ဝါးဆွေးကိုချွန်၍ မထက်
ဆွေးမြည့်နေသောဝါးသည် အသားမွ၍ ကျေပျက်လွယ်သောကြောင့် ထက်မြက် အောင် သွေးချွန်သော်လည်း ထက်နိုင်မည်မဟုတ်ဟုဆိုလိုသည်။ ပင်ကိုအရည်အသွေး ပြည့်တင်းခိုင်မာခြင်းမရှိသူအား ဖြစ်စေလိုသကဲ့သို့ ပြုပြင်သွန်သင်သော်လည်း မရနိုင်၊ မဖြစ်နိုင်ဟုဆိုလိုသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။