ဝင်ဝင်ချင်း ဆောက်နှင့်ထွင်း

သစ်သားပန်းလှီး ဖောက်ထွင်းထုသောလုပ်ငန်းကို လုပ်ကိုင်သူသည် အပေါက် ငယ်များကို ဖောက်ထွင်းရာ၌ စူးတန်နှင့်တန်ရာစူး၊ လွန်နှင့်ဦးစွာ လွန်သင့်ရာ၌ လွန်စ သည့်ဖြင့် အဆင့်ဆင့်ပြုလုပ်ဆောင်ရွက်ခြင်းမရှိဘဲ အစကတည်းက ဆောက်နှင့်ထွင်း သည်ဟုဆိုလိုသည်။ တဖြည်းဖြည်း တစစတိုးတက်လုပ်ရမည့်လုပ်ငန်းကို တစ်ဟုန် တည်း စတင်ခြင်း၊ စလျှင်စချင်း၊ ချို့ယွင်းမှု အပြစ်အနာများကို ဦးစွာပြုလုပ်မိခြင်း၊ အစဦးသိမ်မွေ့ရမည့်နေရာ၌ ကြမ်းတမ်းစွာ ဆက်ဆံခြင်းစသည်တို့တွင် သုံးနှုန်းသည်။

Any suggestions? Please leave it here