ဝါးလုံးခေါင်းထဲ လသာသည်
လသည် ကောင်းကင်အာကာယံ၌ ထွန်းလင်းဝင်းပသဖြင့် မြေပြန့်အရိပ်ကင်းရာ ၌ လရောင်သာ၍ လူအများကြည့်ရှုနှစ်သိမ့်ခြင်းဖြစ်ရပေရာ ၀ါးလုံးခေါင်းအတွင်း၌ လသာနေသောအခါတွင်ကား မည်သူမျှလည်း မကြည့်မြင်သာ မည်သို့မျှလည်းအကျိုး မပြုဟုဆိုလိုသည်။ အရာဌာနမဟုတ်သည့်နေရာ၌ ၀င့်ဝါအစွမ်းပြ၍နေခြင်းဖြင့် အကျိုး မရှိပုံကို ပေါ်လွင်စေလို၍ သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
ပုဆိုးခြုံထဲကလက်သီးပြ