အောက်ကလည်းနေသေး ဟာလည်းလည်းမလျှော့
နှစ်ယောက်သတ်ပုတ်ရာ၌ တစ်ယောက်သောသူသည် ရှုံးနိမ့်၍ အောက်ဘက်၌ ဖိသတ်ခြင်းခံနေရသော်လည်း နှုတ်မှမူ အလျော့မပေးဘဲ ကြိမ်းမောင်းဆဲဆို၍ နေသေး သည်ဟုဆိုလိုသည်။ မိမိမစွမ်းနိုင်သည့်တိုင်အောင် နှုတ်မလျော့သူကို ရှုတ်ချသောအား ဖြင့်သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။
i don’t understand ” ဟာလည်းလည်း ” ?
Please explain to me.
Thanks
what mean ” ဟာလည်းလည်း ” ?
ကဲဟာ ကဲဟာ သေစမ်းဟာ … အဲဒီလိုမျိုးလေ
ရှုံးမှန်းသိလျက်နဲ့ အရှုံးမပေးချင်တဲ့ပုံစံမျိုးပေါ့………..ဟုတ်လား
ဟာလည်းလည်း မဟုတ်လောက်ဘူးနဲ့တူတယ်ဗျ… ဟာ ** လည်း မလျှော့ ဆိုပြီး ယောကျာ်းလေးတန်ဆာနဲ့ တိုင်းထွာပြီး ဆဲတာမျိုးကို ပြောတာနဲ့တူတယ်.. ကျွန်တော်တော့ အဲ့လိုပဲ ပြောတာကြားဖူးတယ်.. အမှန်ကတော့ဘာလဲ မသိဘူးနော်…