အပြောမတက် ဆဲသလို၊ အထိုင်မတတ်ဖြဲသလို
အပြောအဆိုမတတ်သဖြင့် ပြောသင့် မသင့်၊ သူတစ်ပါး ထိခိုက်မထိခိုက် မဆင်ခြင်ဘဲ ပြောဆိုမိသည့်အခါ ကြမ်းတမ်းစွာဆဲရေးသည်နှင့် မခြား တစ်ဖက်သားအား နာကြည်းစေ နိုင်၍ ဣနြေ္ဒရစွာ သိုသိပ်သပ်ရပ်အောင် အနေအထိုင်မတတ်သဖြင့် ထိုင်ချင်သလိုဒူး ထောင် ပေါင်ကားထိုင်သောအခါ အရှက်မဲ့ ကိုယ်အင်္ဂါကို မစောင့်စည်း မသိုသိပ်ရာသို့ ရောက်သည်ဟု ဆိုလိုသည်။ နည်းလမ်းလိုက်နာဖွယ်ကို သတိမထားသောကြောင့် မကောင်းသော စေတနာဖြင့် မကြံစည် မရည်ရွယ်ဘဲနှင့် အလွဲလွဲအမှားမှား ပြုမှုသိတတ် ပုံကို တင်စား၍ သုံးနှုန်းသည်။
စကားပုံစုစုပေါင်း 457 ခုအားထည့်သွင်းထားပြီးဖြစ်သည်။