ဝမ်းဆွဲမလိမ္မာ၊ ဓမ္မတာအပြစ်တင်
ဝမ်းဆွဲလက်သည်မကျွမ်းကျင်သဖြင့် သားဖွားခက်ခဲလျက် ရှိသောအခါတွင် ၀မ်းဆွဲက မိမိမကျွမ်းကျင်မှုကို အပြစ်မတင်ဘဲ ဓမ္မတာအတိုင်း သားဖွားမှု ခက်ခဲသည် ကိုသာ အပြစ်တင်၍ ပြောသည်ဟုဆိုလိုသည်။ မိမိချို့ယွင်းချက်ကို အပြစ်မမြင်ဘဲ အခြားအကြောင်းပြစရာကို အပြစ်လွှဲချတတ်ခြင်းကို ရှုတ်ချသည့်အနေဖြင့် သုံးနှုန်း သည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။