ဝမ်းတစ်လုံးကောင်း ခေါင်းမခဲဘူး
အစာအိမ်က အစာကောင်းစွာ ချေချက်နိုင်ခြင်းမရှိခဲ့သော် ရောဂါဘယ အမျိုးမျိုး အထွေထွေ ဖြစ်ပွားတတ်ပေရာ အစာအိမ် ၀မ်းတစ်ခုက ကောင်းမွန်နေခဲ့လျှင် အခြား ရောဂါများကို မဆိုထားဘိ၊ ခေါင်းပင်လျှင် မကိုက်ခဲနိုင်ဟုဆိုလိုသည်။ အချက်အခြာ နေရာက ကောင်းမွန်လျှင် အခြားဆက်စပ်ရာ အစွယ်အပွားများပါ ကောင်းမွန်သည်ဟု ဖော်ပြရာ၌ သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။