အကြံတူ ရန်သူ
အကြံအစည်ရည်မှန်းချက်ခြင်း တူညီနေသောအခါ အချင်းချင်းတုပြိုင်၍ တစ်ယောက်ကိုတစ်ယောက် အသားယူရန် ၀န်တိုရန်ပြုလာတတ်သဖြင့် ရန်သူဖြစ် ရသည်ဟု ဆိုလိုသည်။ အကြံအစည်တူညီသူချင်းကို စိတ်ချ ယုံကြည်နိုင်စရာနည်းပါး ကြောင်းကို ပေးသည့်အနေဖြင့် သုံးနှုန်းသည်။