ဝဋ်အမြဲ ငရဲအပ (၀ိပါတ်အမြဲ ငရဲအပ)
ဒုစရိုက်မကောင်းမှု ပြုကျင့်သဖြင့် ငရဲသို့လားရမည့် အကုသိုလ်ကို ကောင်းမှု များစွာ ပြုလုပ်သော ကောင်းမှုအကျိုးကုသိုလ်က ကြီးမားသဖြင့် ငရဲသို့မကျအောင် ဖုံးကွယ်ချေဖျက်နိုင်စွမ်းသော်လည်း မကောင်းမှု၏ အကျိုးဆက်ကြောင့် နောင်ဘ၀များ ၌ အလားတူ အတုံ့အပြန် ခံရမှုမျိုးကိုမူကား ရှောင်ဖယ်၍မလွတ်ဘဲ ခံရမြဲဖြစ်သည်ဟု ဆိုလိုသည်။ (မြတ်စွာဘုရား၏ ၀ိပါတ်တော် ၁၂ ခန်းကို ညွှန်းသည်။) မကောင်းမှု၏ အကျိုးသည် တစ်နည်းမဟုတ်တစ်နည်း ထင်ကျန်မြဲဖြစ်သည်ဟု ဆိုလိုသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
ဝဋ်အမြဲ ငရဲအပ ဖြစ်ပါတယ်။
ဟုတ်ကဲ့ ကိုဟယ်ရီရေ .. စာအုပ်ထဲမှာတော့ ၀တ်လို့ပဲရေးထားတာတွေ့တယ်။ သူတို့ရဲ့ Typo အမှားပဲဖြစ်မယ်ထင်ပါတယ်။ ကျွန်တော်အကိုပြောတာကို ပြင်လိုက်ပါပြီ။ ကျေးဇူး။