ဝမရှိဘဲ ၀ိလုပ်သည်

ဝိဟူသော စာလုံးကို ရေးလိုသောအခါ မူလအက္ခရာအတွက် ၀တစ်လုံးလုံးကြီး တင်အတွက် ၀တစ်လုံးစသည်ဖြင့် ၀လုံးလိုအပ်သည်ဖြစ်ရာ ၀မရှိဘဲနှင့် ထဆင်ထူးကို ထောင်၍ ၀ိအဖြစ်ကြံဖန်ပြုလုပ်သည်ဟု ဆိုလိုသည်။ နဂိုမူလက အရည်အချင်း၊ အစု အဆောင်းကိုယ်ပိုင်မရှိဘဲ သူတစ်ပါး၏ပစ္စည်းငှားဖြင့်ဖြစ်စေ၊ ၀င့်ကြွားသော အဆောင် အယောင်ဖြင့်ဖြစ်စေ ရှိသည်ထက်ပို၍ ဟန်ဆောင်ခြင်းကို ရှုတ်ချသောအားဖြင့် သုံးနှုန်း သည်။

1 Comment

  1. nwaythukha says:

    အိမ်မ၇ှိဘဲခွေးမွေးချင်

Any suggestions? Please leave it here