ နစ်နာမှုခံစားရသည့်အခါတွင်လည်း ကောင်းသုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
မောင်ရှင်သည် ဆွမ်းခံသွားရင်းနှင့်ပင် စိမ့်စမ်း မှက်ခြင်ပေါသော ရပ်ကွက်သို့ ပေါက်ရောက်မိရာမှ ငှက်ဖျားရောဂါသင့်ရောက်ရသည်ဟုဆိုလိုသည်။ အပြစ်ကင်းမဲ့ သော အလုပ်တစ်ခုကို လုပ်ရင်းပင် မမျှော်လင့်ပဲ အဖြစ်ဆိုး၊ အရှုံးအပြစ်ထင်လာရသည့် အခါမျိုးတွင် တမင်အသိဖြင့် ရည်ရွယ်ပြုလုပ်ခြင်းမဟုတ်ဘဲ အပြစ်သင့်ရောက်ရခြင်းကို ထင်ရှားစေရန် သုံးနှုန်းသည်။ ရည်ရွယ်ရင်းတစ်ခြား၊ အကျိုးသက်ရောက်မှုကတစ်ခြား ဟုဆိုလိုသည်။ အကြောင်းမဲ့ အပြစ်သင့်ရောက်ရသည့်အခါတွင်လည်း သုံးသည်။... (ဆက်ဖတ်ရန်)
ကျောင်းဆောက်၍ လှူသူသည်ကျောင်းဒကာဖြစ်ရမည်မှန်သော်လည်း ကျောင်း ဆောက်ဖြစ်မည် မဆောက်ဖြစ်မည်မှာ မသေချာသေးသဖြင့် ကျောင်းဒကာ ဖြစ်ရင်းမှာ မသေချာသေး။ ကျောင်းဆောက်ဖြစ်ပါမှ ကျောင်းဒကာဖြစ်မည်ဟုဆိုလိုသည်။ အကျိုး ကျေးဇူးရရေးမှာ ကြားလုပ်ငန်းတစ်ဆင့် အောင်မြင်ပါဦးမှ အလား အလာရှိမည့် အခြေအနေမျိုး၊ မသေချာသေးသည့် အခြေအနေမျိုးတွင်သုံးနှုန်းသည်။... (ဆက်ဖတ်ရန်)
ကျွမ်းကျင်သော ပန်းချီဆရာသည် အမှတ်မဲ့ ဆေးစက်ဖိတ်စင်ကျရာ၌ပင် အရုပ်ဖြစ်အောင် အလိုက်သင့် ပြုပြင်ဖန်တီးတတ်သည်ဟု ဆိုလိုသည်။ အခြေအနေ အရ ဟပ်စပ်အဆင်ပြေအောင် ကျင့်သုံးနိုင်သူ အခြေအနေအရပ်ရပ်တွင် ထူးချွန်နှံ့စပ် အောင် အကျိုးထုတ်ဖော်နိုင်သူများကို ချီးမွမ်းတင်စား၍ သုံးနှုန်းသည်။ အမှတ်မဲ့ဖိတ်ကျ သော ဆေးစက်သည်ပင်လျှင် အရုပ်ပုံသဏ္ဍာန်ဖြင့် ကျလေ့ရှိသည်ဟု လွန်ကဲချီးမွမ်း ခြင်းလည်းပြုတတ်ကြသည်။... (ဆက်ဖတ်ရန်)
ကွမ်းမစားတတ်သောသူသည် အလေ့အကျင့်မရှိဘဲနှင့် အတတ်စမ်း၍ ကွမ်းကို စားမိရာ ကွမ်းတစ်ခါစားရုံနှင့် ဆေးကလည်းမူးသေး ထုံးကလည်းပေါက်သေးနှင့် ဒုက္ခ နှစ်မျိုး၊ အမှုနှစ်မျိုးရောက်ရသည်ဟုဆိုလိုသည်။ မိမိမကျွမ်းကျင် မနိုင်နင်းသောအလုပ် မျိုးကို စွန့်စား၍မလုပ်သင့်ကြောင်း တားမြစ်၍ဆိုသည်။ အပြစ်တစ်ခုပြုလုပ်မိရာမှ နှစ်မှု သင့်ရောက်ရသည့်အခါမျိုးတွင်လည်း ခိုင်းနှိုင်းဆိုသည်။... (ဆက်ဖတ်ရန်)